ရေကုသိုလ်
နွေကာလပေမို့
ပူစွရယ်လို့ ဆိုညည်းကာ
ရပ်ဝေးကွာ ဟိုတစ်နေရာက
လာသူကို ရေချိုလေးရယ်နဲ့
ကြိုထွေးကာ ရွှေရင်အေးစေဖို့
ကြံတွေးပါလို့ ဖြူစင်စွာ
စေတနာက ဘယ်မချို့ ။
တို့ရွာကိုအဝင်
ညောင်ညိုပင် ပင်ယံနန်းမှာလ
လှူဒါန်းကာ ကုသိုလ်ပျိုးပါတဲ့
ရေကြည်အိုးကြီးငယ်တွေမှာဖြင့်
လာကြပါ သောက်ပါလှဲ့ရယ်လို့
ခေါ်တဲ့ဟန် မူမူနွဲ့ရယ်နဲ့
ရေအလှူ ကြည်ဖြူပြုကြတယ်
တောသူ့ရွာမို့ ။ ။
်
ပူစွရယ်လို့ ဆိုညည်းကာ
ရပ်ဝေးကွာ ဟိုတစ်နေရာက
လာသူကို ရေချိုလေးရယ်နဲ့
ကြိုထွေးကာ ရွှေရင်အေးစေဖို့
ကြံတွေးပါလို့ ဖြူစင်စွာ
စေတနာက ဘယ်မချို့ ။
တို့ရွာကိုအဝင်
ညောင်ညိုပင် ပင်ယံနန်းမှာလ
လှူဒါန်းကာ ကုသိုလ်ပျိုးပါတဲ့
ရေကြည်အိုးကြီးငယ်တွေမှာဖြင့်
လာကြပါ သောက်ပါလှဲ့ရယ်လို့
ခေါ်တဲ့ဟန် မူမူနွဲ့ရယ်နဲ့
ရေအလှူ ကြည်ဖြူပြုကြတယ်
တောသူ့ရွာမို့ ။ ။
်
သည်ကန်မှရေသည်ပင် သည်ရွာမှလူတွေအတွက် သောက်ရေသန့်ဖြစ်၏။
ရေကံကို ခြံစည်းရိုးကာရံကာ ထားခြင်းမျှဖြင့်ပင် သန့်ရှင်းခြင်းကိစ္စကိုပြီးစေကြကုန်၏။
ရေစစ်ကလေးသည်ပင် သူတို့အတွက် သောက်ရေသန့် ထုတ်လုပ်ရာစက်ရုံဖြစ်၏။
ခေတ်မမှီဟုဆိုချင်ဆို တောရွာတွေမှာ ရေကိုဝယ်သောက်စရာမလိုသေး။
ရွာအဝင်ဝ အရိပ်ရသစ်ပင်တိုင်းနီးပါးမျှတွင် အလကားရနိုင်သေးသည်မှာ
တွေးတတ်မည်ဆိုပါက ဂုဏ်ယူစရာ မြန်မာ့ဓလေ့ အမွေအနှစ်ပင် မဟုတ်ပါလော့။
နောက်တစ်ခေါက်လာခဲ့ပါအဆွေ- ဥသြသံလေးတွေကိုနာခံရင်း၊ သစ်ပင်ရိပ်မှာနားခိုရင်း
ရေချိုကြည်မြ သောက်ခဲ့ရသည့်အရသာ မေ့သေးဘူးဆိုပါရင်ပေါ့ ။


0 comments:
Post a Comment