* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, January 29, 2010

ဒီဘူတာမွာခဏေလးရပ္မွာ



"ဒီဘူတာမွာခဏေလးရပ္မွာ"


ဘ၀ခန္ဓာ ၊သံသရာ၊ မောင်းလာရထားတွဲ။
လူ၏ ဘူတာ၊ ဆိုက်ရောက်လာ၊ ရပ်မှာခဏပဲ။
ကိုယ်ပိုင်ဥစ္စာ၊တင်စရာ၊ မီရာမိအောင်ဆွဲ။
ကိုယ်လက်မှတ်မှာ၊ တစ်စောင်သာ၊ ဖြတ်ပါသတိစွဲ။
အသိမှန်ကန်၊ ကိုယ့်ဖို့ကျန်၊ ဧကန်အားရှိမြဲ။

(တိပိဋကဓရ၊ အဂ္ဂမဟာပဏ္ဍိတာ(ယော)ဆရာတော်)

တိပိဋကဓရ၊ အဂ္ဂမဟာပဏ္ဍိတာ(ယော)ဆရာတော်၏ ဆုံးမစာ လင်္ဏာလေး အဓိပ္ပါယ်မှာ စဉ်းစားလေ နက်နဲလေဖြစ်ပါတယ်။ လူဘ၀တစ်သက် ဆိုတာ ဘူတာတစ်ခုမှာ မီးရထားတွဲထဲဝင်ပြီး ခဏဆိုက်ရောက်နေတာနဲ့တူပါတယ်။ အ၀ိဇ္ဖာ တဏှာ ကိလေသာ အပူမီးတွေ နဲ့ ခန္ဓာသံသရာ မီးရထားကြီး ခုတ်မောင်းလာခဲ့တာ ကြာပါပြီ။ ခုတ်မောင်းခဲ့စဉ်တလျောက်မှာလည်း တိမ်မှောက် လမ်းချော် ဒုက္ခအဖုံဖုံနဲ့ လူဘ၀ ဘူတာမှာ ခဏတာ ဆိုက်ရောက်နေချိန်ပါ်။

ခဏတာ ရထားရပ်ချိန်လေးမှာ ဗုဒ္ဓသာသနာတော်နဲ့ ကြုံတွေ့ ခွင့်ရနေတာ ဖြစ်လို့ ကိုယ့်နောက်ပါမဲ့ ဒါနသီလ ဘာဝနာ ရိက္ခာထုပ်တွေ စုဆောင်းကြရမယ်။ အို၊ နာ၊ သေ ဥသြ ဆွဲပြီး လူဘ၀ဘူတာမှ မထွက်မီ သတိဥာဏ်ဦးဆောင်ကာ မှန်ကန်တဲ့အသိရောပြီး မိအောင်ဆွဲကာ အမြန်တင်ရမှာ ဖြစ်တယ်။ ပေါ့ဆ အေးစက်စက်လုပ်ရင်တော့ ဟိုဟာကျန် ဒီဟာကျန် နဲ့ နစ်နာဆုံးရှုံးမှုတွေရမှာဖြစ်တယ်။ အသိတရားတွေ ပွင့်လင်းလာရပါတယ်။

"တွေ့ရသူတွေကို နှုတ်ဆက်ထားခဲ့ပါ"

တိမ်တိုက်ပမာ၊ သံသရာ၊ တွေ့လာ တစ်ခဏ။
လေကြောင့်ကွဲကွာ၊ ပျက်ရရှာ၊ လျင်စွာပျောက်သွားကြ။
အပူနုတ်ကာ၊ အေးတာကိုဆက်၊ ရှေ့ကိုတက်၊ နှုတ်ဆက်သူတွေ စိတ်အေးရ။

လူဘ၀ဘူတာခဏတွေ့ရသူအားလုံး ကောင်းကင်မှာရှိတဲ့ တိမ်တိုက်ကြီးတွေနဲက တကယ်တူပြန်ပါတယ်တဲ့။ တိမ်တွေဟာ လေကြောင့် ပေါင်းစုမိသွားလိုက်၊ ပေါင်းစုံနေတဲ့ တိမ်တွေဟာ လေကြောင့် ကွဲသွားကြနဲ့။ လေ၏ပြုပြင်ချယ်လှယ်ဖန်တီးသမျှခံနေရတာပါ။ ဘ၀သံသရာသည်လည်း ဒီအတိုင်းပါပဲ။

လူဘ၀ ဘူတာ ခဏရောက်ခိုက် သားအမိ၊ သားအဖ၊ ညီအစ်ကိုမောင်နှမ၊ ညီအစ်မ၊ ဇနီး ၊ခင်ပွန်း၊ သတင်းသုံးဖော် စတဲ့ ဆွေမျိုး မိတ်ဆေတွေ ခဏပေါင်းဆုံမိကြတယ်။ ကံဆိုတဲ့ လေက ပေါင်းဆုံပေးတာပါ။ ကန့်သတ်ချိန်စေ့တော့ ပေါင်းဆုံရာက သေကွဲရှင်ကွဲ တစ်မျိုးမျိုးနဲ့ ကွဲရပြန်တယ်။ ဘယ်သူနဲ့ ဘယ်လိုတွေ့တွေ ခဏတာပါ။ လူ့ဘ၀ဘူတာက မီးရထားထွက်တာနဲ့ အားလုံးခွဲခွာကြမှာပါ။ခွဲခွာသူရော ကျန်ရစ်သူပါ ဒါန သီလ ဘာဝနာတွေ ကို ကျိုးစားအားထုတ်မှသာလျင် စိတ်အေးလက်အေး နှုတ်ဆက်နိုင်မှာဖြစ်တယ်။

တရားအသိတွေ တိုတိုနဲ့လိုရင်း ထိမိအောင် ဟောကြားပြသပေး သော တိပိဋကဓရ၊ အဂ္ဂမဟာပဏ္ဍိတာ(ယော)ဆရာတော် ၏ ဥဏ်တော်အား ချီးကျူး ဂုဏ်ပြုရင်း ဓမ္မမိတ်ဆွေများ အားမျှဝေပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။
ညခင်း









0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP