ဓမ္မဂင်္ဂါအိုင်ဒိုးလ်
ငါ့မျက်နှာကိုငါတည့်တည့်ကြည့်
ဆိုင်မွန်ကိုဝဲလ်နဲ့တူလာသတဲ့လား
ငါ့ကိုယ်ငါတော့
ဖွဖွလေး
ပြီးတော့
လေ ပိုတိုက်ဖို့လိုတယ်
ဂါဒီနဲ့ အဲလင်ကိုပါဆွဲခေါ်လာခဲ့..
ပြောရိုးပြောစဉ်ဂျက်ခ်ဆင်လို ငတိကြီးတွေလည်း
လိုအပ်ချက်ပဲ
ဟုတ်ပြီ
အဆင်သင့်ဖြစ်ရင်
ဆောရီးတွေ တပွေ့တပိုက်နဲ့
လက်ခုပ်သံတွေပေါ်
ငါ
ရဲရဲပဲ ချော်ကျပစ်လိုက်တယ်။
ဓမ္မဂင်္ဂါ(၁၃-၃-၂၀၁၀)

0 comments:
Post a Comment