* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, March 26, 2010

ပြန်လည် ရှင်သန်လာသော နောက်ပြန်တိုးရွာ။


သင်္ဘောဦးဝယ် မုန်တိုင်းခံဒေသများဆီသို့ ကြွရောက်စဉ်

နောက်ပြန်တိုးကျေးရွာ

နောက်ပြန်တိုးကျေးရွာလေးကတော့ ဒေးဒရဲမြို့နယ်တွင် တည်ရှိပါသည်။ နာဂစ်ဒဏ်ကြောင့် စာသင်ကျောင်းပျောက်သွားခဲ့တယ်။ ယခုအရာ သီတဂူဆရာတော်ကြီးနှင့် တပည့်ဒကာဒကာမများက အုဌ်တိုက်စာသင်ကျောင်း သွပ်မိုးဖြင့် ခိုင်ခိုင်မာမာ တည်ဆောက်လှူဒါန်းခဲ့တယ်။ ယခုအခါ နောက်ပြန်တိုးကျေးရွာလေးသည် ပြန်လည်ရှည်သန်လာကာ ပုံမှန်လည်ပတ်နေပါပြီ။


ဆရာတော်ကြီးနှင့် အတူ ဆရာဆရာမများ၊ ရွာသူရွာသားများ တပျော်တပါး

သီတဂူဆရာတော်ကြီး လူခဲ့သော စာသင်ကျောင်းများသည် မိုးဒဏ် လေဒဏ်ခံနိုင်အောင် ခိုင်ခိုင်မာမာ တည်ဆောက်ထားသော အုဌ်တိုက်ကျောင်းများသာဖြစ်ပါသည်။ နာဂစ်မုန်တိုင်းကြောင့် စာသင်ကျောင်းများစွာ ပျက်စီးသွားခဲ့ရသဖြင့် ကျောင်းသား ကျောင်းသူများ စာသင်ခွင့်ရဘို့ ခက်ခဲနေပါသည်။ ထိုအခက်အခဲတွေကို သီတဂူဆရာတော်ကြီး ဦးဆောင်မှုဖြင့် ပြည်သူတွေကပဲ ပြန်လည်တည်ဆောက် လှူဒါန်းနိုင်ခဲ့ခြင်းကြောင့် စာသင်ကျောင်းများစွာ ပြန်လည်အသက်ဝင် လှုပ်ရှားနိုင်ခဲ့သည်။

ဆရာတော်ကြီးက သူငယ်တန်းကျောင်းသူလေးအား မေးနေသည်။


မိုးဒဏ် လေဒဏ်ကို မမှု၊ ခရီးကြမ်းကို အံတု၊ ပြည်သူတွေရဲ့ အခက်ခဲကို ကူညီ

ကျောင်းအုပ်ဆရာမကြီးအား တရင်းတနီးနုတ်ဆက်စကားပြော

နာဂစ်အလှူတော်များ အလျင်းသင့်သလို တင်ပြသွားပါမည်။

သီတဂူစတား
၂၆-၃-၂၀၁၀







0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP