* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, January 29, 2010

ရွှေစင်တိပိဋကဓရဆရာတော် ဘဒ္ဒန္တဂန္ဓမာလာလင်္ကာရ Ph.D (Buddhism)




မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့ (ထိုင်းနိုင်ငံ)၏၊ သြဝါဒါစရိယဆရာတော် ဖြစ်တော်မူသော၊

စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတောင်ရိုး၊ တိပိဋက ဓမ္မနာဒပရိယတ္တိစာသင်တိုက်ကြီး၏၊ ပဓာနနာယက၊ တိပိဋကကောဝိဒ၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊ တိပိဋကနိကာယ စီမံအုပ်ချုပ်မှူမဟာနာယက၊ ရွှေစင်တိပိဋကဓရဆရာတော် ဘဒ္ဒန္တဂန္ဓမာလာလင်္ကာရ Ph.D (Buddhism) အရှင်သူမြတ်သည်၊ ယနေ့ နံနက် ၀၇း၀၀ အချိန်တွင် ဘန်ကောက်မြို့သို့ ကြွရောက်တော်မူလာရာ၊

ထိုင်းနိုင်ငံရှိ တက္ကသိုလ် အသီးသီးတို့တွင် ပညာတော်သင်ရောက်ရှိနေကြသော မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့ ၏ှ ကော်မတီဝင်များက ဖူမျှော်ကြည့်ညို ကန်တော့ကြပြီး၊ ဆရာတော်ဘုရားထံမှ ဆုံးမသြဝါဒများ ပြန်လည်ကာ ချီးမြင့်ပေးတော်မူကြောင်း သိရှိရပါသည်။




ဆရာတော်၏သြဝါဒ ကောက်နုတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

၁။ ။ စာသင်သားရဟန်းတော်များ အချင်းချင်း အပြင်အလှန် လေ့စားမှူရှိကြရန်။
၂။ ။ စာသင်သားရဟန်းတော်များ အချင်းချင်း အကျင့်စာရိတ္တဆိုင်ရာ ကူညီစောင့်ရှောက်ကြရန်။
၃။ ။ ထိုင်းရဟန်းတော်များနှင့် ၄င်းတို့၏ယဉ်ကျေးမူများကို အံဝင်ခွင်ကျ ကျင့်သုံး နေထိုင်တတ်ရန်။

စသည်အားဖြင့် သြဝါဒစကားများ မိန့်ကြားတော်မူပြီး၊ ည ၀၉း၀၀ အချိန်ခန့်တွင်၊ ထိုင်း မြန်မာနယ်စပ်မြို့ဖြစ်သော၊ ရနှောင်းမြို့သို့ ဆက်လက်ကြွရောက်တော်မူမည်ဖြစ်ကြောင်း သိရှိရပါသည်။




| |

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP