* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, January 23, 2010

ဖိုးသား၏ မေးမြန်းချက်အား ပြန်လည်ဖြေကြားလိုက်ပါသည်။

Friday, January 22, 2010

မေး။ ။ ၁။ ဗုဒ္ဓဘာသာ တစ်ယောက်က အခြေအနေ တစ်ခုကို မလွန်ဆန်နိုင်လို့ တခြားဘာသာဝင် တစ်ဦးအဖြစ် လက်ခံလိုက်ရတယ်၊ အဲဒီလူရဲ့ စိတ်က အဲဒီဘာသာကို မကြည်ညိုပေမယ့် အဲဒီဘာသာရဲ့ ထုံးတမ်းစဉ်လာကို တစ်သက်လုံး လုပ်ခဲ့ရတယ် (ဘယ်လို အလုပ်မျိုးလဲတော့ မမေးလိုက်မိဘူးဘုရား) ဆိုရင် အဲလိုလူ တစ်ဦးမှာ အပြစ်ဖြစ်နိုင်သလား ဘုရား၊ သရဏဂုံကော ပျက်သွားမလား ဘုန်းဘုန်း၊ တကယ်လို့ သရဏဂုံ ပျက်သွားခဲ့ရင်တောင် အဲဒီလို ပျက်တဲ့အတွက် တမလွန်မှာ အပြစ်ဖြစ်နိုင် (မကောင်းကျိုး ပေးနိုင်) ပါသလား ဘုရား…။

မေး။ ။ ၂။ နောက်မေးခွန်းတစ်ခုက ဒီလိုပါ ဘုရား..။ ဘာသာခြား တစ်ဦးအနေနဲ့ ၀ိပဿနာကို အားထုတ်ချင်နေတယ်၊ ၀ိပဿနာကို စိတ်လည်း ၀င်စားတယ်၊ ၀ိပဿနာဟာ ဘယ်လိုသဘောလဲ သူ သိချင်နေတယ်၊ ဒါပေမယ့် ဗုဒ္ဓဘာသာကိုတော့ မကိုးကွယ်ချင်ဘူး..၊ ၀ိပဿနာကိုသာ လိုက်စားချင်တာ..။ အဲလိုလူမျိုးအတွက် ၀ိပဿနာကို စိတ်ပါလက်ပါ အားထုတ်လို့ တရား ရနိုင်ပါသလားဘုရား၊ ရတနာ သုံးပါးကို မကိုးကွယ်လို့မို့ အနှောင့်အယှက် ဖြစ်နိုင်ပါသလား ဘုန်းဘုန်း..။ တရားအားထုတ်တဲ့ နေရာမှာ များသောအားဖြင့် သရဏဂုံ မတည်ဘဲနဲ့ တရား မရနိုင်ဘူးဆိုတာ ကြားဖူးလို့ပါ… ဆိုပြီး တပည့်တော်ကို မေးလျောက်ခိုင်းပါတယ်ဘုရား

ဖြေ။ ။ သရဏဂုဏ် ပျက်ကြောင်း အင်္ဂါ ၂-ပါး။ ။
ပုထုဇဉ်လူသားတို့ ဆောက်တည်ထားသော သရဏဂုဏ် ပျက်ခြင်း၏ အကြောင်းတရား နှစ်ပါး။

(၁) သာဝဇ္ဇ ဘေဒ- မိစ္ဆာဒိဋ္ဌိဘာသာ(တိတ္တိတို့ ) ဘုရားကို ဘုရားမှန် ဘာသာမှန် ဟု တိတ္တိအယူကိုယူသွားခြင်း၊ (အပြစ်ရှိ၏ ဆိုးကျိုးကိုပေးနိုင်၏၊)

(၂) အန၀ဇ္ဇ သုခ၀ိပါက ဘေဒ- သေဆုံးသွားသောသူ၊ (အပြစ်မရှိ ကောင်းကျိုးချမ်းသာ ရ၏။)

သရဏဂုဏ် ပျက်သည်မပျက်သည် ဆိုရာ၌၊ ဖော်ပြပါရှိသော အင်္ဂါနစ်ပါးဖြင့် တိုင်းတာရမည်ဖြစ်သည်။ ဘေးအန္တာယ်ကိုကြောက်၍ မိမိမနစ်သက်သော ဘာသာကို ရှိခိုးဦးချခြင်းဖြင့် သရဏဂုဏ် မပျက်နိုင်ပါ၊ ကိုးကွယ်ခြင်းဟူသည် ကိုယ်အမူအယာ လောက်မျှဖြင့် ဟန်ဆောင်လုပ်ပြနေခြင်းမဟုတ်၊ တကယ့်လက်တွေ့ အားဖြင့် ဘာသာ၏ အဆုံးအမကို လက်ခံကျင့်သုံးခြင်းကို ဆိုလိုပါသည်။
မေးခွန်းရှင်သည် ကိုယ်အမူအယာအားဖြင့် ဟန်ဆောင်နေရသော်လည်း မိမိ၏ စိတ်ထည့်တွင် မိမိကို့းကွယ်သော ဘာသာ သာသနာကို အာရုံပြု၍ နေမည်ဆိုပါက သရဏဂုဏ် မပျက်ဟုမှတ်ပါ။ သရဏဂုဏ် မပျက်လျှင် ပျက်ခြင်းကြောင့် ရသောဆိုးကျိုးများ မခံစားရနိုင်ပေ။

ဖြေ။ ။ မေးခွန်း တစ်နှင့် နစ်သည် ဆက်စပ်မှူရှိသည်၊ ဗုဒ္ဓဘာသာဟူသည် ဗုဒ္ဓ၏တရားတော်ကို ကျင့်ကျန်ခြင်းကို ဆိုလိုပါသည်၊ ဤသည်ကား ဗုဒ္ဓဘာသာ တရားဟူ၍ မသိသော်လည်း တရားကို ကျင့်သောသူသည် တရား၏ ကောင်းကျိုးကို မုချခံစားရမည်ဖြစ်သည်။
သူသည် ဗုဒ္ဓဘာသာဟူ၍ မကြော်ငြာသော်လည်း ဗုဒ္ဓတရားကိုကျင့်ကျန်နေသူဖြစ်လေသည်။

သရဏဂုဏ် မပေါ်သေးခင်က ဈာန်တရားများကို ရရှိပိုင်ဆိုင်ခဲ့သော သူတော်ကောင်းများရှိခဲ့သည်ကို သတိထားသင့်လှပေသည်။
ဥပမာအားဖြင့်=အာဋ္ဌာရရသေ့နှင့် ဥဒကရသေ့ တို့သည်လည်း သရဏဂုဏ်မတည်ပဲ လောကီဈာန်ကို ရရှိခဲ့ကြလေသည်။
ဗုဒ္ဓဘာသာ ဟူသည် ကိုးကွယ်ခံ အခွင့်ထူးခံဘာသာမဟုတ်၊ အတ္တာဟိ အတ္တနော နာထော-မိမိသည်သာလျှင် မိမိ၏ အားထားရာဟု ဟောတော်မူထားလေသည်၊ မြတ်စွာဘုရားသည် မိမိအားကိုးကွယ်သူအပေါင်းတို့ကို၊ ဥုံဖွ……..တရားထုးရစေသတည်း…ဟူ၍ မလုပ်ပေးနိုင်ပါ၊

ထို့ကြောင့် ကိုးကွယ်သည်ဖြစ်စေ မကိုးကွယ်သည်ဖြစ်စေ၊ တရားကိုကျင့်သောသူသည် တရား၏ အသီးအပွင့်ကို ရမည်မှာ ဧကန်ဖြစ်ပါသည်။ အမှန်စင်စစ် တရားကိုကျင့်နေခြင်းသည်ပင်လျှင် ဘာသာကိုကိုးကွယ်သည်မည်လေ၏။
သို့သော်= မည်သည့် ဘာသာဟူ၍ မသိသောကြောင့်သာလျှင် ဖြစ်လေသည်။ ဗုဒ္ဓ၏တရားကို မကျင့်ကျန်ပဲ ဗုဒ္ဓဘာသာဟု ခံယူထား ကာမျှဖြင့် အပါယ်မှ လွတ်မြောက်သည်ဟူ၍ မတွက်မိစေလိုပါ။

ဤ သဘာဝ ပရမတ္တတရားတို့သည်ကား နဂိုးကတည်းက ရှိနေနှင့်သော တရားများဖြစ်ကြပါသည်၊ ဗုဒ္ဓက ဟောပြခဲ့သော ကြောင့်သာလျှင် ဗုဒ္ဓဘာသာဟူ၍ အမည်နာမ ခေါ်ဝေါသတ်မှတ်ထားခဲ့ခြင်း ဖြစ်ပါသည်။ အမှန်အားဖြင့် ဗုဒ္ဓသည် အသစ်တီထွင်ဟောကြားခြင်းမဟုတ်ပဲ၊ သဘာဝသဘော တရားကို ထုပ်ဖော်ပြခဲ့သော ပုဂ္ဂိုလ်သာဖြစ်လေသည်။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP