* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, October 14, 2009

ပါရမီ(၁၀)ပါးဆင်ခြင်ပွားများနည်း

(ကိုးဘွဲ့ရဆရာတော် အရှင်အာစာရာလင်္ကာရ ၏
ပေါက်ပေါက်နတ်သမီးလေး စာအုပ်ငယ် စာမျက်နှာ ၁၉ မှ၂၃ ထိ)


၁-ငါဟာရက်ရောသူ ကူညီစောင့်ရှောက်သူဖြစ်စေရမယ်။ (ဒါနပါ၇မီ)

၂။ ငါဟာစည်းကမ်းရှိသူ အမူအရာအားဖြင့် ယဉ်ကျေးသိမ်မွေ့သူ ဖြစ်စေရမယ်၊ ငါ့ရဲ့အကြံအစည်၊ အပြုအမူ ၊ အပြောအဆိုအားလုံးဟာ သန့်ရှင်းစင်ကြယ်ရမယ်။
(သီလပါရမီ)

၃။ငါဟာတစ်ကိုယ်ကောင်းဆန်သူ ၊ ကိုယ်ကျိုးရှာသူ မဖြစ်စေရ။ ငါဟာတစ်ကိုယ်ကောင်းမဆန်သူ၊ ကိုယ်ကျိုးမရှာသူဖြစ်ရမယ်။ ငါဟာတခြားသူများအတွက် မိမိပျော်ရွှင်မှုကို စွန့်လွှတ်နိုင်သူဖြစ်စေရမယ်။(နိက္ခမပါရမီ)


၎။ငါဟာ ပညာရှိသူ ၊အမှန်အတိုင်းသိမြင်နိုင်သူဖြစ်စေရမယ်။ ငါဟာ အမှန်တရားကို သိမြင်ပြီး အခြားသူများအားအမှောင်မှ အလင်းသို့ပို့ဆောင်နိုင်သူဖြစ်ရေမယ်။ ငါဟာ အလင်းဉာဏ်ရပြီး၊ တခြားသူတွေကို အလင်းဉာဏ်ရစေနိုင်စွမ်းရှိရမယ်။ ငါဟာငါရရှိထားတဲ့ အသိဉာဏ် ဗဟုသုတများကို အခြားသူများအား ဖြန့်ဖြူးပေးရန်စွမ်းနိုင်ရမယ်။ (ပညာပါရမီ)


၅။ ငါဟာ လွတ်လပ်သူ အင်အားရှိသူ ဇွဲကောင်းသူဖြစ်ရမယ်။ ငါဟာငါ့ရဲ့ ရည်မှန်းချက်ပန်းတိုင်သို့ မရောက်မချင်း လုံ့လ ၀ီရိယနှင့် ကြိုးစားအားထုတ်နိုင်ရမယ်။ ငါဟာ ဘေးအန္တာရယ်တွေနှင့်ရင်ဆိုင်ရသည့်အခါ ကြောက်ရွံခြင်းကင်းလျက် အခက်အခဲများ ကိုလည်းသတ္တိရှိစွာ ကျော်လွှားနိုင်ရမယ်။ ငါဟာ မိမိအစွမ်းရှိသလောက် အခြားသူတို့ရဲ့ အကျိုးကို ဆောင်ရွက်နိုင်ရမယ်။(၀ီရိယပါရမီ)


၆။ငါဟာ အမြဲစိတ်ရှည်သူ ဖြစ်စေရမယ်။ ငါဟာ တခြားသူတွေရဲ့အမှားကို သည်းခံခွင့်လွှတ်နိုင်သူဖြစ်စေရမယ်။ ငါဟာ အမြဲသည်းခံသူဖြစ်လျက် အရာအားလုံးမှာလှကွက်ကောင်းကွက်ကိုသာ မြင်တတ်သူဖြစ်ရမယ်။ (ခန္တီပါရမီ)


၇။ငါဟာ အမြဲမှန်ကန်ရိုးသားသူဖြစ်ရမယ်။ ငါဟာ ယဉ်ကျေးမှုအတွက် အမှန်ကိုဖုံးကွယ်ခြင်း မပြုပါအံ့။ ငါဟာ အမှန်တရားလမ်းကြောင်းမှ ဘယ်သောအခါမှသွေဖည်ခြင်းမပြုပါအံ့။ (သစ္စာပါရမီ)


၈။ငါဟာ ခိုင်မာပြတ်သားပြီးသံမဏိစိတ်ဓါတ်ရှိရမယ်။ ငါဟာ ပန်းပွင့်လိုနူးညံ့ပြိး ကျောက်ဆောင်လိုခိုင်မာသူဖြစ်ရမယ်။ ငါဟာ အမြဲတမ်းမြင့်မားသည့် အကျင့်စရိုက်ရှိ သူ ဖြစ်ရမယ်။ (အဓိဌာန်ပါရမီ)


၉။ ငါဟာ အမြဲတမ်းသနားကြင်နာဖော်ရွေတတ်သူဖြစ်ရမယ်။ ငါဟာ သတ္တ၀ါအားလုံးကို ငါရဲ့ညီအစ်ကိုမောင်နှမများအဖြစ် သဘောထားပါ့မယ်။ (မေတ္တာပါရမီ)

၁၀။ ငါဟာ အမြဲတမ်း အေးချမ်းတည်ငြိမ်သူဖြစ်ရမယ်။ စိတ်လှုပ်ရှားမှုမရှိဘဲ အေးချမ်းတည်ငြိမ်သူဖြစ်ရမယ်။ ငါဟာ ညီမျှသောစိတ်ရှိရမယ်။ ငါဟာအပြည့်အစိတ်တည်ငြိမ်မှုရှိသူ ဖြစ်ရမယ်။ (ဥပေက္ခာပါရမီ)
Read More!

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP