* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, April 7, 2010

သာဓုခေါ်ကြပါတော့ မတ်လ နေ့ ဆွမ်းမှတ်တမ်း



မတ်လ နေ့ ဆွမ်း


စေတနာရှင် အလှူရှင်များ


၁။ ဖေဖ၀ါရီလ ၂၈ ရက် နေ့ မှ လက်ကျန် ဆွမ်း ဆွမ်းဟင်းများ

၂။ ဒေါ်စုံကြိုင်း ( ထိုင်း )မွေးနေ့  အိမ်မှာ ဆွမ်းပင့်ကပ်
၃။ လက်ကျန်လေး များ
၎။ မြန်မာ ဒကာ လေး ဂမိက ဒါန ခရီးသွား အလှူ
၅။ဒေါ်စုံကြိုင်း ( ထိုင်း )မိသားစု နှုင့်ကိုဆေးရှား ( ပီရူး)
၆။လုယာမော ( ထိုင်း ) စားသောက်ဆိုင် မိသားစု
၇။ သီရိလင်္ကာ မိသားစု
၈။သီရိလင်္ကာ မိသားစုရဲ့ လက်ကျန်လေးများ
၉။ ဒေါ်နာတကံ နှင့် ဒေါ်ပန် ( ထိုင်း ) မိသားစု
၁၀။ လက်ကျန်လေးများ
၁၁။မြန်မာ ဆမ် မိသားစု
၁၂။ ဒေါ်စုံကြိုင်း ( ထိုင်း )မိသားစု နှုင့်ကိုဆေးရှား ( ပီရူး)
၁၃။လုယာမော ( ထိုင်း ) စားသောက်ဆိုင် မိသားစု
၁၄။ ဒေါ်မယ်လိဝံ ( ထိုင်း ) မိသားစု
၁၅။ မစ်ကရိုင်း ( ကူချိုင်း ခေါ် ကူပွန် ) ဖြင့် ဆိုင်သွားအလှူခံ
၁၆။မစ်ကရိုင်း ( ကူချိုင်း ခေါ် ကူပွန် ) ဖြင့် ဆိုင်သွားအလှူခံ
၁၇။ ဒေါ်ပန် ( ထိုင်း ) မိသားစု
၁၈။မြန်မာ ဆမ် မိသားစု
၁၉။ဒေါ်စုံကြိုင်း ( ထိုင်း )မိသားစု နှုင့်ကိုဆေးရှား ( ပီရူး)၊ ဒေါ်နာတကံ (ထိုင်း)
၂၀။လုယာမော ( ထိုင်း ) စားသောက်ဆိုင် မိသားစု
၂၁။ ဒေါ်နိလာမိ ( သီရိလင်္ကာ ) မိသားစု
၂၂။လက်ကျန်လေးများ
၂၃။လက်ကျန်လေးများ
၂၄။ဒေါ်ပန် ( ထိုင်း ) ဦးသရဏ ( ထိုင်း)
၂၅။မြန်မာ ဆမ် မိသားစု
၂၆။ ဒေါ်စုံကြိုင်း ( ထိုင်း )၊ သူ့ သူငယ်ချင်းများ ။ ကိုဆေးရှား ( ပီရူး)
၂၇။လုယာမော ( ထိုင်း ) စားသောက်ဆိုင် မိသားစု
၂၈။ဒေါ်နိလာမိ ( သီရိလင်္ကာ ) မိသားစု
၂၉။ လက်ကျန်လေးများ
၃၀။ ကို ဆေးရှား ( ပီရူး)၊ နွမ်းဘက် ( ထိုင်း) မိသားစု
၃၁။ဒေါ်စုံကြိုင်း ( ထိုင်း )မိသားစု


ယခု လ တစ်လလုံး ယမဒစံ ( ဂျပန် ) ဒါယကာ က အရုဏ် အတွက် ၊
နေ့ဆွမ်း အတွက် ကပ္ပိယ ကာရက ပြုလုပ်ပေးပါတယ်။


ဥရောပ မှာ သမုဒ္ဒရာ ၀မ်းတစ်ထွာ

သမုဒ္ဒရာ ၀မ်းတစ်ထွာမို့ တော်ရဲ့ ။ နှစ်ထွာ တစ်တောင် သာရှိရင် အကျန်လေးများတောင် ကျန်ပါ့မလား။ မချောင်ဘူးဗျ။ ကိုယ်နေတဲ့ မြို့ နဲ့  မြို့ ဝန်းကျင်မှာ ရွှေက ရှားပါဘိ။ ရှားပါတယ် ဆိုမှ မအားကြတဲ့ သူက များသား။ ရွှေရှားတဲ့ ကြားက အခြားဘာသာ ရွှေတွေ ပါသေးကြောင်း ဒကာ လေးက ပြောရဲ့ ။

သာသနာက ပစ်မထားလို့ ။ ကံကြမ္မာက လစ်မသွားလို့  တော်သေးရဲ့ ။

ညီမ (နာ့စ်) ဖြစ်သူက ပြောရဲ့ ။ ဥူးဇင်း သတိထားဦး ၊ ဗိုက်နာမယ်၊ ၀မ်းလျှောလိမ့်မယ် တဲ့။ အကျန်တွေ ဘုဉ်းတာ များရင်။ ခုတော့ ကျင့်သားရပါပီကွယ်။ ဥရောပ ဆိုတော့လည်း ကိုယ့် ဌာနေ က ဒကာ ဒကာမတွေ လို ဒါ မစားချင်ဘူး ၊ ဟို ဟာ မစားချင်ဘူး ။ ချိုသလေး ခါးသလေး ။ အအေး အပူ ညည်းလို့ မှ မရဘဲ၊ ဆွမ်း၊ ပေါင်မုန့် ဘာကိုမှ ရွေးလို့  မရဘဲ ကွယ်။

ခုတော့ မထူးတော့ပါဘူး။ သဗ္ဗေ သတ္တာ အာဟာရဋ္ဌိတိကာ - ဥရောပ ကိုယ်တော်လေးတို့ သည် ၊ အရင်နေ့ မှ အကျန်နှင့် လည်း တည်နိုင်ကုန်၏။ အသက်ရှင် နိုင်ကြပါတယ် တဲ့ ဗျား။


မှတ်ချက်။ ။ လက်ယားတာနဲ့ ပဲ ဆွမ်း အလှူရှင်များနဲ့ အတူ သမုဒ္ဒရာ ၀မ်းတစ်ထွာ ကို ဖတ်စရာ အဖြစ် ရေးလိုက်ပါတယ်။ အချိန်ရသလို ကြိုးစားပြီး ကိုယ်သိတာလေးများ တွေ့ ကြုံတာလေးများ ရေးသားသွားပါမယ်။
မြတ်ရောင်နီ
(၀၆၊၀၄၊၂၀၁၀)


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP