* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, January 29, 2010

ဘဝ၏ သဘာဝ သို့တည်းမဟုတ် သုည

Monday, January 25, 2010

ဘဝ…ပြောတော့လွယ်သည်၊ တကယ်တွေးကြည့်က တကယ်ပင် ခက်ခဲနက်နဲသော ဘဝ။

လူမမည်ခလေးဘဝမှ အစပြုကာ သေဆုံးသည့်တိုင်အောင် အကျွန်ုပ်တို့သည်၊ လူသားများပီပီ ရေကြည်ရာ မြက်နုရာကို သွားကြ၊ ခင်မင်ရာ ရင်းနှီးရာကို ရှာကြ၊ တွေ့ကြ ဆုံကြ ခင်မင်ကြ ထို့နောက် ပြန်လည် ကွဲကွာ သွားကြပြန်၏၊

သုညက စခဲ့ကြသော ကျွန်ုပ်တို့ ဘဝသည် နောက်ဆုံးတွင် သုညဖြင့် ပြန်လည် အဆုံးသတ်ရလေ၏၊ လူတစ်ယောက်နှင့် တစ်ယောက်သည် တစ်ချိန်ချိန်တွင် တစ်နေရာရာ၌ တွေ့ကြ ဆုံကြ၍၊ အကြောင်း တစ်ခုခုဖြင့် စတင်သိကျွမ်းခဲ့ကြလေ၏၊

ထိုသူနစ်ယောက်သည် နောက်ထပ် အကြောင်းအရာ တစ်ခုခုဖြင့် နောက်တစ်ကြိမ် တွေ့ဆုံကြကာ ထို့ထက်ပိုမို ရင်းနှီခဲ့ရပြန်လေ၏၊ ဤသို့ဖြင် တစ်စထက်တစ်စ ရင်းနှီကာ မိတ်ဆွေ သူငယ်ချင်းများ သဖွယ် ဖြစ်သွားကြပြီး ပြောမနာ ဆိုမနာ အရင်းနှီးဆုံးများ အဖြစ်သို့ ရောက်မှန်းမသိ ရောက်ရှိရပြန်သည်။

သူတို့နစ်ဦးသည် ပြောမနာ ဆိုမနာ ဘဝများမှ မထင်မှတ်သော အကြောင်းအရာ တစ်ခုခုဖြင့်၎င်း၊ မိမိ၏ အလိုမကျမူလေးများမှ အစပြုကာ၊ တစ်ဦးနှင့် တစ်ဦး အထင်အမြင် လွဲမူများဖြင့်၎င်း၊ တစ်ယောက်တစ်နေရာစီ ရောက်မှန်းမသိ ရောက်ရှိသွားကာ လမ်းခွဲကြရပြန်လေသည်။ ဤသို့လျှင် သုညက စခဲ့သော ဘဝသည် နောက်ဆုံး သုညသို့ပြန်လည် ရောက်ရှိသွားရလေတော့၏။

သုညဖြင့်စတင်ခဲ့သော အကျွန်ုပ်သည်လည်း မည်သည့်ရက် မည်သည့်အချိန်တွင် မည်ကဲ့သို့ အကြောင်း အရာမျိုးဖြင့် သုညဖြစ်ရအုံမည် ဆိုသည်ကို စောင့်မျှော်ရင်း………………။

လူသားပီပီ ရေကြည်ရာ မြက်နုရာ ခင်မင်ရာ ရင်းနှီးရာများကို ဆက်လက်ရှာဖွေ နေပါအုံးမည်။

လူသဘာဝ လူ့လောက အကြောင်းများကို အတွေ့အကြုံရှိရှိ ပြောဆိုလမ်းညွန် ဆိုဆုံးမပေးနေသော အကျွန်ုပ်၏ မိတ်ဆွေနှင့် ဆွေးနွေးခန်းများကို ပြန်လည်တင်ပြခြင်းဖြစ်ပါသည်။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP