* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, January 23, 2010

ဘုရားရှင်၏ ဉာဏ်အားတော် (၁၀)ပါး

စာရေးသူတို့ ကျောင်းမှာ ညစဉ်ရှိခိုးကြတဲ့ ဘုရားရှင်ရဲ့ ဉာဏ်အားတော်(၁၀)ပါး ဘုရားရှိခိုးပါ။


ဒသဗလဉာဏေန- အားတော်ဆယ်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား၏ -

(၁)အကြောင်းဟုတ်သည် မဟုတ်သည်ကို သိမြင်တော်မူသော ဌာနာဌာနကောသလ္လဉာဏ်တော်၊

(၂) ကံ၏အမျိုး ကံ၏အကျိုးကို အမျိုးမျိုးပင် သိမြင်တော်မူသော ကမ္မ၀ိပါကကောသလ္လဉာဏ်တော်၊

(၃) ထိုထိုဂတိ အဂတိသို့ ရောက်ဘိအကြောင်း ကျင့်လမ်းကြောင်းကို ကောင်းစွာထင်ထင် သိမြင်တော်မူသော အနေကဓာတု နာနာဓာတု ဉာဏ်တော်၊

(၄) ဓာတ်အများနှင့် ဓာတ်အများတွင် ထူးခြားအင်ကို သိမြင်တော်မူသော အနေကဓာတု နာနာဓာတုဉာဏ်တော်၊

(၅) သတ္တ၀ါတို့၏ လွန်ကဲစွဲပိုက် စိတ်အကြိုက်ကို စိုက်စိုက်ထင်ထင် သိမြင်တော်မူသော နာနာဝိမုတ္တိကတာဉာဏ်တော်၊

(၆) သတ္တ၀ါတို့၏ ဣနြေ္ဒငါးဆင့် နုအရင့်ကို ထောက်ချင့်ကာလျှင် သိမြင်တော်မူသော ဣန္ဒြိယပရောပရိယတ္တိဉာဏ်တော်၊

(၇) ဈာန်သမာပတ် တရားမြတ်၏ ညစ်ကြောင်း ဖြူကြောင်း ထနိုင်ကြောင်းကို ကောင်းစွာထင်ထင် သိမြင်တော်မူသော ဈာနသံကိလေသာဒိဉာဏ်တော်၊

(၈) ရှေး၌ဖြစ်အင် ခန္ဓာစဉ်ကို သိမြင်တော်မူသော ပုဗ္ဗေနိဝါသာနုဿတိဉာဏ်တော်၊

(၉) စုတေခါနီး သန္ဓေပြီးစ ဟူသမျှနှင့် သေးလှအာရုံ ဝေးအာရုံကို အကုန်သိမြင်တော်မူသော ဒိဗ္ဗစက္ခုဉာဏ်တော်၊

(၁၀) အရဟတ္တ မဂ်ဉာဏဖြင့် အာသ၀လေးတန် ကုန်ရာအမှန် မြတ်နိဗ္ဗာန်ကို အမှန်သိမြင်တော်မူသော အာသ၀က္ခယဉာဏ်တော်

တည်းဟူသော ဉာဏ်အားတော်ဆယ်ပါးနှင့်၊ သမ္ပန္နံ- ပြည့်စုံတော်မူသော၊ ဗုဒ္ဓံ- မြတ်စွာဘုရားကို၊ အဟံ- ဘုရားတပည့်တော်သည်၊ နမာမိ- ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပူဇော်ပါ၏ မြတ်စွာဘုရား…။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP