* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, March 26, 2010

လိုက်နာကျင့်သုံးဖြစ်သော ........ (၃)


ကိုပါရဂူတို့လုပ်လိုက်ရင် တိုးလို့တန်းလန်းတဲ့။ ကိုးယိုကားယားဖြစ်ချင်တယ်လို့ ပြောချင်တယ်လို့ထင်ပ။

ခေတ်နဲ့အညီ မွေးလာတဲ့သူတွေဆိုတော့လည်း ဒီအတိုင်းပဲ ဖြစ်လာသလားမသိပါဘူး။ ရှေ့ကလူ လုပ်ခဲ့တာ ကို နောက်ကလူက အနေအထားအရ ရေတိုစီမံကိန်းတွေပဲ လုပ်နေကျတာလေ။ သူလုပ်ခဲ့တာ ငါမလုပ်ဘူး ဆိုတဲ့ အယူအဆတွေက လွှမ်းမိုးတဲ့ စိတ်တွေများလွန်းတော့ ဒီလောက်တော့ရှိမှာပေါ့လို့ တွေးမိသား။

ဘ၀နဲ့ ပတ်သက်ပြီးပဲ ပြောပြော၊ ဒေသတခု၊ နိုင်ငံတစ်ခု အားလုံးခြုံပြီး ပြောရရင် ရေတို ရေရှည် စီမံကိန်းဟာ ရှိသင့်ရှိထိုက်တဲ့ သဘောတရားပါ၊ စိတ်နေစိတ်ထားပါ။ လုပ်ပိုင်ခွင့် ရှိတဲ့အနေအထားမှာ ငါ့သမိုင်း ငါရေးတာ မှန်ပေမယ့် ငါလုပ်ခဲ့သလောက် ကျန်ခဲ့တာ ကျန်ခဲ့မှာလားဆိုတာ ကိုယ်ပိုင်အသိစိတ်ဓါတ်နဲ့ ထားရှိခဲ့ရမယ့် သဘောတရားပါ။ ပြီးအောင်တော့ ပြောခဲ့ ရေးခဲ့မှာပါ။ 

မြန်မာလိုတော့ ရေတဲ့။ တတ်ကျွမ်းတဲ့သူတွေက water ပေါ့။ တနည်းပြောမယ်ဆိုရင် ပါနီပေါ့။ အရေးကြီးတာ က သောက်လို့ကောင်းမယ့် သန့်ရှင်းတဲ့ အာပေါဓါတ်ကိုပါ။

ရွှေဟင်္သာဆရာတော်ကြီးကတော့ ဆီးတခါသွားပြီးရင် ရေတခါ ပြန်သောက်တဲ့။ ဒါ လိုက်နာကျင့်သုံးမိတဲ့ ကျန်းမာရေးလမ်းညွှန်ပါ။ ခုအချိန်အထိတော့ ဆီးနဲ့ပတ်သက်တဲ့ရောဂါ မခံစားသေးပါဘူး။ အထိုင်များတဲ့သူ များ၊ အကို အမ ညီ ညီမဘလော့ဘ်ဂါများ လုပ်သင့်လုပ်ထိုက်တဲ့ လမ်းညွှန်ပါ။

နောက် ရေနဲ့ပတ်သက်ပြီး လိုက်နာကျင့်သုံးနေတာကတော့ မနက်ဆိုရင် မျက်နှာကို အရင်သစ်ပါ တယ်။ ပြီးမှ သွားတိုက်ပါတယ်။ ပြီးရင် ရေအ၀သောက်ပါတယ်။ မျက်နှာအရင်သစ်ရတာက တညလုံးရှိထားတဲ့ အပူတွေ က ရေထိတဲ့နေရာကို တန်းလာပါတယ်။ သွားအရင်တိုက်လိုက်ရင် အပူ အထိများလာတော့ သွားနာ သွား ကိုက်ဖြစ်လာမယ်။ အကောင်းဆုံးကတော့ အပူများလွန်းရင် ဒူးအောက်ကို ရေအရင်လောင်း ပြီးမှ မျက်နှာ သစ်၊ သွားတိုက်လုပ်တာအကောင်းဆုံးပါ။ ဘယ်လောက်ခေတ်မီတယ်ပြောပြော ကိုယ့်ခန္ဓာက မလိုက်နိုင်ဘူး ဆိုရင် ခေတ်မီတာတွေလည်း နှမြောစရာပါ။ သိပ္ပံနည်းကျမှ ဆိုရင်တော့ ကိုယ့်ခန္ဓာကိုယ်လောက် နည်းကျ တာမရှိပါဘူး။ 

ကျန်းမာဖို့ဆိုတာကတော့ ဘုရားဟော ပဋ္ဌာန်းဒေသနာကတော့
ဥတုဘောဇနမ္ပိ ဥပနိဿယပစ္စယေန ပစ္စယော။




0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP