* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, January 29, 2010

အမိအဖပြုစုသူကို သူတော်ကောင်းတို့ ချီးမွမ်း၏...

ဗြဟ္မ (မြတ်သောအကျင့်)

ရဟန်းတို့ မိမိအိမ်၌ အမိအဖတို့ကို ပူဇော်သော အမျိုးသား အမျိုးသမီးတို့သည် ဗြဟ္မာ ရှိသည် မည်ကုန်၏၊ ရဟန်းတို့ မိမိအိမ်၌ အမိအဖတို့ကို ပူဇော်သော အမျိုးသား အမျိုးသမီးတို့သည် လက်ဦးဆရာ ရှိသည်မည်ကုန်၏၊ ရဟန်းတို့ မိမိအိမ်၌ အမိအဖတို့ကို ပူဇော်သော အမျိုးသား အမျိုးသမီးတို့သည် အိမ်ဦးနတ်ရှိသည် မည်ကုန်၏၊ ရဟန်းတို့ မိမိအိမ်၌ အမိအဖတို့ကို ပူဇော်သော အမျိုးသားအမျိုးသမီးတို့သည် အဝေးမှ ဆောင်အပ်သော အလှူကို ခံထိုက်သော အလှူခံရှိသည် မည်ကုန်၏။

ရဟန်းတို့...
''ဗြဟ္မာ'' ဟူသော ဤအမည်သည် အမိအဖတို့၏ အမည်တည်း၊
''လက်ဦးဆရာ'' ဟူသော ဤအမည်သည် အမိအဖတို့၏ အမည်တည်း၊
''အိမ်ဦးနတ်'' ဟူသော ဤအမည်သည် အမိအဖတို့၏ အမည်တည်း၊
''အဝေးမှ ဆောင်၍ လှူအပ်သော အလှူခံ''ဟူသော အမည်သည် အမိအဖတို့၏ အမည်တည်း။

ထိုသို့ အမည်ရခြင်းသည် အဘယ် ကြောင့်နည်းဟူမူ-

ရဟန်းတို့ အမိအဖတို့သည် သားသမီးတို့အား များသော ကျေးဇူး ရှိကုန်၏၊ အသက်ကိုစောင့်ရှောက် တတ်ကုန်၏၊ ကျွေးမွေး တတ်ကုန်၏၊ ဤလောကကို ညွှန်းပြတတ် ကုန်၏ ဟု မိန့်တော်မူ၏။

အမိအဖတို့ကို သားသမီးတို့၏ 'ဗြဟ္မာ' ဟူ၍ လည်းကောင်း၊ 'လက်ဦးဆရာ' ဟူ၍ လည်းကောင်းဆိုထိုက်ကုန်၏၊ 'အဝေးမှ ဆောင်၍ လှူအပ်သော အလှူခံတို့' ဟု ဆိုထိုက်ကုန်၏၊ အမိအဖတို့သည် သားသမီးတို့အား အစဉ်သနားတတ် ကုန်၏။ ထို့ကြောင့်သာလျှင် ပညာရှိသားသမီးသည် ထို အမိအဖတို့ကို ရှိလည်း ခိုးရာ၏၊ ထမင်းဟင်းဖြင့် လည်းကောင်း၊ ထို့ပြင် အဖျော် ယမကာဖြင့် လည်းကောင်း၊အဝတ် အရုံဖြင့် လည်းကောင်း၊ အိပ်ရာ နေရာဖြင့်လည်းကောင်း၊ အမွှေး နံ့သာ လိမ်းကျံ ပေးခြင်းဖြင့်လည်းကောင်း၊ ရေချိုးပေးခြင်းဖြင့် လည်းကောင်း၊ ခြေဆေးပေးခြင်းဖြင့် လည်းကောင်း အရိုအသေ ပြုလျက် ပူဇော်ရာ၏။ အမိအဖတို့၌ ထိုသို့ လုပ်ကျွေးမွေးမြူခြင်းကြောင့် ထို သားသမီးကို ယခုဘဝ၌ပင် ပညာရှိတို့သည် ချီးမွမ်းကြကုန်၏၊ ထို သားသမီးသည် တမလွန်ဘဝ၌လည်း နတ်ပြည်၌ မွေ့လျှော်ရလေ သတည်း။ 63

၃ - ဗြဟ္မသုတ်၊ ပတ္တကမ္မ၀ဂ်၊ စတုက္ကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP