* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, October 14, 2009

သူမ်ားအတြက္လား ကိုယ့္အတြက္လား

အေမး။ ။အရှင်ဘုရား... အသက်ရှင်နေတာ ကိုယ့်အတွက်လား၊သူများအတွက်လား ကိုယ့်အတွက်ရော သူများအတွက်ရောလား ဆိုတာသိချင်ပါတယ်ဘုရား
သန်းသန်းအေး
ရန်ကုန်

အဖြေ။ ။ ဒီအတွေး ဒီအမေးဟာ လူငယ်အတော်များများ တွေးတတ်၊ မေးတတ်တဲ့အရာတစ်ခုပဲ။ အသက်ရှင်နေတာဟာ ကိုယ့်အတွက်ဖြစ်သလို သူများအတွက်လည်း ပါတယ်လို့ ဆိုရပါမယ်။ သူများအတွက်ဆိုတာက အများကောင်းကျိုးအတွက် အသက်ရှင်နေတာကို ပြောတာပါ၊ တခါက ဆရာတော်ကြီးတစ်ပါးကို ဒကာတစ်ဦးက “အရှင်ဘုရား…တရားကောအား ထုတ်ရဲ့လား” လို့ လျှောက်ထားတော့ ဆရာတော်က “ အေး…ဘုန်းကြီး တရားအားမထုတ်သေးဘူး ၊ တကယ်လို့ တရားအားထုတ်လို့ မတော်တဆ ရဟန္တာဖြစ်သွားရင် အခုလုပ်နေတဲ့ ဆေးရုံလုပ်ငန်း၊ ရေအလှူလုပ်ငန်း၊ တက္ကသိုလ်လုပ်ငန်းတွေကို ဘယ်သူမှ လုပ်တဲ့သူ ရှိမှာမဟုတ်ဘူး” ဆိုပီး ပြောခဲ့ပါသေးတယ်။ ဆရာတော်ဘုရားကြီးဟာ ပရဟိတ အများကောင်းကျိုးအတွက် အလုပ်လုပ်နေတယ်ဆိုပေမဲ့ သူ့အတွက်လည်း ရပီးသား ဖြစ်သွားပါတာပါ။
“အများအကျိုးဆောင် ကိုယ့်အကျိုးအောင်” ဆိုတဲ့ စကားအတိုင်းပေါ့။ ဒါကြောင့် အသက်ရှင်နေရတာဟာ သူများအကျိုးအတွက်လည်း ဖြစ်သလို ကိုယ့်အတွက်လည်း ဖြစ်ပါတယ်။ ဒါပေမဲ့ သူတစ်ပါး အကျိုးအတွက်လည်းမပါ ကိုယ့်အတွက်လည်း မပါတဲ့ အသက်ရှင်ခြင်းမျိုးတော့ လုံးဝမဖြစ်သင့်ပါ။
အသက်ရှင်ခြင်းနဲ့ ပတ်သက်ပြီး ဓမ္မပဒအဋ္ဌကထာ၊ သဟဿဝဂ္ဂ မှာ ဘုရားရှင်ဟောတော်မူထားတာ ရှိပါတယ်။ လမ်းမှန်ရောက်ဖို့အတွက် ဖေါ်ပြပေးပါ့မယ်။
သံကိစ္စသာမဏေရ၀တ္ထု
အကြင်ပုဂ္ဂိုလ်ဟာ ကိုယ်ကျင့်သီလမရှိ၊ တည်ကြည်မှုမရှိဘဲ အနှစ်တစ်ရာ အသက်ရှင်ရခြင်းထက် သီလနဲ့ပြည့်စုံပြီး၊ တည်ကြည်မှု ဈာန်တရား ရှိတဲ့သူရဲ့ တစ်ရက်၊ တစ်ခဏမျှ အသက်ရှင်ရခြင်း က ပိုမြတ်ပါတယ်။
ခါဏုကောဏ္ဍညတ္ထေရ၀တ္ထု
အကြင်ပုဂ္ဂိုလ်ဟာ ပညာမရှိ၊တည်ကြည်မှုမရှိဘဲ အနှစ်တစ်ရာ အသက်ရှင်ရခြင်းထက် ပညာရှိ၊ တည်ကြည်မှု ရှိတဲ့သူရဲ့ တစ်ရက်၊ တစ်ခဏမျှ အသက်ရှင်ရခြင်းက ပို မြတ်ပါတယ်။
သပ္ပဒါသတ္ထေရ၀တ္ထု
အကြင်ပုဂ္ဂိုလ်ဟာ ပျင်းရိသူဖြစ်ပြီး၊ ၀ီရိယမရှိဘဲ အနှစ်တစ်ရာ အသက်ရှင်ခြင်းထက်၊ ၀ီရိယတရားမြဲမြံခိုင်ခံ့သောသူရဲ့ တစ်ရက်၊တစ်ခဏမျှ အသက်ရှင်ရခြင်းက ပိုမြတ်ပါတယ်။
ပဋာစာရာ ထေရီဝတ္ထု
အကြင်ပုဂ္ဂိုလ်ဟာ ရုပ်နာမ်သဘောရဲ့ဖြစ်မှုပျက်မှုကို မသိမြင်ပါဘဲ အနှစ်တစ်ရာ အသက်ရှင်ခြင်းထက် ရုပ်နာမ်သဘောရဲ့ ဖြစ်မှုပျက်မှုကို သိမြင် သောသူရဲ့ တစ်ရက်၊တစ်ခဏမျှ အသက်ရှင်ရခြင်းကို ပိုမြတ်ပါတယ်။
ကိသာဂေါတမီဝတ္ထု
အကြင်ပုဂ္ဂိုလ်ဟာ နိဗ္ဗာန်မမြင်ဘဲ အနှစ်တစ်ရာ အသက်ရှင်ရခြင်းထက် နိဗ္ဗာန်မြင်သောသူရဲ့ တစ်ရက်၊တစ်ခဏမျှ အသက်ရှင်ရခြင်းက ပိုမြတ်ပါ တယ်။
ဗဟုပုတ္တိကာတ္ထေရီဝတ္ထု
အကြင်ပုဂ္ဂိုလ်ဟာ ဓမ္မကို မသိမြင်ဘဲ အနှစ်တစ်ရာ အသက်ရှင်ရခြင်းထက်၊ ဓမ္မကို သိမြင်ပြီးသူရဲ့ တစ်ရက် တစ်ခဏမျှ အသက်ရှင်ရခြင်းက ပိုမြတ်ပါတယ်။
အချူပ်ဆိုရရင် သီလ သမာဓိ ပညာ မရှိ နိဗ္ဗာန်မမြင်၊ ဓမ္မကို မသိမြင်တဲ့ပုဂ္ဂိုလ်ဟာ အနှစ်တစ်ရာ အသက်ရှင်သော်လည်း သူ့ရဲ့အသက်ရှင်ခြင်းဟာ အချည်းအနီး၊ အကျိုးမရှိပါ။
သီလ သမာဓိ ပညာ နဲ့ ပြည့်စုံအောင် ကျင့်နေတဲ့ပုဂ္ဂိုလ် နိဗ္ဗာန် မြင်တဲ့ပုဂ္ဂိုလ် မြင်အောင်ကျင့်နေတဲ့ပုဂ္ဂိုလ်၊ ဓမ္မကို သိမြင်ပြီးသူ သိမြင်မှု ပြည့်စုံအောင် ကျင့်သုံးနေသူများဟာ တစ်ရက် တစ်ခဏလောက် အသက်ရှင်ပေမဲ့ သူ့အတွက် အကျိုးရှိတဲ့အတွက် မြတ်သော အသက်ရှင်ခြင်း မျိုး ဖြစ်တယ်။
ဒီထက်နားလည်အောင် ပြောရရင် ကုသိုလ်နဲ့နေရင် အသက်ရှင်တာ မြတ်တယ်။ အကုသိုလ်နဲ့ အသက်ရှင်နေရင် မမြတ်ဘူး၊ လောကရှုထောင့်ကနေ ကြည့်ရင် အများအတွက်လည်းပါတယ်ဆိုပေမဲ့ ဓမ္မရှုထောင့်ကနေ ကြည့်ရင် ကိုယ့်အတွက်ချည်းပါ။

အပြည့်အစုံသို့ »



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP