* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, January 29, 2010

အနော်ရထာမင်းကြီး၏ ကောင်းမှုတော် စွယ်တော်စေတီ လေးဆူ

ငါတည်ထား ကိုးကွယ်တော်မူအပ်သော စွယ်တော်မြတ်လေးဆူကို
အကြင်သူသည် နောက်နေ့မကူး၊ နေ့ချင်းဖူး၏၊
လှူသည့်ကုသိုလ်၊ မပိုတူ၏၊
တောင်းဆိုစကား၊ မမှားတူ၏၊
သီလငါးချက်၊ မပျက်လုံ၏၊
ထိုသည့်သူအား၊ မကြာချက်ချင်း၊
လက်ငင်းကောင်းကျိုး၊ ထူးစေသတည်း။

အထက်ပါစာပိုဒ်မှာ အနော်ရထာမင်းကြီး၏ သစ္စာအဓိဋ္ဌာန်ဖြစ်သည်ဟု အစဉ်အလာ ဆိုရိုးရှိပါသည်။ ယခုအခါ ပုဂံဘုရားဖူးများသည် အထက်ပါ ဆိုရိုးစကားအတိုင်း ပုဂံတ၀ိုက်ရှိ စွယ်တော်စေတီလေးဆူကို ကြိုးစား၍ နေ့ချင်းဖူးမြော်လေ့ရှိကြပါသည်။ စွယ်တော်စေတီလေးဆူမှာ -
၁။ ရွှေစည်းခုံ စေတီတော်
၂။ တန့်ကြည့်တောင် စေတီတော်
၃။ လောကနန္ဒာ စေတီတော်
၎။ တုရင်တောင် စေတီတော် တို့ဖြစ်သည်။

(ရွှေစည်းခုံစေတီတော်)
အနော်ရထာမင်းကြီးသည် နန်းစံသက် ၁၄-နှစ်မြောက် သက္ကရာဇ် ၃၉၃-ခုနှစ်တွင် သီဟိုဠ်ကျွန်း (သီရိလင်္ကာ) သို့ တမန်စေလွှတ်၍ စွယ်တော်ပွားကို ပင့်ဆောင်စေသည်။ သီဟိုဠ် (သီရိလင်္ကာ) မင်း ဓာတုသေနသည် မြတ်စွာဘုရား၏ စွယ်တော်ပွားကို ပေးအပ်ခဲ့သည်။ အနော်ရထာမင်းကြီးသည် ရှင်အရဟံ၏ သြ၀ါဒကို ခံယူ၍ ပုဂံမြို့ အရှေ့မြောက်အရပ်တွင် စွယ်တော်ကို ဌာပနာ၍ ရွှေစည်းခုံစေတီတော်ကို တည်တော်မူသည်။ စေတီတော် မပြီးမီ မင်းကြီး နတ်ရွာစံသောကြောင့် သက္ကရာဇ် ၄၄၆-ခုနှစ်တွင် ထီးနန်းဆက်ခံသော သားတော် ကျန်စစ်သားမင်းကြီးက ဆက်၍ တည်တော်မူရာ သက္ကရာဇ် ၄၅၂-ခုနှစ် ကဆုန်လပြည့်နေ့တွင် ရွှေထီးတော် တင်လှူနိုင်ခဲ့သည်။

(တန့်ကြည့်တောင် စေတီတော်)
ပုဂံမြို့တဖက်ကမ်း တန့်ကြည့်တောင်ထိပ်ပေါ်တွင် တည်ရှိသည်။
မြတ်စွာဘုရား ဒေသစာရီ ကြွချီတော်မူစဉ် ရပ်တန့်၍ ကြည်ရှုတော်မူရာ တောင်ထိပ်ဖြစ်သောကြောင့် တန့်ကြည့်တောင်ဟု အမည်တွင်ခဲ့သည်။ သီရိဓမ္မာသောကမင်းကြီးက စေတီပေါင်း ရှစ်သောင်းလေးထောင် တည်ခဲ့ရာတွင် တန့်ကြည့်တောင်ထိပ်၌ စေတီတော်တဆူ တည်ခဲ့သည်။

ပုဂံပြည့်ရှင် အနော်ရထာမင်းကြီးသည် ရှင်အရဟံ၏ မိန့်ကြားချက်အရ သီဟိုဠ် (သီရိလင်္ကာ)မှ ရသော စွယ်တော်ပွားတဆူကို ထိုစေတီတွင် ဌာပနာ၍ ပြုပြင်တည်ထားတော်မူခဲ့ခြင်း ဖြစ်သည်။

( လောကနန္ဒာ စေတီတော်)
ပုဂံမြို့တောင်ဘက် ဧရာဝတီ မြစ်ကမ်းနားထိပ်တွင် တည်ရှိသည်။
သီဟိုဠ်ကျွန်း (သီရိလင်္ကာ) မှ ပင့်ဆောင်လာသော စွယ်တော်များ တင်ဆောင်သည့် သင်္ဘော ဆိုက်ကပ်ရာ ဤနေရာတွင် စွယ်တော်တဆူကို ဌာပနာပြီး အနော်ရထာမင်းကြီးက တည်ထားခဲ့ခြင်း ဖြစ်သည်။ ဤစေတီတော်တွင် သက္ကရာဇ် ၅၆၉-ပါသော ကျောက်စာတချပ် အခိုင်အမာ တွေ့ရှိရသည်။

(တုရင်တော် စေတီတော် )
ပုဂံမြို့၏ အရှေ့တောင်ဘက် ခြောက်မိုင်ခန့်အကွာ တုရင်တောင်ပေါ်တွင် တည်ရှိသည်။
သီဟိုဠ်ကျွန်း (သီရိလင်္ကာ) မှ ပင့်ဆောင်လာသော စွယ်တော်ပွားတဆူကို သက္ကရာဇ် ၃၉၃-ခုနှစ်တွင် အနော်ရထာမင်းကြီးက တည်ထားတော်မူခြင်း ဖြစ်သည်။

( မောင်ရွှန်းသစ်)


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP