ရွှေဥမင်ဆရာတော်ဘုရားကြီး၏ ဆုံးမစာ...
နံနက်ခင်း နေရောင်ခြည်လေးသည် တစ်နေ့လုံး ရှိနေမည်မဟုတ်။
အချိန်ရှိခိုက် လုံ့လစိုက်၊ လသာတုန်း ဗိုင်းငင်။
သင့်ဘ၀ကို ချစ်မြတ်နိုးလျှင် အချိန်ကို အလကား မဖြုံးတီး၊ မကုန်ဆုံးပါစေနှင့်။
အချိန်သည် ဘ၀၏ အသက်တာ ဖြစ်သည်။
ကုန်ဆုံးသွားသော အချိန်ကို ဘယ်တော့မှ ပြန်မရနိုင်။
အိပ်ယာထ နေမြင့်သောသူသည် တစ်နေ့လုံး လမ်းသွားရတတ်၏။
သူများအတွက် ကောင်းသော အပြုအမူကို လုပ်တတ်သူသည် ကိုယ့်အတွက်လည်း အကောင်းဆုံး လူတစ်ယောက် ဖြစ်သည်။
လူအများ၏ ချီမွမ်း ပြောဆိုခြင်းကို ခံယူချင်လျှင် သိမ်မွေ့ယဉ်ကျေးသော စကားမျိုးကို ပြောပြီး ကောင်းမွန် အကျိုးရှိသော အလုပ်ကို လုပ်ပါ။
လုံ့လ၀ီရိယ ရှိသူအတွက် ဘယ်အလုပ်မျိုးမဆို လွယ်ကူသော အလုပ်ချည်းသာ ဖြစ်သည်။
ပျင်းရိသူအတွက် ဘယ်အလုပ်မျိုးမဆို ခက်ခဲသော အလုပ်ချည်းသာ ဖြစ်သည်။
အမြဲတမ်း ရှေ့ကို လှမ်းပြီး ကြည့်ပါ။ သို့မဟုတ် သင်သည် သူများနောက်တွင် ကျန်ရစ်လိမ့်မည်။
တိုးတက်သော လူမျိုးသည် စာဖတ်ကြ၍ စာဖတ်သော လူမျိုးသည် တိုးတက်ကြပေသည်။
ကမ္ဘာကျော်စာရေးဆရာကြီး ဘားနဒ်ရှော့က ကျွန်ုပ်အသက် ၉၂ နှစ် ရှိပေမဲ့ ယနေ့တိုင် သင်ယူနေရတုန်းပဲဟု ထုတ်ဖော် ပြောကြားခဲ့လေသည်။
သင်သင်အံအံ ကြံကြံကြည့်ကြည့် ဉာဏ်စုံဖွင့် နန်းမြင့်နိဗ္ဗာန် တိုင်စေသော်.....

0 comments:
Post a Comment