* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, January 23, 2010

စော်ကားမှုအပေါ် ဘယ်လိုမြင်ပါသလဲ

အမေး။ ။အရှင်ဘုရား MessengerforBuddhist ဆိုက်နဲ့ပတ်သက်ပြီး ဗုဒ္ဓဘာသာကိုရစရာမရှိအောင်ပြောထားတာ စိတ်မကောင်း စရာ ပါဘုရား၊ ဒီအတွက် အရှင်ဘုရားအနေနဲ့ ဘယ်လိုမြင်ပါသလဲဘုရား။
Dr.ဦးတင့်
မန်းစဖီးလ်၊အင်္ဂလန်

အဖြေ။ ။ ဒီဝက်ဘ်ဆိုက်ကတော့ ယခုတလော ပေါ်ပြူလာဖြစ်နေတဲ့ ၀က်ဘ်ဆိုက်ပါပဲ၊ မကောင်းတဲ့ဖက်က ပေါ်ပြူလာဖြစ်တာ ကိုဆိုလိုတာပါ။ အမြင်ပြောရရင်…၀က်ဘ်ဆိုက်ပိုင်ရှင်ဟာ ဗုဒ္ဓအကြောင်းတွေကို အပြစ်ပြောဖို့အတွက် ဗုဒ္ဓဘာသာအကြောင်းကို အတော်လေ့လာထားပုံရပါတယ်။ သူ ဒီလိုပြောတာဟာ အကြောင်းမဲ့မဟုတ်ဘူးလို့ထင်ပါတယ်။ နာကျည်းချက်တစ်ခုခုများရှိနေမလား လို့ တွေးမိပါတယ်။ မကြာခင်ကမှ စာရေးသူ ထံ ၀င်လာတဲ့မေးလ်တစ်စောင်မှာ အောက်ပါအတိုင်းဖေါ်ပြထားပါတယ်။
(http://myanmartruthers.blogspot.com/
http://anti786.blogspot.com/
http://islamsucks.wordpress.com/feed/
http://www.badbuddhistblog.com/
အထက်ပါ ဘလော့ဂ် ၄ခုကို ဖျက်ပေးပါက .. http://messengerforbuddhist.blogspot.com/ ဒီဘလော့ဂ်ကို ဖျက်ပေးပါမည်လို့ ဘလော့ဂ်ပိုင်ရှင်က ပြောပါတယ်။ ဆရာတော်ကြီးများကို ကြည်ညိုလေးစားသောအားဖြင့် ကိုယ်တတ်နိုင်သည့်ဘက်မှ ယဉ်ကျေးစွာဖြင့် ၀င်ရောက် ကူညီပေးကြပါရန်မေတ္တာရပ်ခံအပ်ပါတယ်။) …….
ဒီ အီးမေးလ်အရ မှန်တယ်ဆိုရင်တော့…
ဘာဖြစ်လို့ သူဟာ ဗုဒ္ဓဘာသာအပေါ် အပြစ်ပြောရတာလဲ၊ သူ့ရဲ့နာကျည်းချက်၊ မကျေနပ်ချက်ကြောင့် ဖြစ်တယ်ဆိုတာ ထင်ရှား နေပါတယ်။ ဒါဆိုရင်တော့ ကိုယ့်ဘာသာကို အပြစ်ပြောလာရင် ပြောလာသူကို ဘယ်သူမှ မကြိုက်ကြပါ။ ဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ စော်ကားမှု သက်သက်ဖြစ်နေပါတယ်။ ဘယ်လိုပဲဖြစ်ပါစေ…
ကမ္ဘာမှာ ထင်ရှားတဲ့ ဘာသာကြီးလေးဘာသာရှိပါတယ်။ သူ့ယုံကြည်ချက်နဲ့သူချည်းပါပဲ။ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်အပြစ်ပြော နေမယ်ဆိုရင် ‘ဂျာအေး သူ့အမေရိုက်’ ဆိုတဲ့သီချင်းလို ဘယ်တော့မှ မဆုံးနိုင်ပါဘူး။ ကိုယ့်ဘာသာမို့ အမှန်မပြောလိုပါဘူး။ ဘုရားရှင် ကလဲ သူ့ရဲ့တရားတော်များကို ဘယ်သူမဆို လွတ် လပ်စွာတွေးခေါ်ခွင့် ဝေဖန်ခွင့် ပေးထားတာကို ကာလာမသုတ်တော်မှာ အထင် အရှား တွေ့မြင်နိုင် ပါတယ်။
အချုပ်ပြောရရင် ဒီစော်ကားမှုအတွက် ဘယ်လိုတုံပြန်မလဲလို့ မေးလာရင်တော့ ခန္တီ ပရမံတပေါ တိတိက္ခာ သည်းခံခြင်းဟာ အမြတ်ဆုံးအကျင့်လို့ ဆိုတဲ့အတိုင်း သည်းခံရုံမှတစ်ပါး အခြားလမ်းမရှိတော့………..

အယူဝါဒများစွာတို့ရဲ့ ဘာသာဝင်တိုင်း ကျန်းမာပျော်ရွှင်ကြပါစေ

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP