*သာသနာသုံးရပ်*
0 အကြံပြုပါသည်။ Posted in: သိမှတ်ဖွယ်ရာဓမ္မစာပေများ
သာသနာဆိုတာ ဘုရားရှင်ရဲ့ အဆုံးအမပါဘဲ သာသနာ သုံးရပ်ရှိတဲ့အနက်က-
(၁) ပရိယတ္တိသာသနာ- ဆိုတာ ဘုရားရှင် ဟောကြားတော်မူတဲ့ တရားဓမ္မ စာပေကျမ်းဂန်များကို ကျတ်မှတ် သင်အံ့ ပို့ချတဲ့လုပ်ငန်း ဖြစ်ပါတယ်။ သိရမယ့် (စာပေကျမ်းဂန်သင်ကြားမှု။)
(၂) ပဋ္ဋိပတ္တိသာသနာ- ဆိုတာ ဘုရားရှင် ဟောကြားတော်မူတဲ့ တရားတော်များအတိုင်း ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်တဲ့ လုပ်ငန်းဖြစ်ပါတယ်။ (ကမ္မဋ္ဌာန်းဘာဝနာအားထုတ်မှု)။
(၃) ပဋ္ဋိဝေဓသာသနာ- ဆိုတာ ယခုလို ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်တဲ့အတိုင်း ဒီတရားဓမ္မတွေအ ပေါ် ယောဂီတို့ဥာဏ်ရောက်ပြီး ထိုးထွင်းသိတဲ့သဘောဖြစ်ပါတယ်။ (မဂ်ဖိုလ်နိဗ္ဗာန်တရားကိုသိမှု၊ ရမှု)
ဒီသာသနာသုံးရပ်ကို ဆရာတော်ဘုရားကြီးက ဥပမာနဲ့တကွ ရှင်းလင်းပြထားပါသေးတယ်။
(၁) ပရိယတ္တိ သာသနာဆိုတာ ကန်ပေါင်ကြီးနဲ့တူတယ်။
(၂) ပဋ္ဋိပတ္တိ သာသနာဆိုတာ ရေနဲ့တူတယ်။
(၃) ပဋ္ဋိဝေဒ သာသနာဆိုတာ ကြာရိုး၊ ကြာစွယ်နဲ့တူတယ်။
ကန်ပေါင်ခံမှ ရေတည်တံ့မယ် ရေတည်မှကြာပေါက်နိုင်သလို ပရိယတ္တိ အခြေခံရှိမှ ပဋ္ဋိပတ်ကျင့်စဉ် မှန်ကန် မယ်။ ပဋ္ဋိပတ်ကျင့်စဉ် မှန်ပါမှ ပဋ္ဋိဝေဓဆိုတဲ့ မဂ်ဥာဏ်၊ ဖိုလ်ဥာဏ် နိဗ္ဗာန်ရနိုင်တယ်လို့ သဘောပေါက်ထား ရပါမယ်။ ဒါကြောင့် သာသနာတော်သုံးရပ်စလုံးတိုးတက်ထွန်းကားပြန့်ပွားအောင်ကြိုးစားကြဖို့ အထူးလိုအပ် လှပါတယ်။
မိုးကုတ်ယောဂီလက်စွဲအမှတ်(၁)
ဓမ္မမိတ်ဆွေသူတော်ကောင်းအပေါင်းတို့ကျန်းမာချမ်းသာကြပါစေ။

0 comments:
Post a Comment