* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, March 13, 2010

ဘယ္သူ.... လူဆုိးလဲ။

12 Mar, 2010 | Written by Mg Ogga | under Story

လောကမှာ လူမိုက်ရှိသလို လူုလိမ္မာ ပညာရှိဆိုတာလဲ ရှိပါတယ်။ လူမိုက်ဆိုတာ ကောင်း၏ ဆိုး၏ကိုမသိ ကောင်းတာမလုပ် ဆိုးတာလုပ်တဲ့သူ ပညာရှိဆိုတာ ကောင်း၏ ဆိုး၏ သိပြီးကောင်းတာ လုပ်တဲ့ သူလို့ ဓမ္မအသုံးအရ ကျွန်တော်တို့ နားလည်ထားကြပါတယ်။ ဒါပေမယ့် တခါတလေတော့ လောကသဘော လက်ခံထားကြတာရယ် ဓမ္မသဘောရယ် ကွဲလွဲနေသလားလို့ကြာတော့ ခံစားမိတယ်။ ဒီလိုခံစား ဖြစ်သွားအောင် လက်တွေ့ လူမှုဘ၀ကြီးက ပြောနေသလိုပဲ ဒီပုံပြင်လေးက အသိဥာဏ်ပေးလို့ ဝေမျှ ဖောက်သည်ချလိုက်သဗျ။

ဟိုးတိုတိုတုန်းက ဘာပြည်ကြီးက ညာသူဌေးကြီးတစ်ဦးဆီမှာ အလုပ်လုပ်တဲ့ အခိုင်းအစေ သူဆင်းရဲ အလုပ်သမားလေး တစ်ယောက်ရှိသတဲ့ အဲဒီ သူဆင်းရဲလေးဟာ ညာသူဌေးကြီးပိုင်တဲ့ ခြံဝိုင်းထဲမှာ ရွှံ့နဲ့ ဆောက်ထားတဲ့ သက်ကယ်မိုး တဲလေးမှာနေထိုင်ရပြီး အလွန်ဆင်းရဲလှသူဖြစ်ပါတယ်။

တစ်နေ့မှာတော့ အဲဒီအလုပ်သမားရဲ့တဲအနားကို ပညာရှိဆိုသူတစ်ဦး ရောက်လာပါတယ်။ ဒီအခါ အလုပ်သမားက သူ့ဘ၀ဆင်းရဲ နုံချာပုံတွေ၊ အလုပ်ကို ပင်ပန်းကြီးစွာ လုပ်ရပေမဲ့ မ၀ရေစာ စားရပြီး သူဌေးက ဖိနိုပ်ပုံတေါကို ဒီပညာရှိကိုပြောပြလေ၏။ ပညာရှိကြီးက အလုပ်သမားသူဆင်းရဲ ရဲ့ စကားတွေ နားထောင်ပေးတယ် နောက်ပြီး `တစ်နေ့တော့ အခြေအနေ ကောင်းလာမှာပေါ့ကွာ´ လို့ပြောပြီး ထွက်သွားလေတယ်။

နောက်တစ်နေ့ အစေခံအလုပ်သမားရဲ့အိမ်ကို လူမိုက်တစ်ယောက် လာလည်လေတယ်။ ဒီအလုပ်သမား သူ့ဘ၀ဆင်းရဲ နုံချာပုံတွေ၊ အလုပ်ကို ပင်ပန်းကြီးစွာ လုပ်ရပေမဲ့ မ၀ရေစာ စားရပြီး သူဌေးက ဖိနိုပ်ပုံတွေကို ကိုပြောပြတယ်။ `၀တ်တော့လည်း မြင်တဲ့အတိုင်းပဲ အစုပ်စုပ်အပြတ်ပြတ် နေတော့လည်း ကြည့်လေ ၁၀ပေပတ်လည် တဲထဲမှာ ကျပ်ကျပ်တည်းတည်းနေရတာ ၀င်ပေါက်တံခါးကလည်း ကျဉ်းကျဉ်းလေး´

လူမိုက်က `ဟုတ်လား ခင်ဗျားရဲ့ သူဌေးက အတော်လူမဆန်တာပဲ ဒီအတိုင်း ငုံမခံနဲ့လေ တုံပြန်ရမယ်´ (ထိုအချိန်က ILO မပေါ်သေးဟုမှတ် ဤကားစကားချပ်)

သူဆင်းရဲက ဆက်ပြောသည် `ပြတင်းပေါက်ဆိုလည်း တစ်ပေါက်မှမရှိ အိမ်ထဲမှာမှောင်ပြီး မွန်းကျပ်လွန်းတယ် ဘ၀ကြီးကိုက ဆိုးပါတယ်ဗျာတဲ့´

ဒီအခါ လူမိုက်က အနားမှာ တွေ့တဲ့ တူရွှင်းတစ်ချောင်းကိုကိုင်ပြီး `ဒါကတော့ မခက်ပါဘူးဗျာ´ဆိုပြီး ရွှံနံရံတစ်နေရာကို တူရွှင်းနဲ့ တူးဆွ ဖောက်လေတော့သည်။ ဒါပေမယ့် ပြတင်းပေါက်လေးပေါက် ဖောက်မပြီးခင် အစေခံအလုပ်သမားက `လာကြပါအုံးဗျို့ လူတစ်ယောက် သူဌေးမင်းက ကျွန်တော်ကို နေခွင့်ပေးထားတဲ့ အိမ်ကိုဖျက်ပစ်နေပါတယ်´ လို့ အော်ဟစ်အကူအညီတောင်းလေသည်။

ဒီအခါမှာ သူဌေးတပည့်တွေ ရောက်လာပြီး လူမိုက်ကို ၀ိုင်းဝန်းထိုးကြိတ် ဖမ်းဆီးထိန်းသိမ်းလိုက်တယ်။ ဒီနောက်သူဌေးကြီးကိုယ်တိုင် ရောက်လာပြီး ဆင်းရဲသားအစေခံလေးက သူဆီလူမိုက်တစ်ယောက် ရောက်လာပြီး သူ့အိမ်ကို ပျက်စီးလို့ သူဌေးတအည့်တွေကို အကူအညီတောင်းရခြင်းဖြစ်ပါ ဟု သံတော်ဦးတင် အစီရင်ခံလေသည်။

ထိုအချိန်မှာ သူဌေးကြီး နှုတ်ခမ်းလေးတွန့်ရုံပြုံး၍ အစေခံ ဆင်ရဲသားကို `မင်းတော်တယ်လို့´ ပြောလေသည်။

နောက်တစ်နေ့ မနက်မှာ ပညာရှိဆိုသူဟာ သူဆင်းရဲ ရဲ့ အိမ်ရှေ့ ရောက်လာပါတယ်။ ဒီအခါမှာ သူဆင်းရဲ က `ခင်ဗျားက ပညာရှိကြီးကို ပညာရှိပီသပါတယ်ဗျာ ခင်ဗျားပြောတဲ့အတိုင်း အခြေအနေ ကောင်းလာ မယ်ဆိုတာလေ အဲဒါ ဟုတ်တယ်သိလား မနေ့က သူဌေးက ကျွန်တော်ကို မင်းတော်တယ်လို့ ချီးမွမ်းသွားတယ်ဗျ´။

လူမိုက် ခမျာတော့ အင်း………………….

p.s: ကျွန်တော်နှင့် အတူ မိုက်ဖော်မိုက်ဖက်များအတွက် ဂုဏ်ပြုရေးသားပါသည်။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP