လယ်တီဆရာတော်ဘုရားကြီး၏ "ဂမ္ဘီရကဗျာကျမ်း" မှ ကောက်နှုတ်ချက်များ
လယ်တီဆရာတော်ဘုရားကြီး၏ "ဂမ္ဘီရကဗျာကျမ်း" မှ ကောက်နှုတ်ချက်များ
*****************
ခုနစ်နေ့ ဗုဒ္ဓဝင်ဘုရားရှိခိုးနှင့် ဆုတောင်းအမျိုးမျိုး
ကြာသပတေးနေ့ ပဋိသန္ဓေယူ
၁။ သုံးလူ့ရှင်ပင်၊ ကျွန့်ထိပ်တင်။ ။သောင်းခွင် စကြဝဠာ၊ နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊ တောင်းပန် မှုကြောင့်၊ ရတု နဂို၊ ရွှန်းရွှန်းစိုသည်၊ ဝါဆိုလပြည့်၊ ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ကြည်ဖြူ၊ သန္ဓေယူ သည်။ ။နတ်လူငြိမ်းဘို့ ကိန်းပါကို။ ။
သောကြာနေ့ ဖွားမြင်
၂။ သန္ဓေယူကာ၊ ဆယ်လကြာသော်၊ မဟာသက္ကရာဇ်၊ ခြောက်ဆဲ့ရှစ်ကြုံ၊ ကဆုန်လပြည့်၊ သောကြာနေ့ဝယ်၊ ချမ်းမြေ့စုံစီ၊ လုမ္ဗိနီ၌၊ မဟီလှိုက်ဆူ၊ ဖွားတော်မူသည်။ ။ နတ် လူအောင်မြို့ လမ်းပါကို။ ။တနင်္လာနေ့ တောထွက်
၃။ ဖွားမြင်မြောက်သော်၊ ဆယ့်ခြောက်နှစ်ရွယ်၊ ပျိုနုနယ်၌၊ သုံးသွယ်ရွှေနန်း၊ သိမ်းမြန်းပြီးလစ်၊ ဆဲ့သုံးနနှစ်လျှင်၊ ဘုန်းသစ်လျှံလူ၊ စံတော်မူ၍၊ ရွယ်မူနုဖြိုး၊ နှစ်ဆယ့်ကိုးဝယ်၊ လေးမျိုးနိမိတ်၊ နတ်ပြ ဟိတ်ကြောင့်၊ ရွှေစိတ်ငြင်ငြို၊ သံဝေပိုက၊ ဝါဆိုလပြည့်၊ ကျားမင်းနေ့ဝယ်၊ ချမ်းမြေ့ရဂုံ၊ တောရပ် လှုံသည်။ ။ စုံမြိုင်ပင်ရိပ် ခမ်းမှာကို။ ။
ဗုဒ္ဓဟူးနေ့ ဘုရားဖြစ်
၎။ တောရပ်မြိုင်ပေါ်၊ ခြောက်နှစ်ပျော်၍၊ ခါတော်တဖုံ၊ ပွင့်ချိန်ကြုံက၊ ကဆုံလပြည့်၊ ဆင်မင်းနေ့ ဝယ်၊ မြေ့ ပရမေ၊ ပလ္လင်ဘွေထက်၊ ရွှေညောင်တော်ကြီး၊ ဗိတာန်ထီးနှင့်၊ မငြီးကြည်ဖြူ၊ နေတော်မူလျက်၊ ရန်မြူ ခပင်း၊ အမိုက်သင်းကို၊ အရှင်းပယ်ဖျောက်၊ အလင်းပေါက်က၊ ထွန်းတောက် ဘုန်းတော်၊ သောင်းလုံး ကျော်သည်။ ။ သုံးဘော်လူတို့ ငြမ်းပါကို။ ။
စနေနေ့ ဓမ္မစကြာဟော
၅။ ဘုရားဖြစ်ခါ၊ မိဂဒါသို့၊ စကြာရွှေဘွား၊ ဖြန့်ချီသွား၍၊ ငါးပါးဝဂ္ဂီ၊ စုံအညီနှင့်၊ မဟီတသောင်း၊ တိုက် အပေါင်းမှ၊ ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား၊ ဝါဆိုလပြည့်၊ စနေနေ့ဝယ်၊ ကြွေ့ကြွေ့ လျှံတက်၊ ဓမ္မစက်ကို၊ မိန့်မြွက် ထွေပြား၊ ဟောဖော်ကြားသည်။ ။ တရားနတ်စည် ရွမ်းတယ်ကို။ ။
အင်္ဂါနေ့ ပရိနိဗ္ဗာန်စံ
၆။ တရားနတ်စည်၊ ဆော်ရွမ်းလည်က၊ သုံးမည်ဘုံသိုက်၊ တသောင်းတိုက်ဝယ်၊ ကျွတ်ထိုက်သသူ၊ နတ် လူ ဗြဟ္မာ၊ သတ္တဝါကို၊ ခေမာသောင်သို့၊ ဖောင်ကူးတို့ဖြင့်၊ ဆောင်ပို့ပြီးခါ၊ ဝါ လေးဆယ့်ငါး၊ သက်ကား ရှစ်ဆယ်၊ စုံပြည့်ကြွယ်က၊ ရာလေးဆယ့်ရှစ်၊ သက္ကရာဇ်ဝယ်၊ နယ်မလ္လာတိုင်း၊ စံနှိုင်း မယုတ်၊ ကုသိန္နာရုံ၊ အင်းကြင်းစုံ၌၊ ကဆုန်လပြည့်၊ အင်္ဂါနေ့ဝယ်၊ ချမ်းမြေ့နိဗ္ဗူ၊ စံတော်မူသည်။ ။ ဝှန်းဆူသောင်းလုံး ကျော်တယ်ကို။ ။
တနင်္ဂနွေနေ့ တေဇောဓာတ်လောင်
၇။ နိဗ္ဗူစံပြီ၊ ရှုမအီသား၊ သိင်္ဂီရွေလှော်၊ အလောင်းတော်ကို၊ ထိုရော်ကဆုန်၊ လဆုပ်ကြုံ၍၊ ဂဠုန်နေ့ ဝယ်၊ ခိုးငွေ့ မနှော၊ ဓာတ်တေဇောလျှင်၊ ရှင်စော ဉာဏ်စက်၊ ဓိဋ္ဌာန်ချက်ဖြင့်၊ လျှံတက်ကော်ရော်၊ မီးပူဇော်သည်။ ။မွေတော် ရှစ်စိတ် ကြွင်းတယ်ကို။ ။
ဆုတောင်း
- ထိုခုနစ်နေ့၊ သာချမ်းမြေ့ကို၊ ဆွေ့ဆွေ့ကြည်ဖြူ၊ အာရုံယူလျက်၊ သုံးလူတို့နတ်၊ မြတ်ထက် မြတ်သား၊ ကိုယ်တော်ဖြားကို၊ သုံးပါးမွန်စွာ၊ ဝန္ဒနာနှင့်၊ သဒ္ဓါဖြိုးဖြိုး၊ ကျွန်ရှိခိုးသည်။ ။ ကောင်းကျိုးခပ်သိမ်း ကြွယ်စေသောဝ်။
- အဆုံးဘဝ၊ တိုင်ပြန်ကလည်း၊ ပညာ့အရာ၊ ဘိဓမ္မာနှင့်၊ ကြေညာကျော်ကြား၊ လူအများကို၊ တရား စည်ကြီး၊ ခြိမ့်ခြိမ့်တီး၍၊ မီးဆယ့်တစ်တန်၊ ငြိမ်းရာမှန်သည်။ ။ နိဗ္ဗာန်အောင်မြို့ ရောက်စေသောဝ်။
- သုံးလူ့ထွတ်ထား၊ မြတ်တရားနှင့်၊ ရှစ်ပါးသံဃာ၊ ရတနာကို၊ သဒ္ဓါရိုကြိုး၊ လက်စုံမိုး၍၊ ရှိခိုးပါရ၊ ဤပုည ကြောင့် ဒိဋ္ဌမျက်မြင်၊ ဘဝတွင်လည်း၊ ကင်းစင်အန္တရာယ်၊ ကောင်းကျိုးကြွယ်လျက်၊ ဆယ်ဖြာ အညီ၊ ပါရမီနှင့်၊ ဆယ်လီပုည၊ မြတ်ဓမ္မလည်း၊ နိစ္စရွှင်ဖြိုး၊ နေ့စဉ်တိုးသည်။ ။သက်ဇိုဝ်းကြာမြင့် ရှည်စေသောဝ်။
- ဘဝတစ်ဖန်၊ ဖြစ်တုံပြန်လည်း၊ လေးတန်အပါယ်၊ ရှစ်သွယ်ရပ်ပြစ်၊ ကင်းတုံလစ်၍၊ ရှင်ချစ်မြတ်စွာ၊ သာသနာလျှင်၊ ရောင်ဝါထိန်ဝင်း၊ လင်းရာတမူ၊ လူကောင်း နတ်ကောင်း၊ ဘဝကောင်း၌၊ ညွတ်ညောင်း သန္ဓေ၊ တိဟိတ်နေ၍၊ ဆွေလယ် မျိုးလယ်၊ တန်ခိုးကြွယ်သည်။ ။ လ နှယ် ထွန်းတင့်ပါစေသောဝ်။
- အသိအလိမ္မာ၊ ဉာဏ်ပညာနှင့်၊ သဒ္ဓါသီလ၊ သုတပြည့်ဖြိုး၊ ဂုဏ်တန်ခိုးလည်း၊ အမျိုးလေးဖော်၊ သတင်း ကျော်လျက်၊ သူတော်တို့ထုံး၊ ကျင့်သုံးတရား၊ အမှားမလိုက်၊ စရိုက် စင်ဖြူ၊ အလှူရေစက်၊ လက်နှင့် မကွာ၊ ရှစ်ဖြာဥပုသ်၊ မယုတ်ကြိုးစား၊ လေးပါးဗြဟ္မစိုရ်၊ ရွှန်းရွန်းစိုသည်။ ။ ကုသိုလ်ကိုယ်လုံး ထုံစေသောဝ်။
- ပတ္တမြားပလ္လင်၊ ကံ့ကော်ပင်ဝယ်၊ ငါးအင်းမာရ်စစ်၊ အောင်ပွဲလှစ်၍၊ ခေတ်ဇာတိလုံး၊ သိမ့်သိမ့် ချုံးလျက်၊ ရွေဘုန်း စိုက်ထူ၊ ပွင့်တော်မူသား၊ သုံးလူ့သခင်၊ မိတေးရှင်ကို၊ မျက်မြင်ဖူး၍၊ အထူးကြည်ညို၊ ဘုန်းရိပ် ခိုသည်။ ။မဂ် ဖိုလ် နိဗ္ဗာန်ရောက်စေသောဝ်။အမျှဝေ
- သုံးလူ့ထွဋ်ထား၊ မြတ်တရားနှင့်၊ ရှစ်ပါး သံဃာ၊ အရိယာအား၊ ရတနာမိုဃ်း၊ ရွာသွန်းဖြိုးသို့၊ ကိုးပါး ခြောက်စုံ၊ ကိုးရပ်ဂုဏ်ကို၊ အာဂုံ ချီးကြူး၊ နှုတ်လျှာမြူး၍၊ ကြည်နူးဆွဆွ၊ ရှစ်ခိုးရသည့်၊ ပုညကုသိုလ်၊ အဘို့ကိုလျှင်၊ မွေးမိခင်နှင့်၊ ဖခင် ဆရာ၊ ဉာတကာက၊ သတ္တဝါအများ၊ နတ်တို့အားလည်း၊ ရငြားပါစေ၊ မျှပေးဝေသည်။ ကောင်းထွေသာဓု ခေါ်စေသောဝ်။သတ္တဋ္ဌာန ဘုရားရှိခိုးပလ္လင်္က သတ္တာဟ စံတော်မူပုံဘုန်းရောင်ထွန်းထိန်၊ စောမုနိန်။ ။ ပညိနြေ္ဒ၊ ချွေရာမှန်ဘိ၊ ဗောဓိကြငှန်း၊ ရွှေညောင်နန်းဝယ်၊ ထူးဆန်း အံ့လောက်၊ မြေမှပေါက်သား၊ ရောင်တောက်မာရ်နှင်၊ ရွှေပလ္လင်ထက်၊ သဗ္ဗညုတ၊ ဉာဏ်ကိုရပြီး၊ သတ္တာဟရက်၊ ဖွဲ့ခွေ လျက်ပင်၊ ငြိမ်သက်တင့်တယ်၊ သုံးစမ္ပယ်သည်။ ။ ဘုန်းကြွယ်လက်ဦး ဘွယ်ပေကိုး။
အနိမိသ သတ္တာဟ စံတော်မူပုံနှစ်ကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ မာရပယ်လှန်၊ ပလ္လင်ပျံမှ၊ ဧသန်တူရူ၊ ရပ်တော်မူလျက်၊ ကြည်ဖြူ ငြိမ်းချမ်း၊ ပလ္လင်နန်းကို၊ ဖြောင့်တမ်း စက္ခု၊ စိမ်းစိမ်းရှုလျက်၊ သုံးလူ့ရှင်ပင်၊ ပျော်စံရွှင်သည်။ ။ကြည်လင် ညွတ်နူး ဘွယ်ပေကိုး။
စင်္ကမ သတ္တာဟ စံတော်မူနေပုံသုံးကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ ဗောဓိပင်မ၊ှ မြောက်ခွင် ဥတ္တရာ၊ စင်္ကြသာ၌၊ လူးလာ တုံ့ခေါက်၊ ကြွချီ လျှောက်၍၊ ဘုန်းတောက်ဘုရား၊ ပျော်စံစားသည်။ ။တရားဆင်ခြင် လျက်ပေကို။
ရတနာဃရ သတ္တာဟ စံတော်မူနေပုံလေးကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ ဗောဓိပင်နှင်၊့ ပလ္လင်ထွန်းတောက်၊ အနောက်မြောက်ဝယ်၊ အံ့လောက် ဘွယ်ရာ၊ ရတနာရိပ်ငြိမ်၊ စံရွှေအိမ်၌၊ ကြိမ်ကြိမ်ဘန်ခါ၊ ဘိဓမ္မာကို၊ မဟာဉာဏ၊ သာဂရဖြင့်၊ ဗုဒ္ဓရှင်ပင်၊ သုံးဆင်ခြင်ညည်။ ။ ရောင်ရှင်ခြောက်ဖြာ ညီးလို့ကို။အဇပါလ သတ္တာဟ စံတော်မူပုံငါးကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ ဗောဓိပင်မှ ရှေ့ခွင်ပြုဗ္ဗာ၊ ရပ်ဒိသာဝယ် ကြီးစွာမြင့်ခေါင်၊ ဆိတ်ကျောင်း ညောင်၌၊ ဘုန်းခေါင် ပရမေ၊ စမ္ပာယ်နေသည်။ ။ ရိုသေမြတ်နိုး ဘွယ်ပေကိုး။မုစလိန္ဒ သတ္တာဟ စံတော်မူနေပုံခြောက်ကြိမ်မြောက်ထ၊ သတ္တာဟတွင်၊ ပလ္လင်ရွှေညောင်၊ အရှေ့တောင်၌၊ မြရောင်လိုလို၊ ရေညို ပြည့်လျှမ်း ၊ ကြာပန်း ညွတ်ရုံ။ ပန်းမျိုးစုံသည်၊ မုဉ္စလိန္ဒာ၊ အိုင်သာဖြန့်ကျင်း၊ ကျည်းပင်ရင်းဝယ်၊ သနင်းလူ့ဆွေ၊ စမ္ပာယ် နေသော်၊ မိုး လေ ထန်ပြင်း၊ သွန်းချခြင်းကြောင့်၊ မြွေမင်းရန်ဟန့်၊ ပါးပျဉ်းဖြန့်လျက်၊ ချီးအံ့တန်ခိုး၊ ဆောင်းကာ မိုးသည်။ ။ ရှေးရိုးသမ္ဘာတော်ကြောင့်ကိုး။
ရာဇာယတန သတ္တာဟ စံတော်မူနေပုံခါသတ္တမ၊ သတ္တာဟတွင်၊ ဗောဓိပင်မှ၊ တောင်ပြင်လက်ျာ၊ မြေမျက်နှာဝယ်၊ ရာဇာယတန၊ မည်ရခေါ်တွင်၊ လင်းလွန်း ပင်၌၊ သဗ္ဗညုဖျား၊ ပျော်စံစားသည်။ ။ ကြီးမား ဥာဏ်တော် ဘွင့်လို့ကို။
ထိုခုနှစ်ပါး၊ အရပ်မျုားကို၊ ရှေ့သွားသဒ္ဓါ၊ ကြည်ညိုစွာလျှင်၊ ဝန္ဒနာမာန၊ ဂါရဝဖြင့်၊ ဦးချညွတ်ကျိုး၊ ကျွန်ရှိခိုးသည်။ ကောင်းကျိုး ခပ်သိမ်း၊ ပြည့်စေ့သောဝ်။သတ္တဋ္ဌာန ဘုရားရှိခိုး ပြီး၏(ဂမ္ဘီရကဗျာကျမ်း၊ စာ၊ ၅၊ ၆။)


0 comments:
Post a Comment