ဖိတ်ကြားလွှာ
မလေးရှားနိုင်ငံ ၊ ကွာလာလမ်ပူမြို့တော် ၊ မဟာစည်သြ၀ါဒခံ ညောင်ကန်အေး သာသနာ့ရိပ်သာ (ကူချိုင်းလားမား) တရုတ်နှစ်သစ်ကူးကာလ မဟာစည်သတိပဋ္ဌာန် ၀ိပဿနာတရားစခန်းပွဲတော် နှင့် စုပေါင်းဒုလ္လဘရဟန်းခံပွဲတော် တိုက်တွန်းနှိုးဆော် ဖိတ်ကြားလွှာ
တရားစခန်းပွဲတော်နှင့် စုပေါင်း ဒုလ္လဘရဟန်းခံပွဲတော်စတင်မည့်နေ့နှင့် ကာလ
၁၃၇၁ ခု တပေါင်းလဆန်း (၁)ရက် ၂၀၁၀ ခုနှစ် ဖေဖ၀ါရီလ (၁၃)ရက် စနေနေ့ မှ စတင်၍
၁၃၇၁ ခု တပေါင်းလဆန်း (၂၁ ) ရက် တနင်္ဂနွေနေ့ အထိကာလ အတွင်း မည်သူမဆို ဒုလ္လဘရဟန်းဘောင်သို့ တက်လှမ်းလျှက် မဟာသတိပဋ္ဌာန် ၀ိပဿနာ တရားဘာဝနာများကို ပွားများ အားထုတ် ကုသိုလ်တော် ယူနိုင်ကြ ပါသည်။ ။
ဆက်သွယ်ရန် ကျောင်းဖုံး….၀၃၇၉၈၃၈၈၀၈
ဆရာတော်ဖုံး……..၀၁၄၆၆၄၆၈၄၅
မလေးရှားနိုင်ငံ ၊ ဒေသအသီးသီးရောက်ရှိနေထိုင်နေကြပါကုန်သော ဗုဒ္ဓဘာသာ ကလျှာဏနွယ်ဝင် ရွှေမြန်မာ အပေါင်း သူတော်ကောင်းတို့… ဧကာယနော အယံဘိက္ခဝေ မဂ္ဂေါဟု ဘုရားဟောပါဠိ လာရှိသည့် အားလျှော်စွာ ပင် ဆင်းရဲခြင်းဘေး ၊စိတ်အညစ်ကြေး နှင့်၊ ပူဆွေးသောက ဗျာပါဒတို့မှ မုချကင်းလျှက် လက်ငင်း ဒိဋ္ဌ ကောင်းကျိုးမှန်သမျှကို ရနိုင်ကြပြီး မဂ်ညာဏ် ဖိုလ်ညာဏ် မြတ်နိဗ္ဗာန်သို့ အရောက်ပို့နိုင်သည်မှာ သတိပဋ္ဌာန် ၀ိပဿနာ ဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်း ပွားများခြင်းသာ ဖြစ်ပါပေသည် ။ သို့ဖြစ်ရာ မနုဿတ္တ ဒုလ္လဘကို အရတော်ခိုက်ဝယ် ဘာဝနာကမ္မဋ္ဌာန်းတရားကို စီးဖြန်းပွားများထားနိုင်မှ ကိုယ်စိတ်ငြိမ်းချမ်း ရွှင်လန်းအေးမြ အနေလှပြီး အေးချမ်းရာမှန် မြတ်နိဗ္ဗာန်ကို လျှင်မြန်စောစွာ မျက်မှောက်ပြုနိုင်မည်ဖြစ်ပါသည်၊ ထို့ပြင်လည်း ပြုအပ်ခဲ့ဖူးသည့် ဒါနသီလအမှု့မျှနှင့် အားရကျေနပ်နေမည် ဆိုပါက အနေမမြတ်အသေမမြတ်ဟု ဆရာ့ဆရာတို့ မိန့်မှာဆုံးမ နည်းလမ်းပြခဲ့ကြပါသည်။
ဘုရားမြတ်စွာ အရိယာနှင့် သူတော်စဉ်များထုံးကို နှလုံးမူ၍လည်းကောင်း၊ မလေးရှားနိုင်ငံရောက် ရွှေမြန်မာ အမျိုးကောင်းသားများသည် မိမိတို့အားလပ်ရက်များကို တန်ဖိုးရှိရှိ အသုံးချစေ အကျိုးတရား တိုးပွားများပြား ပါစေခြင်း အကျိုးငှာလည်းကောင်း ရည်သန်စိတ်ထား၍ တရုတ်နှစ်သစ်ကူး အားလပ်ရက်ကာလများတွင် စုပေါင်းဒုလ္လဘရဟန်းခံပွဲ ၊ စုပေါင်းမဟာသတိပဋ္ဌာန်ဝိပဿနာ တရားဘာဝနာ အားထုတ်ပွဲများကို မဟာစည်သြ၀ါဒခံ ညောင်ကန်အေး သာသနာ့ရိပ်သာ(ကူချိုင်းလားမား)တွင် ကျင်းပမည်ဖြစ်ပါသည်။သို့ဖြစ်ပါ၍ ဒုလ္လဘ ရဟန်း ၀တ်လိုကြသော ရွှေမြန်မာ အမျိုးကောင်းသားများ အနေဖြင့် ညောင်ကန်အေး သာသနာ့ရိပ်သာ (ကူချိုင်းလားမား)သို့ စုံစမ်း ဆက်သွယ်သတင်းပို့နိုင်ကြပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ တိုက်တွန်းနိုးဆော် ဖိတ်မန္တက ပြုအပ်ပါသည် ရွှေမြန်မာ အပေါင်း သူတော်ကောင်းတို့။
တရားစခန်းပွဲတော်နှင့် စုပေါင်း ဒုလ္လဘရဟန်းခံပွဲတော်စတင်မည့်နေ့နှင့် ကာလ
၁၃၇၁ ခု တပေါင်းလဆန်း (၁)ရက် ၂၀၁၀ ခုနှစ် ဖေဖ၀ါရီလ (၁၃)ရက် စနေနေ့ မှ စတင်၍
၁၃၇၁ ခု တပေါင်းလဆန်း (၂၁ ) ရက် တနင်္ဂနွေနေ့ အထိကာလ အတွင်း မည်သူမဆို ဒုလ္လဘရဟန်းဘောင်သို့ တက်လှမ်းလျှက် မဟာသတိပဋ္ဌာန် ၀ိပဿနာ တရားဘာဝနာများကို ပွားများ အားထုတ် ကုသိုလ်တော် ယူနိုင်ကြ ပါသည်။ ။
ဆက်သွယ်ရန် ကျောင်းဖုံး….၀၃၇၉၈၃၈၈၀၈
ဆရာတော်ဖုံး……..၀၁၄၆၆၄၆၈၄၅

0 comments:
Post a Comment