* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, January 10, 2010

အကျင့်ကောင်း (၇) ရပ်


(၁) တာဝန်ယူစိတ် (Be Proactive)
ပြဿနာတစ်ခုဖြစ်လာရင် ငါဘာမှားနေသလဲ ဆိုတာက စ စဉ်းစားပါမယ်။
ပြီးမှ ကျန်တာတွေကို ဖြန့်တွေးမယ်။
ကိုယ့်ကိုယ်တော့ လွတ်စေ၊ သူများကိုတော့ တရားခံ၊
ဒါမျိုးမလုပ်ဘူး။ ကိုယ့်ကိုယ်ကို တာဝန်ယူတဲ့စိတ်ပါ။
(၂) ပစ်ကွင်းကို ချိန်ပစ် (Begin with the end in mind)
ငါဘာဖြစ်ချင်လဲ၊ ငါ့ရည်မှန်းချက်ဘာလဲဆိုတာကို ပထမဆုံးပိုင်ဖြတ်တယ်။
မစ်ရှင် (Mission) စိတ်ဓာတ်ဖြစ်ပါတယ်။
(၃) အရေးကြီးတာ အရင်လုပ် (Put first thing first)
ကြုံသလို ကျဘမ်းမလုပ်ဘူး၊
အစီအစဉ်ရှိရှိနဲ့ တစ်ဆင့်ပြီးတစ်ဆင့် ဆောက်ရွက်တတ်တယ်။
(၄) သူမနာ ကိုယ်မနာ ဆက်ဆံရေး (Think Win-Win)
ကိုယ်နိုင်စေ သူရှုံးစေ သဘောမထားပါ၊
နှစ်ဦးနှစ်ဖက် အကျိုးရှိစေမဲ့ ကြားအဖြေကို နှလုံးသွင်းပါတယ်။
(၅) နားလည်မှုရှိပါ (Seek first to understand, Then to be understood)
ပထမဆုံး သူများကို နားလည်အောင် ကြိုးစားပါ။
ကိုယ့်ကိုလဲ သူများက နားလည်အောင် တံးခါးဖွင့်ထားတယ်။
(၆) လက်တွဲကြိုးပမ်း (Synergize)
ငါတကောမလုပ်ဘူး၊ အများနဲ့ လက်တွဲကြိုးပမ်းနိုင်ဘို့ အားထုတ်တယ်။
(၇) ကိုယ့်ကိုယ်ကို ပြန် သ (Sharpen the saw)
စိတ်တံခါးကို ပိတ်မထားဘူး။
အတွေးသစ် အမြင်သစ်တွေအတွက် အမြဲတံခါးဖွင့်ထားတယ်၊
ကိုယ့်အသိ ကိုယ့်အကျင့်ကို အမြဲချွန်မြနေစေဖို့ မပြတ် သ နေပါတယ်။
ဒီအကျင့်တွေ သင့်မှာ ရှိနေပြီဆိုရင် ဘ၀တိုက်ပွဲမှာ အောင်ပွဲအလီလီရမှာ သေချာသလောက်ဖြစ်ပါပြီ။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP