* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, March 13, 2010

ကိုယ်နဲ့ဆောင်ထား အစောင့် အရှောက် တရား (၄)ပါး။


စင်္ကာပူနိုင်ငံရှိ မြန်မာဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း ဖြစ်သော ဇယမင်္ဂလာ ဗုဒ္ဓ၀ိဟာရ ကျောင်းတိုက် Jayamangala Buddhist Vihara (ကလမတီကျောင်းတော်) တွင် ဒေါက်တာ အရှင် ၀ိစိတ္တ က ဦးဆောင် လျှက် တရုတ် နှစ်သစ်ကူး ရုံးပိတ်ရက် (၁၄ ရက် ၁၅ ရက် ၁၆ ရက်) နေ.များတွင်မြတ် ဗုဒ္ဓ၏ ဘဝ အနှစ်သာရ တရားဓမ္မများ၊ သမထ ကမ္မဌာန်း ဝိပဿနာ အလုပ်ပေးတရားများကို သုံးရက်တရားစခန်း လေး တစ်ခု ကျင်းပပြုလုပ် ခဲ့ပါသည်။

ဆရာတော် ဘုန်းဘုန်းကတော့ တရားစခန်း လေးဟာမရည်ရွယ်ဘဲ ဖြစ်သွားခဲ့တယ် ဆိုပေမဲ့ မြတ်ဗုဒ္ဓရဲ့တရား တော် အနှစ်တွေကို အချိန်တိုတိုလေး အတွင်းသိခွင့်ရလိုက်တဲ့အတွက် ကျမအတွက်တော့ တကယ့်ကို အကျိုး ရှိခဲ့ပါတယ်။ တစ်နာရီ တရားထိုင် ပြီး ၁၅ မိနစ်လောက်နားကာ နောက်တစ်နာရီတွင် ဆရာတော်နင့်တကွ ကျောင်းရှိ သံဃာတော် အရှင်မြတ်များ က အလှည့်ကျ တရားတော်များ ဟောကြားပေးခဲ့ပါတယ်။

ထိုဟောကြားသော တရားတော် များမှ အင်္ဂလန်နိုင်ငံတွင် သာသနာပြု နေသော အရှင် စန္ဒောဘာသ, ကလမတီကျောင်းတော် တွင် ဟောကြားချီးမြှင့်တော် မူခဲ့သော အလုပ်မအားတဲ့ ပုဂ္ဂိုလ်များ နှင့် အချိန်မပေးနိုင်တဲ့ ပုဂ္ဂိုလ် များအတွက် (pocket meditation)လို. ခေါ်ဆိုလို.ရနိုင်သော ကိုယ်စောင့် ကမ္မဋ္ဌန်းတရား လေးပါး ကို ဟောကြားခဲ့ပါတယ်။

ထို ကိုယ်စောင့် ကမ္မဋ္ဌန်းတရား လေးပါးမှာ

(၁) ဗုဒ္ဓ နုဿတိ ကမ္မဋ္ဌန်း

(၂) မရဏ နုဿတိ ကမ္မဋ္ဌန်း

(၃)အသုဘ ကမ္မဋ္ဌန်း

(၄)မေတ္တာ ကမ္မဋ္ဌန်း တို.ဖြစ်ကြပါသည်။

(၁) ဗုဒ္ဓ နုဿတိ ကမ္မဋ္ဌန်း ဆိုသည်မှာ

နုဿတိဆိုတာအောင့်မေ့ခြင်း၊တမ်းတခြင်း၊ အမှတ်ရခြင်း ၊ကိုခေါ်ခြင်းဖြစ်ပါသည်။ ကိုယ့်နိုင်ငံကို ခွဲခွာနေကြတဲ့အခါ ကိုယ်မွေးဖွားခဲ့တဲ့ နေရာကို အမှတ်ရခြင်း၊ အမိ၊ အဖ၊ ဆွေမျိုး၊ နေရာ၊ဒေသ တွေကို တွေးလိုက်တိုင်း အမှတ်ရ နေတာ၊ ထပ်ကာတလဲလဲ မြင်ယောင်တမ်းတ သတိရ နေတာကို အနုဿတိ လို.ခေါ်ခြင်းဖြစ်ပါတယ်။

ထို.ကြောင့် ဗုဒ္ဓဆိုတာနဲ့ ပေါင်းပြီး မြတ်စွာဘုရားရဲ့ ဂုဏ်တော်ကို ထပ်တလဲလဲ ပွားများခြင်းသည် ဗုဒ္ဓ နုဿတိ ကမ္မဋ္ဌန်း စီးဖြန်းခြင်း ပင်ဖြစ်ပါသည်။ ဗုဒ္ဓ နုဿတိ ကမ္မဋ္ဌန်း စီးဖြန်းရာတွင် ဘုရား၊ ကျောင်းကန်၊ စေတီ၊ ပုထိုး သွားစရာ မလိုပဲ အချိန်ပေး စရာမလိုပဲ မိမိတို. ခရီးသွားနေစဉ် သော်လည်းကောင်း သွားရင်း၊ လာရင်၊ နေရင်း၊ ထိုင်ရင်း၊ လုပ်ရင်း၊ ကိုင်ရင်း နဲ့ပင် ပွားများအား ထုတ်လို.ရပါသည်။

(၂) မရဏ နုဿတိ ကမ္မဋ္ဌန်း

တကယ်တော့ လူတွေနဲ့ အနီးကပ်ဆုံး အရာဟာ “သေခြင်းတရား” ပါ။ လူတိုင်း သွားရင်း၊ လါရင်း၊နေရင်း ၊ ထိုင်ရင်း နဲ့ပင် သေခြင်းတရား သည် အချိန်မရွေး ကျရောက်လာ နိုင်ပါသည်။ လူရဲ့ နောက်က အရိပ်လို လိုက်နေတာပါ။ အချိန်နှင့်အမျှ အိုလာ၊ နာလာပြီး သေရန်နီးလာနေသည့် အဖြစ်ကို စဉ်းစားရင်း ယခုထက်မအိုမီ၊ လက်ရှိထက်ပို၍ မနာမီ၊ သေခြင်းတရား ရောက်မလာမီ ကောင်းမှုကုသိုလ်များ ကြိုတင်ပြုရမည့် အချိန်သည် ယခုလက်ရှိအချိန်ပင် ဖြစ်ကြောင်း၊ “သေခြင်းတရား” ဟာ တစ်နေ့မှာ လူတိုင်းမလွဲမသွေ တွေ့ကြုံရမည် ဖြစ်ကြောင်း သတိလေးထားပြီး ၊ အောင့်မေ့ သတိရပြီး ဉာဏ်ကနေ မြင်လာအောင် ဉာဏ်မှာ ထင်လာအောင် ဆင်ခြင် လိုက်တာနဲ့ မရဏာ နုဿတိ ကမ္မဋ္ဌန်း စီးဖြန်းခြင်းပင် ဖြစ်ပါသည်။

(၃)အသုဘ ကမ္မဋ္ဌန်း

လူသေမှ အသုဘမဟုတ်ပါ။ မိမိရဲ့ ခန္ဓာကိုယ်ဟာ စက်စုပ် စရာကြီး ပါတကားလို့ ပွားများရ ပါမယ်၊ ဦးခေါင်းထဲက ဦးဏှောက်တွေ အမြှေးတွေ မြင်လာတဲ့ အထိ ပွားများပေးပါ၊ခန္ဓာကိုယ် အတွင်းပိုင်း အူတွေ အသည်းတွေ ကျောက်ကပ် တွေတစ်ပုံစီ တစ်ပုံစီ မြင်အောင် ကြိုစားပွားများ ပါ။ခန္ဓာကိုယ် ပေါ် မှာ တပ်မက်မှု၊ တဏှာ၊ ရဂကို ဖယ်ခွာ နိုင်သည်အထိ ကြိုးစား၍ ပွားများခြင်းကို အသုဘ ကမ္မဋ္ဌန်း စီးဖြန်းခြင်းပင် ဖြစ်သည် ။

(၄)မေတ္တာ ကမ္မဋ္ဌန်း

မေတ္တာ ကမ္မဋ္ဌန်း စီးဖြန်းပုံ နည်းမှာ အလွန် လွယ်ကူ ပါသည်။

သတ္တ၀ါတွေ အားလုံး အပေါ်မှာ ကိုယ်နဲ့ တန်းတူထားပြီး မေတ္တာ ပွားများပါ။ အကျွန်ုပ်နှင့် တန်းတူ သတ္တ၀ါတွေ ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ငြိမ်းချမ်းပါစေ၊ ဆင်းရဲခပ်သိမ်း ကင်းငြိမ်းပါစေ ဟူ၍၊ု ရွတ်ဆိုကာ ဤ စကားလုံးများ ၏ အဓိပ္ပာယ် အပေါ် စိတ်ကို စူးစူးစိုက်စိုက် ထား၍ အကြိမ်ကြိမ် ရွတ်ဆိုပွားများပါ။ အလုပ်တစ်ခု လုပ်တော့မယ် ဆိုတိုင်းလည်း မိမိ နှင့် နိုင်းယှဉ် ကြည့်ပါ။ ကိုယ်နဲ့တန်းတူထားပြီး အပြုခံရမဲ့ သူနေရာမှာ ကိုယ်၊ ကိုယ်တိုင် ၀င်ရောက် ခံစားကြည့်ပါ။ ဒေါသမီးလျှံ အကြီးတန်၊ ဆိုသည့်အတိုင်း ဒေါသကြီးသူသည် လူသားခြင်း အတူတူ ဖြစ်လျက် ရုပ်ဆိုးအကြီးတန် ၍ မေတ္တတရား ကြီးမားသူသည် ရုပ်လှ၏။ မေတ္တာ ကမ္မဋ္ဌန်း ကို ပွားများ အားထုတ်ခြင်းဖြင့် သူတကာတို.၏ ချစ်ခင်မူ. ကိုရရှိစေမည်။

အချိန်မပေး နိုင်လို. ၀ိပသနာ ကမ္မဋ္ဌန်း အားမထုတ်နိုင်ရင် တောင်မှ ထို ကမ္မဋ္ဌန်း(၄) ပါးထဲမှ တစ်ပါးပါးကို ပွါးများအားထုတ် တယ်ဆိုလျှင် အန္တရယ်နှင့် တွေ.ကြုံလာပါက လက်ထဲတွင် ဓါး၊ ဒုတ်၊ လက်နက် တစ်စုံတရာ မပါသော်လည်း ကမ္မဋ္ဌန်းတရား တပါးပါး လက်ကိုင်ရှိသူ အတွက် မည့်သည့် အန္တရယ် ကိုမှ ကြောက်စရာ မလိုတော့ပေ။

အလုပ်အင်မတန်များကြပြီး အချိန် မပေးနိုင်တဲ့ သူတွေ၊ အတွက် ၀ိပသနာ အားမထုတ်နိုင်ခဲ့ ရင်တောင်မှ ထိုကိုယ်စောင့် ကမ္မဋ္ဌန်းတရား လေးပါးထဲမှ တစ်ပါးပါးကို မိမိတို. သွားရင်း၊ လာရင်း လုပ်ကိုင်ရင်းနှင့်ပင် ပွားများ အားထုတ်ပါက စိတ်ချမ်းသာ ၊စိတ်ကြည်လင်တဲ့ မျက်နှာပေးနဲ့တင် လူချစ်လူခင်များတာ ပြောစရာမလိုအောင်ပါပဲ။

မိမိကိုယ်ကိုယ် လည်း မကောင်း မှု မလုပ်ဖြစ်အောင် သတိပေးပြီးသား ဖြစ်သွားတာကြောင့် ကုသိုလ်အကျိုး

ပေးဖို့လည်း သိပ်လွယ် သွားပါတယ်။ ထိုကြောင့် ကျွန်မနာယူထားသမျှ ရေးသားဖော်ပြ အပ်ပါတယ်။

မေစိုး

အင်္ဂလန်နိုင်ငံတွင် သာသနာပြု နေသော အရှင် စန္ဒောဘာသ, ကလမတီ ကျောင်းတော် ၊တရုပ်နှစ်သစ်ကူး တရားစခန်းရက်တိုလေးတွင် ဟောကြားချီးမြှင့်တော် မူခဲ့သော တရားတော်ကို ပြန်လည်ရေးသား ထားပါသည်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP