* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, March 5, 2010

ဘလော့တစ်နှစ်ပြည့် အမှတ်တရ

ဒီနေ့ဟာ ကျွန်တော်ရဲ့ မပြီးဆုံးသောနေ့ရက်များကို ကျော်ဖြတ်ခြင်း ဘလော့ကို ရေးသားတာ တစ်နှစ်ပြည့် တဲ့နေ့ဘဲဖြစ်ပါတယ်။ ကျွန်တော် ဘလော့လေးကိုစတင် ဖြစ်မြောက်လာအောင် ကူညီပေးခဲ့တဲ့ သူငယ်ချင်း သုခရိပ်ကို အထူးကျေးဇူးတင်ရှိပါတယ်။ သူရဲ့ ကျေးဇူးကြောင့် ကျွန်တော် ၀ါသနာပါတဲ့ စာရေးသား ခြင်းကို
ကျွန်တော် ဖတ်မှတ်ထားသမျှ ဓမ္မစာပေများဖြန့်ဝေ ရေးသားခြင်းဖြင့် စတင်နိုင်ခဲ့ပြီး ဘလော့ဂါ မောင် နှမများနဲ့ သိကျွမ်း ခင်မင်ခွင့်ရခဲ့ပါတယ်။ ကျွန်တော်ရဲ့ အမှားများကိုပြုပြင် ဆုံးမသွန်သင်ပေးသော ဆရာ တော်များကိုလည်း ကျွန်တော်ရဲ့ ဘလော့တစ်နှစ်မြောက်နေ့မှာ ဦးချ ကန်တော့ရင်းဖြင့် နောင်လည်းဘဲ အမှားများတွေ့ပါက ဆုံးမသွန်သင် ပေးရန်ပြောကြားလိုပါတယ်။ ကျွန်တော်ဘလော့ရဲ့ လိုအပ်ချက်များကို ကူညီပြိး လမ်းညွန်ပေးခဲ့သော ညီအကိုမောင်နှများ၊ ဘလော့ကိုနေ့စဉ် လာရောက် လည်ပတ်အားပေးကြ သောစာဖတ်သူ ညီအစ်ကို မောင်နှများကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ နောင်လည်းဘဲ ကျွန်တော် ဘလော့လေး ကိုလာရောက်ပြီး လိုအပ်ချက်များ ကိုလမ်းညွန်ပေးကြပါရန် ကျွန်တော်အနေနဲ့ ပြောကြားလိုပါတယ်။
ကျွန်တော့် ဘလော့ရဲ့ တစ်နှစ်ပြည့် အမှတ်တရနေ့လေးမှာ မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့တဲ့ အဆုံးအမ များစွာထဲမှာ နှစ်ခုကို ဓမ္မလက်ဆောင်အဖြစ် ဖော်ပြပေးလိုက်ပါတယ်။

ဓမ္မ မိတ်ဆွေသူတော်ကောင်း အပေါင်းတို့ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီး ဘ၀ခရီးလမ်းမှာအောင်ပန်း များဆွတ်ခူးပြီး နောက်ဆုံး ခရီးပန်းတိုင်ကို အရောက်လှမ်းနိုင်ကြပါစေလို့ ကျွန်တော် ဆုတောင်းပေးလိုက်ပါ တယ်။
လေးစားခင်မင်စွာဖြင့်
တောသားလေး

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP