* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, January 23, 2010

မိမိကိုယ်ကို စောင့်ရှောက်နှင့် နံ့သာမိုးနှင့် ပန်းမိုးစွေသော ကုသိုလ်

မိမိကိုယ်ကို စောင့်ရှောက်
ဘေးရန်ကို တားဆီးခြင်း အကျိုးငှါ ပစ္စည်းဥစ္စာကို စောင့်ရှောက်ရာ၏။
ပစ္စည်းဥစ္စာတို့ထက်လည်း မယားကို စောင့်ရှောက်ရာ၏။
မယားထက်လည်းကောင်း၊ ပစ္စည်းဥစ္စာထက်လည်းကောင်း
မိမိကိုယ်ကို နေ့စဉ်မပြတ် စောင့်ရှောက်ရာ၏။

( စွယ်စုံနီတိကထာ)

နံ့သာမိုးနှင့် ပန်းမိုးစွေသော ကုသိုလ်

ကဿပဘုရားရှင်ကလည်း ဤကံ၏အကျိုးကြောင့် အလုံးစုံသော ဘဝတို့၌ ကောင်းသော ကိုယ်ရနံ့ရှိသူ ဖြစ်လတံ့။ ဂုဏ်ရနံ့နှင့်လည်း ပြည့်စုံ၍ အာသဝေါမရှိဘဲ နိဗ္ဗာန်စံရလတံ့-ဟု ဗျာဒိတ်စကား မိန့်ကြားတော် မူခဲ့ပါသည်။ ထိုအရှင်သည် ထိုဘဝ၌ ကွယ်လွန်ပြီးနောက် တာဝတိံသာနတ်ပြည်၌ နတ်သားဖြစ်သည်။ နောက်ဆုံးဘဝ၌ (ဂေါတမဘုရားလက်ထက်တော်၌) ပုဏ္ဏားမျိုး၌ဖြစ်၍ ထိုအရှင်ကို ပဋိသန္ဓေလွယ်ရစဉ်ကပင် ထိုအရှင်၏ မိခင်၏ ကိုယ်ရနံ့သည် အလွန်မွှေးကြိုင်နေလေသည်။

ထိုအရှင်ကို အမိဝမ်းမှ ဖွားမြင်လိုက်သောအချိန်၌ သာဝတ္ထိတပြည်လုံးသည် အမွှေးရနံ့များဖြင့် ကြိုင်လှိုင်သွားသည်။ ၄င်းအချိန်၌ ကောင်းသောရနံ့ရှိသော ပန်းမိုး-ရွာချသည်။ နံ့သာမိုးလည်း ရွာချသည်။ စိတ်နှလုံးကို မွေ့လျော်စေသော နတ်တို့၏ရနံ့များနှင့် အဖိုးများစွာထိုက်တန်သော မွှေးသော အခိုးအထုံတို့ဖြင့် ကြိုင်လှိုင်ကုန်သည်။ ထိုအရှင်၏ အိမ်သည်လည်း အခါခပ်သိမ်း နတ်ပန်းရနံ့တို့ဖြင့် မွှေးကြိုင်ကုန်သည်။ ထိုအရှင်သည် နုပျိုလှပချောမွေ့သူလည်း ဖြစ်သည်။ ထိုအရှင် ပထမအရွယ်သို့ ရောက်သောအခါ ဂေါတမမြတ်စွာဘုရားသည် သာဝတ္ထိပြည်သို့ ကြွလာသည်။ ထိုအရှင်သည် သာသနာ၌ ကြည်ညို၍ ရဟန်းပြုခဲ့သည်။

ထိုအရှင်ရဟန်းပြုသောနေ့၊ ထိုအရှင်ရဟန္တာဖြစ်သောနေ့၊ ထိုအရှင် ပရိနိဗ္ဗာန်ပြုသောနေ့တို့မှာလည်း တိုင်းပြည်၌ ပန်းမိုး နံ့သာမိုး ရွာသွန်းသည်။ ထိုအရှင်၏ ကိုယ်ရနံ့သည် အဖိုးများစွာထိုက်သော စန္ဒကူးနံ့၊ စကားပန်းနံ့၊ ကြာညိုနံ့နှင့် အခြားနံ့သာတို့ကို လွှမ်းမိုးကျော်လွန်၍ မွှေးကြိုင်သည်။ ထို့ကြောင့် အရှင်စူဠသုဂန္ဓမထေရ်-ဟု ခေါ်တွင်ကြသည်။
***********************************

ထေရာအပါဒါန်ပါဠိတော် မြန်မာပြန်ကျမ်းကို ဖတ်ရှုလေ့လာ၍ ထူးခြားစွာ နံ့သာမိုးနှင့် ပန်းမိုးရွာလောက်အောင် ကုသိုလ်ကံကြီးမားခဲ့သော အရှင်စူဠသုဂန္ဓမထေရ် အကြောင်းကို တင်ပြအပ်ပါသည်။
ယခုမျက်မှောက်ခေတ်၌လည်း သီလစင်ကြယ်လျက် သက်သတ်လွတ်စားသူ ပါရမီရှင် ပုဂ္ဂိုလ်ထူးများ၌ ခန္ဓာကိုရနံ့ မွှေးသည်ကို ကြားဖူး၊ ကြုံဖူးကြပါလိမ့်မည်။ ဥပမာအားဖြင့်-ကုံလုံဆရာတော်ဘုရားကြီး၏ ခန္ဓာကိုယ် ရနံ့သည် မွှေးပါသည်။

ခေတ်သစ်ဆေးသိပ္ပံပညာအရဆိုလျှင် လူတို့၏ ကိုယ်နံ့၊ ချွေးနံ့၊ ဆီးနံ့တို့သည် မွှေးစရာအကြောင်းမရှိပေ။ ချွေးနံ့သည် လုံးဝမွှေးခြင်းမရှိ၊ မလိုလားအပ်သော နံသောအနံ့သာ ရှိသည်။ ဆီးနံ့သည် ငါးညှီနံ့ကဲ့သို့ အနည်းငယ် ညှီပါသည်။ သို့ရာတွင် ဤသဘာဝဖြစ်ရပ်များကို ကျော်လွန်၍ ဆီးနံ့မနံခြင်း၊ ချွေးနံ့မနံခြင်း ဖြစ်ရပ်များကို၎င်း၊ ရေမွှေးဆွတ်ခြင်းကြောင့် မဟုတ်ဘဲ ကိုယ်နံ့မွှေးခြင်း၊ ထို့ထက်ကျော်လွန်၍ ဆီးနံ့က ပန်းနံ့ကဲ့သို့ မွှေးခြင်း ဖြစ်ရပ်များကို၎င်း ကျွန်မ၏ ဆရာဝန်သက်တမ်း ၁၃-နှစ်အတွင်း ထူးထူးခြားခြား တွေ့ကြုံခဲ့ရပါသည်။

ကျွန်မလေ့လာမှတ်သားမိသလောက် လူနာအချို့သည် ရေမွှေးမည်မျှဆွတ်ဆွတ် ချွေးနံ့အလွန်နံပါသည်။ ထိုသူတို့သည် တရားထိုင်လေ့မရှိသူများ၊ အမျက်ဒေါသကြီးသူများ၊ လောဘကြီးသူများ၊ သူတပါးကို မနာလိုအားကြီးသူများ၊ ကိုယ် စိတ်နှလုံးကို မစောင့်စည်းတတ်သူများ၊ ဝက်သား အမဲသားတို့ကို အလွန်အကျူး တပ်မက်၍ မကြာခဏ ခပ်များများ စားသူများ၊ ဟင်းသီးဟင်းရွက် အစားနည်းသူများ ဖြစ်ကြပါသည်။

အချို့မှာ ရေမွှေးမဆွတ် မသုံးသော်လည်း ချွေးနံ့၊ ကိုယ်နံ့ မနံပါ။ ထိုသူတို့မှာ ဝက် အမဲ ရှောင်သူများ၊ ဟင်းရွက်နှင့် သစ်သီး အစားများသူများ၊ သက်သတ်လွတ်စားသူများ၊ စိတ်နေစိတ်ထား တည်ငြိမ်အေးဆေး သူများ၊ ဒေါသမကြီးတတ်သူများ၊ လောဘမကြီးတတ်သူများ၊ ရနံ့မွှေးသော မြန်မာဆေးတခုခုကို စွဲစွဲမြဲမြဲ သောက်နေသူများ၊ စိတ်ထားကောင်းသူများ၊ သီလမြဲသူများ၊ တရားထိုင်သူများ ဖြစ်ကြပါသည်။

( ဒေါက်တာ နီနီလွင်-သံတွဲ)
ကဿပဘုရားရှင် လက်ထက်တော်က ဖြစ်ပါသည်။ အရှင်စူဠသုဂန္ဓမထေရ်လောင်းလျာ၏ ကိုယ်နံ့သည် စိမ်းရွှေညှီဟောက်သော အနံ့မျိုးရှိခဲ့သည်။ သို့ဖြစ်၍ ထိုအရှင်လောင်းလျာသည် စိတ်ဆင်းရဲ ညှိုးနွမ်းခဲ့ရသည်။ သို့ရာတွင် ပါရမီဉာဏ်ရင့်သန်သူဖြစ်သောကြောင့် ကဿပဘုရားရှင်ထံသို့ သွား၍ တရားနာခဲ့သည်။ ခန္ဓာကိုယ်၌ ကောင်းသောရနံ့ရှိသူ ဖြစ်ပါစေ-ဟု ဆုတောင်းခဲ့ပြီး လစဉ်လတိုင်း ၈-ရက်နေ့တို့၌ ဘုရားရှင်၏ ဂန္ဓကုဋိမြေကို နံ့သာမျိုးလေးပါးဖြင့် လိမ်းကျံပူဇော်ခဲ့ပါသည်။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP