* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, January 22, 2010

အနှိုင်းမဲ့ မေတ္တာ



တကယ့်မေတ္တာစစ်ကို ဘယ်သိပ္ပံဆရာကမှ မတိုင်းတာ နိုင်ပါဘူးလို့........


အနှိုင်းမဲ့မေတ္တာ….ဖက်ဖူးတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကို ကိုယ့်ဘာသာကို နာမည်တပ်ပြီး ပြန်လည်ပြောပေးတာပါနော်။
တောသားလေးည်း စာရေးဆရာကိုတော့မမှတ်မိဘူး။ ဖက်ဖူးတာတော့ကြာနေပါပြီ ။ အခုတော့ အရှင်ဝီရိယ(တောင်းစွန်း) ရေးတဲ့ ဘုန်းရယ် ကံရယ် ကုသိုလ်ရယ်.........ဆိုတဲ့ စာအုပ်ကို ဖက်မိတော့ ပြန်လည် သတိရမိလာလို့ မျှဝေပေးတာပါ။

တစ်ခါက....ဈေးရှိတဲ့ ရွာကြီးတစ်ရွာမှာ ဈေးဖိတ်နေ့ညနေပိုင်းရောက်တဲ့အခါမှာ နောက်နေ့ရောင်းချဖို့အတွက် အမဲသက်လေ့ရှိပါတယ်….. အဲဒီအခါမှာ နောက်နေ့နွားသက်ဖို့ ၀ယ်လာတော့ နွားမကြီးတစ်ကောင်ဖြစ်နေတယ် အဲဒီနွားမကြီးဝယ်လိုက်တော့ နို့မပျက်သေးတဲ့ နွားငယ်လေးတစ်ကောင်ပါလာတယ်။ နွားမကြီးကို နွားသက်ကုန်းပေါ်ခေါ်လာတော့ နွားငယ် သားလေးလည်း ဘာမသိညာမသိနဲ့ လိုက်ပါလာတော့တာပေါ့။ နွားသက်ကုန်းနဲ့ မနီးမဝေးမှာတော့ အရင်ကသက်ထားတဲ့ နွားတွေရဲ့အရိုးအနံ့ရတော့ နွားမကြီးလည်း မိမိကို သက်တော့မယ်ဆိုတာသိတော့ မောင်းလို့မရတော့ဘူးတဲ့။

လူတွေကလည်း နေမ၀င်ခင် ကိစ္စပြီးအောင်လုပ်ရမှာဆိုတော့ နွားမကြီးကို နောက်ကနေမောင်းလို့မရတော့တဲ့ အဆုံး နှာကြိုးကို လှန်ပြီး ရှေ့ကနေတအားဆွဲတော့တယ်။ နွားမကြီးလည်း ကြောက်အားလန့်အားနဲ့ ယက်ကန် ယက်ကန်နဲ့ ရုံးနေတာပေါ့။ အဲဒီအချိန်မှာ နွားသားလေးက ဘာမှမသိရှာဘူးလေ။ တောထဲမှာ မြတ်စားရင်း ဆော့ကစားနေလေရဲ့။ နောက်တော့ပါလာတဲ့လူတွေအားလုံးက နွားမကြီးနှားဖျားကြိုးကို တအားဆွဲကြတော့ နွားမကြီးရဲ့ နှာဖျား အသား တွေပြတ်သွားတော့တယ်။ သွေးတစက်စက်နဲ့ နွားမကြီးလည်း ကြောက်အား လန့်အားပြေးတော့တာပေါ့။

လယ်ကွက်နှစ်ကွက် သုံးကွက်လောက် လွန်တဲ့အခါမှာ ကျန်တဲ့နွားသားငယ်လေးက အမေကိုမတွေ့တော့ အသံပေး အော်လိုက်တော့ နွားမကြီးလည်း ဆက်မပြေးတော့ဘူး နွားသားလေးကိုရပ်စောင့် နေတယ်။ နွားသားလေးနဲ့အတူ နွားသက်သမားတွေက ပါလာတော့ နွားမကြီးလည်း နောက်လယ်ကွက် သုံးကွက်လောက်ဆက်ပြေးပြန်ေ၇ာ ။ အမေနဲ့အတော်ဝေးသွားတော့ နွားသားလေးလည်းဆက်အော်ပြန်တော့ နွားမကြီးလည်းတစ်ဖန် ရပ်စောင့်နေပြန်တယ်။

အဲဒါကို နွားသက်သမားတွေက နွားမကြီးကိုလိုက်နေ့လို့တော့ ဒို့တောနေ၀င်သွားတော့မယ်။ ဖမ်းဖို့တော့မလွယ် တော့ဘူး။ သူ့သားလေးကိုဖမ်းရင်တော့ သူပြန်လာမှာပဲဆိုတဲ့ အကြံကိုရရှိသွားတော့တာပေါ့။ အဲဒါနဲ့ နွားသား လေးကိုဝိုင်းဖမ်းကြတော့တယ်။ နွားသက်ကုန်းမှာ နွားသားလေးကိုကြိုးနဲ့ချီထားပြီး အော်အောင် ၀ိုင်းရိုက် ကြတယ်။ သားလေးရဲ့ မချိမဆံ့အော်သံကိုကြားရတော့ နွားမကြီးလည်းဆက်မပြေးနိုင်တော့ဘူး။ သူ့မှာရှိတဲ့ ဒဏ်ရာကိုရော အသက်ခံရမယ်ဆိုတဲ့အသိကိုပါ မေ့ပြီး သားလေးရှိရာကို ပြန်လှည့်လာတော့တာပေါ့။

နွားသက် သမားတွေကလည်း လက်နက်ကိုယ်စီနဲ့ ကိုင်စောင့်နေကြတာပေါ့။ နွားမကြီးကလည်း သားလေးရှိရာကို တဖြေး ဖြေးလှမ်းလျှောက်လာတယ် ။ သားလေးရဲ့ကိုယ်မှာရှိတဲ့သွေးထွက်နေတဲ့ ဒဏ်ရာတွေကိုလျှာနဲ့ လျှက်ပေးနေ တော့တယ်။ အဲဒီအချိန်မှာနောက်မှာရှိတဲ့ နွားသက်သမားတွေက သူတို့လုပ်ရမယ့်လုပ်ငန်းကို ဆက်လုပ်ကိုင်ကြတော့တယ်။
ဒါကို မြင့်မိုရ်ဦးရဲ့နောက်ဆုံးရေစင်ပဲဆိုတာ နွားသားလေးကသိချင်မှ သိမယ်ပေါ့နော်။ မြင်းမိုရ်ဦးက တော့ ကွယ်ပျောက်သွားပြီ။
ဇာတ်လမ်းလေးကတော့ အဲဒါပါပဲ...............
ဘုရားရှင်မေတ္တာသုတ်တော်မှာ ဟောကြားတော်မူတဲ့ မာတာယထာ နိယံပုတ၊္တ မာယုသာ ဧကပုတ္တ မနုရက္ခေ ။ လူမိခင်များသာမကဘူး တိရစ္ဆာန်မိခင်များလည်း ရင်သွေးကို အသက်နဲ့လဲပြီး ကာကွယ်ကြတယ် ။
အဲဒါကြောင့် အနှိုင်းမဲ့မေတ္တာကို ဘယ်သိပ္ပံဆရာကမှ မတိုင်းတာနိုင်ပါဘူး။
မိဘကျေးဇူး ဆပ်နိုင်ပါစေ .................

(အမည်မသိ စာရေးဆရာ)


ဤပို့စ်လေးကို ဖတ်လိုက်ရတော့ အမေကို အရမ်းသတိရမိသွားသည်။ သီတဂူစတားရဲ့ အမေ (မယ်တော်ကြီး) သည် အသက် ၇၀ ကျော်ရှိနေပါပြီ။ ယခုအချိန်အထိ အမေ့အတွက် ဘာမှ မလုပ်ပေးနိုင်ခဲ့သေးလို့ စိတ်မကောင်းဖြစ်နေမိသည်။ ပိုဆိုးနေသည်ကား အသက်ကြီးကာမှ သားဖြစ်သူက ပြည်ပမှာ ပညာသင်နေတုန်း။ အမေ့ရဲ့ အနီးအနားမှာ မနေပေးနိုင်သည်အတွက်လည်း ပို၍ပင် စိတ်မကောင်းဖြစ်နေမိသည်။ အမေ့အနားမှာ နေနိုင်သူတွေကို မြင်ရတော့ သူတို့အတွက်လည်း အားကျပြီး မုဒိတာပွားနေမိသည်။ အမေ့မေတ္တာ ငက်နေသူများအတွက်နှင့် အမေ့မေတ္တာ ခံစားနေရသူများအတွက် မျှဝေလိုက်ပါသည်။ ဤပို့စ်ကလေး၏ မူပိုင်ရှင် ဘယ်သူလဲဆိုတာ မသိပါ။ အင်တာနတ် forward မှရရှိပါသည်၊ ပူပိုင်ရှင်အားလည်း အထူးကျေးဇူးတင်နေပါသည်၊ ဤအတွက် ကုသိုလ်တွေလဲ ရနေမှာပါ။ အမြဲတမ်း မေးလ်အသစ်အဆန်းများ ပိုပေးနေသော berry.blue19 အား အထူးကြေးဇူးတင်ပါသည်၊ ပို့စ်စာရေးဆရာ၏ နာမည်ကို မဖော်ပြန်နိုင်သည့်အတွက် တောင်းပန်ပါသည်။

သီတဂူစတား
၂၁-၁-၂၀၁



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP