* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, October 14, 2009

ဓမၼ ဆိုသည္မွာ

ဓမ္မ ဆိုသည်မှာ လောကကြီးတွင် တည်ရှိနေသော အမှန်တရား သဘာဝတရားဖြစ်ပါတယ်။
မြတ်စွာဘုရားမပွင့်ခင်ကတည်းက ရှိခဲ့ပါတယ်။ မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်မှာလည်း ရှိခဲ့ပါတယ်။
မြတ်စွာဘုရား ပရိနိဗ္ဗာန် စံပြီးနောက်ပိုင်းတွင်လည်း ရှိနေခဲ့ပါတယ်။
အချိန်တိုင်း အမြဲ မှန်ကန်နေသော တရားသည် ဓမ္မပင်ဖြစ်ပါတော့တယ် ။
မြတ်စွာဘုရားသည်ပင် ဘုရားဖြစ်၍ ဓမ္မကို သိခြင်းမဟုတ် ဓမ္မကို သိရှိ နားလည် ကျင့်သုံးနိုင်ခဲ့သဖြင့်သာ
ဘုရားအဖြစ်ကို ရတော်မူခဲ့ခြင်း ဖြစ်ပါတယ် ။

ဓမ္မဆိုတဲ့ စကားလုံးဟာ လူတိုင်းနဲ့ ရင်းနှီးပြီးသား ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် နားလည်မှုတွေကတော့ အမျိုးမျိုး ကွဲပြားနိုင်ပါတယ် ။
ဒါကြောင့် ဓမ္မရဲ့ ဂုဏ်သတ္တိတွေကို အရင်ဦးဆုံး ပြောချင်ပါတယ် ။

၁ ။ ဓမ္မကို ပုဂ္ဂိုလ်မရွေး လူမျိုးမရွေး ဘာသာမရွေး အသက်အရွယ်မရွေး အသားအရောင်မရွေး အချောအလှမရွေး ဆင်းရဲချမ်းသာမရွေး အယုတ်အလတ်အမြတ်မရွေး ကျင့်သုံးနိုင်ပါတယ်။
၂ ။ ဓမ္မကို နိုင်ငံတွေ မြို့တွေ ရွာတွေ အိမ်တွေ ရပ်ကွက်တွေ စတဲ့ နေရာတွေ မရွေးပဲ ကျင့်သုံးနိုင်ကြပါတယ်။
၃ ။ ဓမ္မကို မနက် နေ့လယ် ည နေ့ ရက် လ နှစ် စတဲ့ အချိန်တွေ မရွေးပဲ ကျင့်သုံးနိုင်ပါတယ်။

အဲ့ဒီလို လူမရွေး နေရာမရွေး အချိန်မရွေး ဓမ္မကို ကျင့်သုံးနိုင်ပြီးတော့ ကျင့်သုံးသူတိုင်းကိုလည်း အောက်ပါ အကျိုးကျေးဇူးတွေကို ပေးနိုင်စွမ်းပါတယ် ။

၁ ။ ကာမရာဂ တဏှာရာဂ စတဲ့ စိတ်ရဲ့ ငမ်းငမ်းတက် လိုချင် ဆာလောင်မွတ်သိမ့်မှုတွေကို အငတ်ပြေစေနိုင်ပါတယ်။
၂ ။ စိတ်ဖြူစင်ပြီး ကုသိုလ်ကောင်းမှု တိုးပွားကာ ကောင်းကျိုးအဖြာဖြာ မိမိအပေါ်မှာ သက်ရောက်စေပါတယ်။
၃ ။ ကိုယ်အမူအယာ နဲ့ စိတ်အစဉ်ကို အမြဲ ကြည်လင်သန့် ရှင်း နေစေပါတယ်။
၎ ။ ကိုယ် စိတ် နှစ်ပါးလုံး အေးမြစေတဲ့အပြင် အငြိမ်းဓါတ်ကို စတင်တွေ့ရှိပြီး ထာဝရငြိမ်းချမ်းရာ နိဗ္ဗာန်သို့တိုင်အောင် အကျိုးပြုနိုင်ပါတယ်။

တစစနဲ့ တိုးတက်လာတဲ့ နည်းပညာတွေနဲ့ အညီ လူတွေရဲ့ လိုချင်မှု ရချင်မှု ဖြစ်ချင်မှုတွေ စတဲ့ အလိုဆန္ဒတွေများပြားလာတာနဲ့ အမျှ ဓမ္မရဲ့ ဂုဏ်သတ္တိ ဂုဏ်ကျေးဇူးတော်တို့ဟာလည်း ညှိးမှိန်လာခဲ့ပါတယ် ။

ဒါကြောင့် ဒီဘက်ခေတ်မှာ ရှိတဲ့ လူသားတော်တော်များများဟာ ဓမ္မကို ငါတို့နှင့် မဆိုင်သလိုလို နေလာကြတဲ့အတွက် ဓမ္မရဲ့ မြင့်မြတ်လှတဲ့ အကျင့်မြတ်တရားတွေကို ကျင့်သုံးသူ မြတ်နိုးသူ ရှားပါးလာခဲ့ပါတယ် ။
ဓမ္မဆိုတဲ့ စကားလုံးကိုသာ သိပြီး ကျင့်သုံးသူ မြတ်နိုးသူ အလွန်အင်မတန် နည်းလာခဲ့ပါတယ် ။
ဓမ္မဆိုတဲ့ အသံကြားတာနဲ့ တီကောင်ကို ဆားနဲ့ တို့သလိုပါပဲ ။ ဝေးဝေးကို ရှောင်ပြေးကြပါတော့တယ် ။

တစ်ကယ်တော့ ဓမ္မဟာ လူမရွေး နေရာမရွေး အချိန်မရွေး အခုကျင့်သုံးရင် အခုကောင်းကျိုးတွေ ရနိုင်တဲ့ ဆေးကြီးတစ်ခွက်ပါပဲ ။
ဒါကြောင့် ဘယ်ခေတ် ဘယ်အခါပဲ ဖြစ်ဖြစ် ဓမ္မဟာ အမြဲ မှန်ကန်စေတဲ့အတွက်

၁ ။ သစ္စ၀ါဒ( ထာဝရမှန်ကန်သောဝါဒ) Universal law , Universal Truth , Noble Truth ဖြစ်ပါတယ် ။

၂ ။ ၀ိဘဇ္ဇ၀ါဒ ( မည်သည့်လွှမ်းမိုးမှု မည်သည့်ချုပ်ကိုင်မှုမှ မပါပဲ လွတ်လပ်စွာ လေ့လာ ဆန်းစစ် ကျင့်သုံးနိုင်သော ၀ါဒ ) ဖြစ်ပါတယ် ။

၃ ။ ဓမ္မသည် သိပ္ပံနည်းကျလှခြင်း ဖြစ်ပါတယ် ။ အလွန်အင်မတန် တိကျ သေချာပါတယ် ။
သိပ္ပံနည်းကျလှခြင်း ဆိုတဲ့ နေရာမှာ အသေးစိတ် အချက်လေးချက် ရှိပါတယ်
----(၁) Practical System လက်တွေ့လေ့ကျင့်သော ပုဂ္ဂိုလ်များ လက်တွေ့ သိနိုင်ပါတယ် ။
----(၂) Ethical System ကိုယ်ကျင့်တရားနဲ့ ပတ်သက်ပြီး လုံးဝ ပြည့်စုံတဲ့ ဓမ္မဖြစ်ပါတယ် ။
----(၃) Spiritual System စိတ်ပိုင်းဆိုင်ရာမှာလည်း လုံးဝ ပြည့်စုံလှပါတယ် ။
----(၄) Philosophical System အတွေးအခေါ်ပိုင်းမှာလည်း အင်မတန်ပြည့်စုံလှပါတယ် ။
ဒါတွေကြောင့် ဓမ္မအစစ်သည် သိပ္ပံနည်းကျလှခြင်းဆိုတဲ့ အချက်နဲ့ အင်မတန် လိုက်ဖက်ပါတော့တယ် ။

၎ ။ ဓမ္မကို ကျင့်သုံးသူဟာ အကောင်း နှင့် အဆိုးကို ခွဲခြားသိနိုင်စွမ်း ရှိပါတယ်
ယနေ့ အတော်များများ ပုဂ္ဂိုလ်တို့ဟာ ဓမ္မကို ကျင့်သုံးမှု ရှားပါးလာသည်နှင့်အမျှ
လိုချင်မယ် ရှာမယ် စားမယ် ကာမဂုဏ်မှီဝဲမယ် အိပ်မယ် ဆိုတဲ့ စိတ်တွေနဲ့ ပဲ လုံးထွေးနေပြီးတော့
တိရစ္ဆာန်ကဲ့သို့ နီးစပ်လာကြပါတယ် ။
အကောင်းနဲ့ အဆိုးကိုပင် ခွဲခြားနိုင်မှုနည်းပါးလာကြပါတယ် ။
ဒီနေရာမှာ အလျင်းသင့်တုန်း အကောင်း (၃)မျိုးနဲ့ အဆိုး (၃)မျိုးကို ပြောပြချင်ပါတယ် ။

အကောင်းဆုံးကနေ စပြောရရင်
----(၁)အများမှာလည်း အကျိုးရှိ မိမိမှာလည်း အကျိုးရှိသော အလုပ်ဖြစ်ပါတယ် ။
----(၂)အများမှာ အကျိုးရှိပြီး မိမိမှာ ဘာမှ မဖြစ်တဲ့ အလုပ်ဖြစ်ပါတယ် ။
----(၃)အများမှာ ဘာမှမဖြစ်ပေမယ့် မိမိမှာ အကျိုးရှိသော အလုပ်ဖြစ်ပါတယ် ။

အဆိုးဆုံးကနေ စပြောရရင်တော့
----(၁)အများမှာလည်း ထိခိုက်ပါတယ် မိမိမှာလည်း ထိခိုက်ပါတယ် ။
----(၂)အများမှာ ထိခိုက်ပြီး မိမိမှာ ဘာမှမဖြစ်ပါဘူး ။
----(၃)အများမှာ ဘာမှ မဖြစ်ပေမယ့် မိမိမှာ ထိခိုက်ပါတယ် ။

ဓမ္မကို ကျင့်သုံးသူ ပုဂ္ဂိုလ်ဟာ အဆိုးတွေကို ရှောင်နိုင်ပြီး အကောင်းတွေကိုပဲ ပြုကျင့်နိုင်မှာ ဖြစ်ပါတယ် ။
နောက်ဆုံးမှာ ထာဝရ ငြိမ်းချမ်းရာ နိဗ္ဗာန်ထိတိုင်အောင် မျက်မှောက်ပြုနိုင်အောင် စွမ်းဆောင်နိုင်တဲ့ ပုဂ္ဂိုလ်
Noble Person အမြင့်မြတ်ဆုံး ပုဂ္ဂိုလ်အဖြစ်ကို ရောက်ရှိနိုင်မှာ ဖြစ်ပါတယ် ။

မှတ်ချက် ။ ။ သန့် တည် ပွား ဆရာ ဦးမြင့်လွင်၏ အပါယ်ပိတ်တရားမှ ကောက်နုတ်ချက် ဖြစ်ပါတယ် ။ အားလုံးပဲ ဓမ္မရဲ့ ဂုဏ်ကျေးဇူးတော်တို့ကို သိမြင် နားလည် ကျင့်သုံးနိုင်တဲ့ ပုဂ္ဂိုလ်များ ဖြစ်နိုင်ကြပါစေဗျာ ။
အပါယ်သို့ ကျရောက်ပုံကို ဆက်လက်ပြီး တင်ဆက်သွားပါ့မယ် ခင်ဗျ ။

စိတ်ဝင်စားသေးရင် နှိပ်လိုက်နော် ...



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP