၁၄-၁၀-၀၉ သီလရှင် အရုဏ်ဆွမ်းကပ်
သီလရှင်များ အရုဏ်ဆွမ်း ဘုဉ်းပေးစဉ်

မုန့်ဖတ်ပွဲ ဖြည့်ပေးနေသော ဆရာလေး ဒေါ်နန္ဒာသီရိ
ဆပ်ပြာနှင့် ခေါင်းရိတ်ဓား လောင်းလှူနေသော ဒကာကိုဇော်
အရုဏ်ဆွမ်း-မုန့်ဟင်းခါး
အလှူရှင် x x x
ခေါင်းရိတ်ဓား ၁၀၀ -ဆရာလေး မစရဏမဉ္စရီနှင့် ညီအစ်မများ
ခေါင်းရိတ်ဓား ၁၀၀ - အလှူရှင် x x x
ဆပ်ပြာ - အလှူရှင် x x x
ဝေယျာဝစ္စ ဒါနရှင်များ
ဦးပညာသာမိ (မင်္ဂလာသိင်္ဂီကျောင်း)၊ ဦးသုဇာတ (သာသနာ့ဝေပုလ္လကျောင်း)၊ ဦးအာဒိစ္စ (ဖျာပုံကျောင်း)
ဆရာလေးမစရဏမဉ္စရီ (ဓမ္မာစရိယတန်း)၊ မဝိမလ (ပထမလတ်တန်း)၊ မဥာဏစာရီ (ပထမလတ်တန်း)၊ ကိုဇော်၊ ကိုမျက်မှန်၊ ငြိမ်းအိထွေး
သီလရှင် အပါး ၁၀၀ ကို ဒီနေ့ မနက် အရုဏ်ဆွမ်း မုန့်ဟင်းခါး ကပ်ပါတယ်။ အခု ဘုဉ်းပေးနေကြပါပြီ။
မနက် ၇ နာရီ မထိုးခင် စကပ်တယ်။ ဆွမ်းစားကြွလာတဲ့ သီလရှင်များက မေတ္တာပို့သတော်မူကြတယ်။ ဆွမ်းကပ်ပြီးရင် တစ်ပါးကို ဆပ်ပြာခဲ တစ်ခဲ၊ ခေါင်းရိတ်ဓား ၂ ချောင်းစီ ကပ်လှူမယ်။ အရုဏ်ဆွမ်းက နိုင်ငံနဲ့ ဝေးရာကို ထွက်ခဲ့တဲ့ ငါးနှစ်ပြည့်နေ့... အမည်မဖော်သူ မြန်မာလူမျိုးတစ်ဦးရဲ့ ဒါနပါ။
သီလရှင်တွေကို ဆွမ်းကပ်မယ်ဆိုတော့ သံဃာတော်တွေလဲ မနေနိုင်ဘဲ ဝိုင်းဝန်း စီမံရတယ်။ ဆွမ်းကပ်ပြီးသွားတော့ ခုံတွေ ဝိုင်းသိမ်းပေးရတာလဲ ကိုယ်တော်တွေပါပဲ။ ဖျာပုံကျောင်းက ဦးအာဒိစ္စလဲ ကူညီဖို့ ကြွလာတယ်။ မုန့်ဟင်းခါးကိုတော့ ဆရာလေး မစရဏမဉ္စရီနဲ့ သူငယ်ချင်း ဆရာလေးနှစ်ပါးက ညက ချက်ပေးကြတယ်။ ဆရာလေးက သီတဂူ ဗုဒ္ဓတက္ကသိုလ်က စာမေးပွဲ ပြီးပြီဆိုတော့ လုပ်ပေးနိုင်တာပါ။ ငြိမ်းအိထွေးလဲ ညနေ ၄ နာရီ ကျောင်းဆင်းတာနဲ့ လာကူတယ်။ ကျောင်းသူကြီး ဖြစ်နေပြီဆိုတော့ အရင်လို နေ့လယ်ဘက်တော့ သူ မလာနိုင်ဘူး။
နက်ဖြန်လဲ သံဃာတော်များနဲ့ သီလရှင် အပါး ၁၀၀ ကို ဘိုးဘိုး ဦးကြံအောင်နဲ့ ကိုမြင့်သူ+မမွှေးမွှေးကြူ မိသားစုက သမီးလေး မဇင်မွန်ထက် ငါးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် အရုဏ်ဆွမ်း+နေ့ဆွမ်း ကပ်လှူပြီး အပါးစေ့ ဗလာစာအုပ်များ ဆက်ကပ်ပါမယ်။
အရုဏ်ဆွမ်းကို ဆွမ်းဆီဆမ်း၊ စားတော်ပဲနဲ့ အကြော်စုံ လှူဒါန်းဖို့ အလှူရှင်က စီစဉ်ထားတယ်။ ဝေယျာဝစ္စ ဒါနရှင်ကလေး ငြိမ်းအိထွေးအတွက်လဲ ကျောင်းဝတ်စုံနဲ့ လွယ်အိတ် စာအုပ်ဖိုး ကျပ် ၂၀၀၀၀ လှူဒါန်းပါတယ်။
ငြိမ်းအိထွေးက ဆွမ်းကပ်ပြီးစမှာ လွယ်အိတ်ကလေးနဲ့ ကျောင်းသွားခါနီး ရောက်လာတယ်။
''ကျောင်းသွားတော့မလို့'' ဆိုလို့ ဘာစာတွေ သင်ရလဲ မေးတော့
''တစ်တန်းစာပဲ သင်ရတာပေါ့။ မြန်မာစာ၊ သင်္ချာလဲ သင်တယ်ရှင့်''
''စာကြိုးစားပါ့မယ်''လို့ ဆက်ပြောသေးတယ်။
အမေ နေကောင်းလား''
''အမေလဲ နေကောင်းပါတယ်''


0 comments:
Post a Comment