* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, March 5, 2010

“လာမည့်ဘေး ပြေးတွေ့”




“လာမည့်ဘေး ပြေးတွေ့”

ဘာသာရေးကဗျာ
ရွှေလမ်းငွေလမ်းဝင်းကြည်

အင်း….
လဘက်ရည်ဆိုင်စကားဝိုင်းကအပြန်..
စဉ်းစားမိလို့ ရင်မောရပါတယ်…။

ပင်လယ်ကြီးရဲ့ လေးပုံတစ်ပုံလောက်ရှိတဲ့
ရေခဲတုံးကြီး အရည်ပျော်လာပြီ….။

ချီလီနိုင်ငံနဲ့ အခြားနိုင်ငံတချို့တွေမှာ
ငလျှင်အကြီးအကျယ်လှုပ်လို့ လူတွေအတုန်းအရုန်း
အများကြီးသေကုန်ကြပြီဆိုပဲ..။

နေမင်းကြီးနဲ့ ကမ္ဘာကြီးရဲ့ကြားမှာ
အင်္ဂါဂြိုလ်က ၀င်လာပြီး
အချိန်အကြားကြီး အမှောင်ကျနေမယ်တဲ့၊
ဒါဆိုရင် ၂၀၁၂ ခုနှစ်မှာ ကမ္ဘာကြီးများ
အမှန်တကယ်ပျက်တော့မှာလား…?။

နာဆာသိပ္ပံပညာရှင်တွေက
တစ်ခြားပြင်ပဂြိုလ်ကို ပြောင်းကြဖို့
နည်းမျိုးစုံနဲ့ သုသေသနတွေပြုလုပ်ပြီးကြပြီတဲ့။

အင်း..
ကျွန်တော်တို့ကတော့ ဗုဒ္ဓဘာသာဝင်ပီပီ
ဘုရားလမ်းပြထားခဲ့တဲ့ အသေလွတ်တဲ့တရား
ဝိပသနာတရားကို နေ့မနား ညမနား
ဆပွား အားထုတ်ရင်းက ဖြစ်ပျက်ကို
မြင်အောင် အသိနှင့်အရှိ တစ်ထပ်တည်းကျအောင်
လာမဲ့ဘေးကို ပြေးတွေ့ပါတော့မည်……။

ရွှေလမ်းငွေလမ်းဝင်းကြည်
၂၀၁၀ ခု၊မတ်လ(၅)ရက်၊နေ့၁၁း၃၀ နာရီတွင်ရေး၏။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP