* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, January 23, 2010

ဥပါဒါန်ကို နယ်လေးပါး ဖြင့်ပိုင်းခြားခြင်း

ဥပါဒါန် ဟူသော စကားကို ကြားသိရလျှင်၊ ( မသိခြင်း) အထင်၊ (ဆိုးခြင်း) အထင်၊ ( ကောင်းခြင်း) အထင်များ၊ စိတ်မှာ တစ်ခုခု ထင်လာတတ်ပါတယ်။ ထို အထင်နယ်ကို၊အဝိဇ္ဇာမာနပညတ်နယ် ဟုခေါ်ပါတယ်။ ကိုယ့်စိတ်မှာထင်ရာကို ၊ အဟုတ်ထင် ခြင်း သည်၊ ဗဟုသုတ မရှိသောအန္ဓဗာလ ၊ ပုထုဇဉ် အဖွဲ့ ဝင်သာ ဖြစ်ပါတယ်။ အဟုတ်ထင်ခြင်းသည် အဝိဇ္ဇာ ၏ ကျွန်သာ ဖြစ်ပါတယ်။

အထင်ဟူသမျှသည်၊ ( အမြုံမကမွေးသောသား ဆိုသကဲ့သို့၊ ပြောရုံသာ ရမည်၊ အမှန်မရှိ။)ဟု အမှန်သိမြင်လျှင်၊ အဝိဇ္ဇာ ၏သားကောင်ဘဝမှ ၊ တစ်ဆင့်လွတ်မြောက်သွားပါပြီ၊

လိုချင်၊ရချင်၊ ဖြစ်ချင်မှုများ ၊ဖြင့်စွဲလန်းခြင်းအစဉ် ကို ( ဥပါဒါန်) ဟု ခေါ်ပါတယ်။ စွဲလန်းခြင်း၊ လွှမ်းမိုးခံရသော ၊ စိတ်သည် အမြဲတမ်း ငတ်နေတတ်ပါတယ်။ မပြည့်စုံသော ဒုက္ခ နှင့် အမြဲတွေ့နေရတယ်။

ဤ လက္ခဏာ အမှတ်အသား များကိုဥပါဒါန်လို့ အမည်တပ်ကာ သုံးစွဲကြပါတယ်။ အကောင်း အဆိုး မရှိပါဘူး။ စွဲလန်းခြင်း အစဉ်သာ ရှိပါတယ်။ဤ အစဉ်နယ် ကို ( ဝိဇ္ဇမာနပညတ်နယ်) ဟုခေါ်ပါတယ်။

ဤအဝိဇ္ဇမာနပညတ်နယ်ကို (ဒါပဲဟုတ်တယ်၊ကျန်တာမဟုတ်ဘူး) ဟု အဟုတ်ထင်ခြင်းသည်၊ ထိုနယ်ကိုဖုံးလွှမ်းသော အဝိဇ္ဇာ ဖြစ်ပါတယ်။ သဘောနယ် မရောက်သေးသရွေ့ အထင်နယ်က လွတ်မှာ မဟုတ်ပါဘူး။

ဤစွဲလမ်းခြင်း ဥပါဒါန် အစဉ်ကို တစ်စက္ကန့်တွင် ကုဋေ တစ်သိန်း အပုံ ၊ပုံလိုက်ပါ။ ထို အပုံထဲမှ တစ်ပုံသော၊ စွဲလန်းပြီး ပျက်ခြင်းသဘောသည် ဥပါဒါန် တရား၏ အသက်အစစ်ဖြစ်ပါတယ်။ ဤ ဥပါဒါန်၏ အသက် အစစ်ဖြစ်သော ၊ သိစရာကို သဘောနယ်ဟုခေါ်ပါတယ်။

သဘောအထိ အသိရောက်သော အခါ၊ အစဉ် အထင်မှာ အဟုတ်ထင်ခြင်း၊ အဝိဇ္ဇာ ပျောက်သွားပါတယ်။

ဒါပေမဲ့ သဘောနယ်၏ ဖြစ်ပျက်သဘောကို ၊ ( ဒီလောက်တော့သူစွမ်းသေးတယ်)ဟု အဟုတ်ထင်သော၊ အဝိဇ္ဇာ ကဖုံးလွှမ်းပြန်ပါတယ်- ဘုရား။

( တဏှာ ပစ္စယာ ၊ ဥပါဒါနာ ) ဟုလာသောကြောင့် ၊ တဏှာ အကြောင်း မပါပဲ၊ ဥပါဒါန်၊ ဖြစ်လို့မရပါဘူး။ ဥပါဒါန်မှာ ကိုယ်ပိုင် အနှစ်မူလက ပျက်နေတဲ့သဘောပဲရှိပါတယ်။ ဤ မူလပျက်သဘောကို ( သုည နယ် ) ဟုခေါ်ပါတယ်။

အထင်နယ် နှင့် အစဉ်နယ်က ဥပါဒါန်သည် ထင်ရုံသာဖြစ်သောကြောင့် ဘာမှ မဟုတ်ပါဘူး။ သဘောနယ် နှင့်သုည နယ်က ဥပါဒါန်သည်၊ အကောင်အထည် မရှိပဲ၊ သဘောမျှဖြစ်သော ကြောင့် ဘာမှ မဟုတ်ပါဘူး။ ဥပါဒါန်သည် ဘာမှ မဟုတ်ခြင်းမှာသာ လမ်းဆုံးသွား ပါတယ် ဘုရား။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP