* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, March 5, 2010

အေမ့ကုိ သတိရလုိ ့

အမေ့ကို သတိရလို့  အမေနဲ့  ဖြစ်ခဲ့တာလေးတွေ ရေးမိရေးရာ ကောက်ရေးလိုက်တာပါ။ ကိုယ့်ဟာကိုလည်း ပြန်တွေးမိတယ်။ ငါသတိရတာတို့ ၊ လွမ်းတာတို့ ဖြစ်လိုက်ရင် အမေ့ကြောင့်ချည်းပဲလို့ ။ အင်း .....ရဟန်းတစ်ပါး ဖြစ်နေတာလဲ ပါပေမပေါ့လေ။ ဖတ်လက်စ စာအုပ်ကလည်း အမေနဲ့ ပတ်သတ်တဲ့ စာအုပ်ကလည်း ဖြစ်နေပြန်တော့…………….။

အမေက သူ့ သားရဟန်းကို ငယ်ငယ်ကတည်းက သူ့ ရဲ့ အနီးနားတ၀ိုက်မှာပဲ ထားချင်တာပါ။ သားအပေါ် ရောက်လာမဲ့ ဘေးအန္တရယ်တွေကိုလည်း ရှေ့ကနေ မတုန်မလှုပ် ရင်ဆိုင်ပေးနေချင်သလို၊ စိတ်ချမ်းသာမှုတွေ၊ လုံခြုံမှုတွေ၊ ကြံ့ခိုင်မှုတွေကိုလည်း ထုဆစ်ဖန်တီးပေးနေချင်တာပါ။ ဒါပေမယ့် လူတစ်ယောက်နဲ့ တစ်ယောက် ဖြည့်ဆည်းခဲ့တဲ့ ကံတရားချင်းက မတူညီတာမို့  အခြေအနေက ကိုယ်ဖြစ်ချင်သလို မပေးခဲ့ပါဘူး။ အဲဒီလို ကံအရိပ်တွေ ကွာဟမှုတွေကြောင့်လည်း အမေနှဲ့  ဆယ့်သုံးနှစ်သား ကတည်းက ခွဲခွါပြီး နေခဲ့ရတာပေါ့။

ရန်ကုန်ကို ပညာသင်ဖို့  သူ့ သားက ခြေလှမ်းစတော့ အမေ့ရဲ့ စိတ်တွေ သူ့ သားအပေါ်မှာ ဂရုတစိုက် ဦးညွတ်လေပြီ။ ဘယ်သားသမီးမှ အဝေးသို့ ထွက်မသွားစေချင်တဲ့ အမေ့ရဲ့ သဘောကိုလည်း သူ့ သားကစတင်ဆန့် ကျင်ဖို့  ခြေလှမ်းပြင်နေပြီ ။ စခွဲခွါတော့မယ် သူ့ သားရဲ့ အနာဂတ်ပုံရိပ်တွေကိုလည်း ပစ္စုပ္ပန်တည့်တည့်မှာ ဖမ်းယူသုံးသပ်လိုက်တော့ စိတ်မချဖြစ်သွားဟန်တူပါရဲ့။

“ငါ့သား လောကီစာပဲ ပြီးအောင် သင်ပါဦးလား”

“ဟင့်အင်း အမေ သား မသင်ချင်တော့ဘူး” သူ့ သားက မဆိုင်းမတွ ဖြေချလိုက်တော့ အမေ ဆက်ပြီး သူ့ သားကို ဖျောင်းဖျတဲ့ စကားတွေက ဒီလို ဆက်ကာ ဆက်ကာ……

“ အမေဆိုလိုတာက ဒီလိုသားရဲ့၊ ငါ့သားက အခုအချိန်မှာသာ လောကုတ္တရာဘောင်ထဲမှာပဲနေပြီး လောကုတ္တရာ စာပေတွေပဲ သင်နေချင်တဲ့စိတ်ရှိနေပေမယ့် နောင်တစ်ချိန် အရွယ်ရောက်လာတဲ့ အခါကျရင် သားက ဒီစိတ်မျိုးရှိချင်မှ ရှိမှာလေ၊ အဲဒီ အချိန်ကျမှ လောကီ ဘက်လည်းမဟုတ်၊ လောကုတ္တရာဘက်လည်းမဟုတ် ဖြစ်နေရင် ငါ့သား ဒုက္ခရောက်လိမ့်မယ်။ ပြီးတော့ သားက ငယ်သေးတယ်လေ၊ အမေက စိတ်မချသေးဘူး၊ လောကီစာပဲ ဆက်သင်လိုက်ပါလား သားရယ်”

“ဟင့်အင်း အမေ သားတကယ် ရဟန်းဘောင်မှာပဲနေပြီး၊ လောကုတ္တရာ စာပေတွေပဲ သင်တော့မယ်” သူ့ သားရဟန်းက လောလောဆယ် ဖြစ်ချင်တဲ့ စိတ်က ကြိုမသိနိုင်သော အနာဂတ်ကိုပါ ဖုံးလွမ်းပစ်လိုက်ပြီ။ အမေက သူ့ သားကို စေ့စေ့ ကြည့်ရင်း “ ၀တ်ချင်သပဆိုလည်း ၀တ်ပေါ့၊ အမေမတားတော့ပါဘူး၊ ဒါပေမယ့် ဘုရားရှင်ရဲ့ ဓမ္မတွေကိုလေ့လာရင်း သားရဲ့ စိတ်တွေကို ဓမ္မတွေနဲ့ ပဲ ထိန်းသိမ်းနိုင်စွမ်းရှိဖို့ တော့ သားလေ့ကျင့်ရမယ်”

တကယ်တော့ အမေက သူ့ သားနဲ့ တစ်နေရာဆီ ခွဲခွါနေဖို့ မရဲသေးပါဘူး။ သူ့ သားရဲ့ အနာဂတ်ကိုလည်း တွေးတွေးပြီး စိတ်မချသေးပါဘူး၊ သားကိုချစ်တဲ့ သံယောဇဉ်ကြောင့် ပေါက်ဖွားလာမယ့် သောကမီး၊ ပရိဒေ၀မီးတွေကိုလည်း နာလည်နိုင်စွမ်း ရှိပါရဲ့နဲ့  သားကိုချစ်တဲ့ စိတ်ကြောင့် မျက်ကွယ်ပြု မသိချင်ယောင်ဆောင်ထားလေပြီ။

ဘာပဲပြောပြော အမေရယ်၊ သားအတွက်နဲ့  အချည်နှောင်ခံထားရတဲ့ သံယောဇဉ်ကြိုးလေးတွေ တက်နိုင်သမျှ ဖြေလျှော့ပေးပါ အမေ…।။ ရှေ့ဆက်လျှောက်ရမယ့် လမ်းခရီးအတွက် အမှား၊ အမှန်ကိုလည်း ခွဲခြားပြပါအမေ….။ လောကကြီးအတွက် အတ္တမဖတ်၊ ပရသက်သက် အလုပ်တွေကို ကြိုးစားလုပ်ဆောင်နိုင်ဖို့  အားသစ်၊ ခွန်အားသစ်တွေလည်း ပေးပါအမေ…….။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP