ကျွန်ုပ်၏ ဒဿနများ (၉)...
လူတွေဟာ ပြောတတ်ကြတယ်။ မရှိရင် စိတ်ချမ်းသာရော တဲ့။ မရှိရင် စိတ်ချမ်းသာတယ် ဆိုတာ မဟုတ်သေးဘူး။ မလိုချင်မှ စိတ်ချမ်းသာမှာလေ။ လိုချင်လေလေ ဆင်းရဲလေလေပါပဲ…
...................................
သင်သည် သိန်းပေါင်းများစွာ ထီပေါက်လျှင် သင်ပြုလုပ်မည့် အရာကို ကြည့်ခြင်းအားဖြင့် သင်၏ စိတ်ဓာတ် အမျိုးအစားကို သင်ကိုယ်တိုင် ခန့်မှန်းလို့ ရ၏...
...................................
မိမိကိုယ်ကို သုံးပိုင်းခွဲကြည့်။ ဦးနှောက်က စာအုပ်စင်၊ အစာအိမ်က မီးဖိုးချောင်၊ မစင်အိမ်က အိမ်သာ...

ဘ၀မှာ အချိန်တစ်နာရီကို အလဟဿ ဖြုန်းတီးရဲသောသူဟာ ဘ၀တန်ဖိုးကို မတွေ့သေး...
(ချားဒါဝင်)
.............................
အကြွေးဖြင့် အိပ်ရာမှ နိုးရခြင်းထက် ညစာမစားဘဲ အိပ်ရာ ၀င်ခြင်းက ပိုလို့ကောင်းတယ်...
(ဘင်ဂျမင်ဖရင်ကလင်း)
.............................
မိမိကိုယ်ကို အောင်နိုင်ခြင်းဟာ အောင်ပွဲများအနက် အကြီးမားဆုံးသော အောင်ပွဲပင်ဖြစ်သည်...
(ပလေတို)

0 comments:
Post a Comment