* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, March 13, 2010

သံသရာထွက် ဖြတ်ပိုင်းလက်မှတ်။



သံသရာထွက် ဖြတ်ပိုင်းလက်မှတ်

ငါ..အရာရာဘ၀ဇာတ်စုံနဲ့ ပါဝင်ခဲ့ပြီ..
နေဖို့ထက် သေဖို့ကနီး
တစ်ရက်ပြီး တစ်ရက်
ပြက္ခဒိန်က လမှနှစ်တွေပြောင်း
အိုချင်းဆိုး၊ နာချင်းဆိုး အချက်ပေး
နာရီသံချောင်းတွေက ရင်ထဲမှာ ဘလောင်ဆူထိုးနေပြီ်…။

အသက်တစ်ရာမနေရ
အမှုတစ်ရာ တွေ့ရမည်တဲ့
ပြုလုပ်တော့ တစ်ဦးတည်း
ဝိုင်းစားကြတော့ အများ
သံသရာအ၀ိုင်းပြေးပွဲမှာ တစ်ဦးတည်း
ကြွေးဆပ်ပြီး ခေါင်းပြောင်းခံနေရတာက ငါ…ငါ…။

တော်ပါပြီ….ငါကို ခ၀ါချ
ကမ္ဘာကြီးပျက်မဲ့သတင်းထက်
ကိုယ့်ခန္ဓာကိုယ်ကိုသတိထား စူးစူးစိုက်စိုက်နဲ့
ရုပ်၊နာမ်နှစ်ပါးကို ဥာဏ်နဲ့ကြည့်
ဆရာတော်ဘုရားကြီများဟောကြားတဲ့
အသိတရား အရှိတရားဖြစ်၊ပျက်တွေကို
ခန္ဓာဥာဏ်ရောက် တကယ်သဘောပေါက်ဖို့
ယနေ့ကစလို့ တစ်နေ့(၂)နာရီ
မပျက်၊မကွက် တရားထိုင်ပါတော့မည်……။

ကိုဖိုးသား ပေးထားသော မြစိမ်းတောင်ဆရာတော်ဘုရားကြီး၏ တရားတော်များအား ဤကဗျာဖြင့် ပူဇော်ပါသည်။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၁၀ ခု၊မတ်လ(၁၂)ရက် ညနေ(၄)နာရီ ရေးသည်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP