* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, March 26, 2010

တစ်မိုင် ပို သွားပါ။

" ဘဝမှာ သူများထက်ပိုပြီးရှေ့ ကိုရောက်ချင်သလား၊ တစ်မိုင်ပိုသွားပါ "
(If you want to get ahead in life, go an extra mile) ဆိုတဲ့ ဆိုရိုးစကားရှိပါတယ်။
ဆိုလိုတာက သူများထက်သာချင်လျှင်သူများထက် ပိုပြီးအလုပ်လုပ်ပါ။
ကောင်းကွက်က အဲဒီမိုင်ပိုထဲမှာ ပြိုင်စရာလူမရှိတတ်ဘူး။
လူအများစုဟာ ပေးထားတဲ့လခနဲ့ တန်ရုံပဲ အလုပ်လုပ်မယ်ဆိုတဲ့ စိတ်ထားရှိကြတယ်။
တချို့ ကြတော့ လခနဲ့ တန်အောင်တောင်မလုပ်တော့ဘဲ အချိန်ရရ ဘာရရ ခိုးကြ ခိုကြတယ်။
အလုပ်ကိုမပြုတ်ရုံလေး ထိန်းလုပ်နေတဲ့သူတွေလည်း တွေ့ဖူးပါလိမ့်မယ်။
မိုင်ပိုသွားတဲ့လူ ရှားပါတယ်။
ဒါကြောင့်လည်း မိုင်ပိုသွားတဲ့လူတွေဟာ ပြိုင်ဘက်နည်းနည်းလာပြီး
ရှေ့ဆုံးကို ရောက်သွားကြတာပါ။
ကိုယ်ရတာထက်ပိုပြီး ပြန်ပေးလေ့ရှိသူတွေ ရတတ်တဲ့ အကျိုးထူးတွေရှိပါတယ်။
(က) သင် ဘယ်မှာပဲလုပ်လုပ်၊ ဘာကိုပဲလုပ်လုပ် အလုပ်ခွင်တိုင်းက
သင်လိုလူကို တန်ဖိုးထားကြတယ်။
(ခ) လုပ်နေရတဲ့အလုပ်ကို ပိုကျွမ်းကျင်လာပြီးတော့
ကိုယ့်ကိုယ်ကိုယုံကြည်မှူကို တိုးတက်စေတယ်။
(ဂ) လူတွေက အလိုလို ခေါင်းဆောင်တင်ချင်လာမယ်။
(ဃ) လူတွေရဲ့  ယုံကြည်မှုကို ရလာမယ်။
(င) အထက်လူကြီးတွေရဲ့  အထင်ကြီးလေးစားခြင်းကို ရလာမယ်။
(စ) ထာဝစဉ် လက်တွဲလိုတဲ့ လုပ်ဖော်ကိုင်ဖက်တွေများလာမယ်။
(ဆ) ကူညီလိုသူတွေ ပေါလာမယ်။
ကိုယ့်အသိနဲ့ ကိုယ် မိုင်ပိုလျှောက်နေသူ၊
ကြီးကြပ်သူမရှိလည်း အားသွန်ခွန်စိုက် ကြိုးစားပမ်းစားအလုပ်လုပ်နေသူ၊
အချိန်မှန်အလုပ်လာတက်သူ၊
သူတစ်ပါးကို ထောက်ထားညှာတာသူ၊
ပြောတာကို သေသေချာချာနားထောင်ပြီး အတိအကျ အကောင်အထည်ဖော်ပေးသူ၊ မုသားမပြောတက်သူ၊
အရေးကြီးလျှင် လက်မရှောင်ဘဲ အချိန်မရွေး အလုပ်လုပ်ပေးသူ၊
ပင်ပန်းမှုကို မမှုဘဲ ရလဒ်ကိုပဲကြည့်သူ၊
ပင်ပန်းတဲ့ကြားက စကားချိုသာပြုံးရွှင်စွာ ယဉ်ကျေးသူ၊
ဒီလိုလူတွေကို နေရာတိုင်းကလိုချင်ပါတယ်။
အတွေ့ အကြုံတွေ၊ ဘွဲ့ ဒီဂရီတွေဟာ
အထက်ပါအရည်အချင်းတွေလောက် အရေးမကြီးပါဘူး။
value-added (တန်ဖိုးပေါင်း ထည့်ထားသော) ဆိုတဲ့စကားလုံးတစ်ခု
ဒီနေ့ ခေတ်မှာခေတ်စားပါတယ်။
(စေတနာ အပိုဆောင်းထားသော) လို့  ကျွန်တော်က ဆိုချင်ပါတယ်။
မိဘအတွက်၊ သားသမီးအတွက်၊ ဇနီးအတွက်၊ ခင်ပွန်းအတွက်၊ မိတ်ဆွေအတွက်၊
ဆရာအတွက်၊ တပည့်အတွက်၊
ဖောက်သည်တွေအတွက်၊ စသဖြင့် ဘယ်သူ့ အတွက် ဘာကိုပဲလုပ်ပေးရ လုပ်ပေးရ စေတနာအပိုဆောင်းပြီး ကောင်းကောင်းလုပ်ပေးတဲ့ အကျင့်ကို မွေးမြူထားရပါမယ်။ ဘယ်တော့မဆို ဘာကိုလုပ်လုပ် စေတနာအပိုဆောင်းပြီး အကောင်းဆုံးဖြစ်အောင်
ဘယ်လိုလုပ်ပေးရမလဲဆိုတဲ့ မေးခွန်းကို ကိုယ့်ကိုယ်ကို အရင်မေးပါ။
"ထို့ နောက် ထို့ ထက်ပို၍ (and then some mores)" ဆိုတဲ့ စကားစုလေးဟာ အောင်မြင်မှုတံခါးကိုဖွင့်နိုင်တဲ့ သော့တစ်ချောင်း ဖြစ်ပါတယ်။
အောင်မြင်သူတွေအားလုံးဟာ လုပ်သင့်တာကို အကုန်လုပ်ခဲ့တယ်။
ထို့ နောက် ထို့ ထက်ပို၍ လုပ်ပေးခဲ့တယ်။
အောင်မြင်သူအားလုံးဟာ ပေးအပ်တဲ့တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်တယ်။
ထို့ နောက်ထို့ ထက်ပို၍ တာဝန်ထမ်းခဲ့သည်။
အောင်မြင်သူများဟာ ယဉ်ကျေးသိမ်မွေ့ ပြီး ရက်ရောပြသည်။
ထို့ နောက်ထို့ ထက်ပို၍ အောင်မြင်သူများသည် ယုံကြည်စိတ်ချရသည်။
ထို့ နောက်ထို့ ထက်ပို၍ .....။
အောင်မြင်သူများသည် ရာနှုန်းပြည့်အားသွန်ခွန်စိုက် အလုပ်လုပ်ကြသည်။
ထို့ နောက် ထို့ ထက်ပို၍.....။.....။
ထို့ နောက် ထို့ ထက်ပို၍။ .....။
အင်မတန်ညဏ်ကောင်းပြီး အထင်ကြီးလောက်တဲ့ ဘွဲ့ ဒီဂရီတွေနဲ့ လူတချို့ 
အဘယ်ကြောင့် အလယ်အလတ်ဘဝမှာ လမ်းဆုံးနေရပါသလဲ။
အဆိုးမြင်နဲ့  ခွန်အားကို လျှော့သုံးပြီး အားလုံးကို စိတ်ပျက်အောင်
ပြောတတ်လုပ်တတ် နမူနာပြတတ်တဲ့ ပညာရှင်ကြီးတွေဖြစ်သွားလို့ ပါပဲ။
လခနဲ့ တန်ရုံပဲလုပ်မယ် ငါ့ပညာနဲ့ တန်အောင်ပေးမထားလို့  ပညာကုန်သုံးမလုပ်နိုင်ဘူး၊
သင့်ရုံလုပ် တော်ရောပေါ့လို့ စိတ်ထားတတ်ကြတယ်။
သူတို့ ဘဝလည်းသင့်ရုံပဲ တိုးတက်တာ ဘာမှမဆန်းပါဘူး။
ကိုယ်ရတာထက် ပိုလုပ်ပေးလေ့ရှိသူတွေဟာ အဲဒီမိုင်ပို၊ အချိန်ပိုတွေမှာ
ယှဉ်ပြိုင်စရာလူတွေကို နောက်မှာ ထားခဲ့တော့တာ။
သူများကသာသူတို့ ကိုလိုက်ပြိုင်ရတော့မယ်၊
သူတို့ကသူများကို ပြိုင်စရာမလိုတော့ပါဘူး။
ဒါ့ကြောင့် သူများထက်မိုင်ပိုလျှောက်မယ်ဆိုတဲ့ ခံယူချက်သဘောထားဟာ
ဘဝအောင်မြင်ရေးမှာ
ညဏ်ကောင်းတာတွေ ဘွဲ့ ဒီဂရီတွေထက်
အများကြီး... အများကြီး...
ပိုပြီးအရေးကြီးပါတယ်။
(From forwarded mail)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP