* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, January 23, 2010

တရားခံ ဘယ္သူလဲ။

အခုတလော အင်တာနက်စာမျက်နှာများတွင် ဘာသာအချင်းချင်း စော်ကားရိုင်းပြသော စကားများကို ထူးထူးခြားခြား ပြောဆိုနေကြသည်ကို၊ မတွေ့ချင်အဆုံးတွေ့နေကြရလေသည်။
ဤကဲ့သို့ နိုင်ငံရေးစပ်ကူမတ်ကူးကာလများတွင် ယခုကဲ့သို့ ဘာသာရေးသွေးခွဲမှူများ ပေါ်ပေါက်တတ်သည်ကို ညီတော် နောင်တော်များဖြစ်ကြသော ရဟန်းသံဃာတော်များ နှင့် အစ္စလာမ် ခရစ်ယာန်မကျန် အားလုံးသော ဘာသာရေး ခေါင်းဆောင်များ သတိထားရမည့် အကြောင်းအရာတစ်ခု ဖြစ်လေသည်။

ကျွန်ုပ်တို့မြန်မာနိုင်ငံသည် နိုင်ငံရေးအပြောင်းအလဲ ဖြစ်လုနီးအချိန်တိုင်၌ ယခုကဲ့သို့ ဘာသာရေးသွေးထိုး လှုပ်ဆိုမှူများ ပုံမှန်ပေါ်ပေါက်တတ်သည်ကို၊ ဘာသာဝင်တိုင်း သတိထားဖို့  အလွန်းအရေးကြီးနေသော အချိန်ဖြစ်ပေသည်။
မြန်မာနိုင်ငံ၌ ဘာသာရေးအဓိကရုဏ်းများဖြစ်အောင်၊ လူမျိုးရေးမုန်းတီးမှုများဖြစ်အောင် ရေးသားနေမှု၊ ဘလော့များပြုလုပ်နေမှူ၊ မေးလ်များ တွေ့နေရမှူအားလုံးသည် မည်သူတွေ လုပ်နေသနည်း ဆိုသည်ကို၊ ဦးစွာပထမ သိဖို့လိုအပ်လှပါသည်။

ယခုလိုအချိန်အခါမျိုးတွင် မည်ကဲ့သို့သောပုဂ္ဂိုလ်များလုပ်လေ့ရှိသနည်း ဆိုသည်ကိုလည်း သမိုင်းကပေးသော သင်္ခန်းစားများအရ သိသင့်လှပေသည်။ သူများပြောတိုင်း လိုက်၍လုပ်နေမည်ဆိုပါက မိမိတို့ရည်မှန်းထားသော မည့်သည့်ဦးတည်ချက်ကိုမဆို ဘယ်နည်းနှင့်မျှ ရနိုင်မည်မဟုတ်ပါ။

ဘယ်သူဘယ်ဝါ ဘယ်ကမှန်းမသိပဲ မိမိဘာသာ မိမိလူမျိုးကို ဆန့်ကျင်စော်ကားနေသော အပြောတွေ စာတွေ ကြားရ မြင်ရ ဖတ်ကြရသဖြင့် ချက်ချင်း ခံစားမှုများပေါ်လာပြီး အလျင်စလို တုန့် ပြန်မိခြင်းမျိုးသည် အခွင့်အရေးကိုစောင့်မျှော်နေသည့်သူများ၏ ဆင်ထားသော ထောင်ချောက်အကွက်ထဲသို့ အလွယ်တကူ ဝင်းမှန်းမသိ ၀င်သွားမိသကဲ့သို့ ဖြစ်ပေလိမ့်မည်။ ထို့သို့ မဖြစ်ရလေအောင် သတိထားရမည်မှာ၊ ခံခဲ့ရဖူးသူ ဘာသာဝင်တိုင်း၏ တာဝန်သာလျှင်ဖြစ်ပါတော့သည်။

အို………အမောင် ဘာသာရေး ခေါင်းဆောင်အပေါင်းတို့ အသင်တို့သည်၊ ယခုအချိန်အခါ၌ အကယ်၍ ဘာသာရေးအဓိကရုဏ်းတစ်ခုကို ဖန်တီးကြမည် ဆိုကြပါစို့၊ အကျွန်ုပ်တို့မျှော်လင့်စောင့်စားနေကြသော မုန်းဝါးဝါးအခွင့်အရေးကြီးတစ်ခုသည် မုချပျောက်ပျက် သွားရတော့မည်မှာ မြေကြီးလက်ခတ်မလွဲ၊ ဝေးသထက်ဝေး ဝါးသထက် ဝါးသွားမည်ဖြစ်ကြောင်း ကြိုတင်၍ အကြောင်းကြား အသိပေးအပ်ပါသည်။

မကြုံစဖူး ထူးကဲစွာ ပေါ်ပေါက်လာသော ဝေဖန်းမှုများ၏ လက်သည်တရားခံသည် မည်သူဖြစ်သနည်းဆိုသော မေးခွန်းများကို၊ အကျွန်ုပ်တို့ စုပေါင်း၍ အဖြေရှာကြပါစို့။

ဘာသာအချင်းချင်း စော်ကားရိုင်းပြစွာ ပြောဆိုရေးသားထားသော မေးလ်များ အကယ်၍ နောင်တော် ညီတော်များ၏ မေးလ်ထဲ့သို့ ရောက်ရှိလာပါ၊ forward မလုပ်မိစေပဲ၊ ၄င်းမေးလ်များကို ဤနေရာ၌ အဆုံးသတ်ကြပါစို့ ။
| | 0 comments

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP