* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, October 14, 2009

သူ့ကြွေးရှိက ဆပ်ရမည်.....



သူ့ကြွေးရှိက ဆပ်ရတဲ့ အကြောင်းကတော့.....

၁။မြတ်စွာဘုရားရှင်လက်ထက်တော်က စက္ခုပါလမထေရ်မြတ်အကြောင်းဖြစ်ပါတယ်။ စက္ခုပါလမထေရ်ဟာ မြတ်စွာဘုရား သီတင်းသုံးရာ ကျောင်းတော်ကို ကြွမလာခင်ကတည်းက တရားအားထုတ်ခဲ့သူဖြစ်ပါတယ်။ အဲဒီ ကာလကတည်းက မျက်စိရောဂါဖြစ်လို့ ဆေးကုသခဲ့ပါတယ်။ ဆေးဆရာက မျက်စဉ်းခတ်တဲ့အခါမှာ လဲလျောင်းပြီးခတ်ရပါမယ်။နို့မဟုတ်ရင် မျက်စိပြန်မကောင်းနိုင်ပါဘူး လို့ လျှောက်ထားခဲ့ပေမဲ့ စက္ခုပါလမထေရ်က လျောင်းစက်တဲ့ အနေအထားကိုရှောင်ပြီး သွားတာ၊ ရပ်တာ၊ ထိုင်တာကိုပဲ ပြုပြီး တရားအားထုတ်တော်မူခဲ့ပါတယ်။ ဆေးဆရာလာကြည့်တဲ့အခါ အရှင်မြတ်ရဲ့ မျက်စိများဟာ ပျက်စီးနေပြီဖြစ် ပါတယ်။ အဲဒ်ီတော့ ဆေးဆရာကလည်း နောက်ဆုတ်သွားခဲ့ပါတယ်။

အဲသည် အဖြစ်က အခုဘ၀မှာဖြစ်တာ လောက်ပါ။ တကယ်တော့ ဘယ်လောက်ကြာရှည်နေပြီလို့ မသိနိုင်တဲ့ သံသရာတစ်ကွေ့မှာ စက္ခုပါလမထေရ်မြတ်အလောင်းလျာဟာ အမှားတစ်ခုကို ကျူးလွန်ခဲ့ပါတယ်။ အဲသည်ဘ၀မှာ အရှင်မြတ်က ဆေးဆရာဖြစ်တော့ မျက်စိရောဂါပြင်းထန်စွာဖြစ်နေတဲ့ အမျိုးသမီး တစ်ယောက်က ဆရာရယ် ကျမရောဂါပျောက်အောင်ကုသပေးပါ။ တစ်မိသားစုလုံး ကျွန်ခံပါ့မယ်လို့ ပြောပြီး ဆေးကုသခံသတဲ့။ သူ့ရောဂါ ပျောက်ခါနီးလောက်ကျတော့ ဆေးဆရာက လာကြည့်ပါတယ်။ ပျောက်လုပြီဆိုတာ သိပါတယ်။ သိပေမယ့် ဘယ်လိုနေသေးလည်းမေးတာပေါ့။ အမျိုးသမီးက ဆေး ကုခမပေးချင်တော့ ညာပြီး ပြောပါတယ်။ အစောပိုင်းကတော့ တော်တော်ကောင်းသွားပါတယ် ဆရာ၊ အခုတော့ ပြန်ပြီး ထိုးကိုက်လာပြန်ပါတယ်လို့ လိမ်ပြောပါသတဲ့။ ဆေးဆရာက ဒီအမျိုးသမီးတာ့ ညာနေပြီ သိကြသေးတာပေါ့ လို့ ဆိုပြီး နောက်တစ်ခေါက်အလာမှာ ဆေးပြောင်းပေးမယ် လို့ဆိုပါတယ်။ နောက်တစ်ခေါက်အလာမှာလည်း ဘေးဖြစ်စေတဲ့ ဆေးမြစ်ကိုသွေးပြီး မျက်စိကိုကွင်းပေးလိုက်တာ လိမ်လည်တဲ့မိန်းမ ဟာ တစ်ခါတည်းပြန် ပြီး မျက်စိကွယ်သွားပါတော့တယ်။ လူနာ အမှားအပေါ် ဆေးဆရာ အမှားက ပိုဆိုးသွားခြင်းပါ

အဲသည်လို သူတစ်ပါးကို မျက်စိကွယ်စေခဲ့တဲ့ စက္ခုပါလမထေရ်ဟာ အာသဝေါကုန်ခန်း ရဟန္တာဖြစ်တဲ့ ဘ၀ ကို ရောက်တာတောင်မှ မျက်စိကွယ်ခြင်းနဲ့ ပြန်ပြီးပေးဆပ်ရပါတယ်။ ၀ဋ်ကြွေးကို လျှော်ပစ်လို့မရပါဘူး။ အခုဘ၀မှာ ကိုယ်အပြစ်မရှိအောင်နေတဲ့ကြားက ဆိုးရွားတဲ့ဖြစ်ရပ်များနဲ့တည့်တည်တိုးတာ ၊ ဝေဒနာများကို ခံစားရတာ စတဲ့အဖြစ်တွေကြောင့် ဒေါသဖြစ်ကာ ဆူပူသောင်းကျန်းတာမျိုး၊ သူတစ်ပါးကိုပြန်ပြီး ရန်ရှာတာမျိုး မလုပ်သင့်ပါဘူး။ တင်ပြီးသားကြွေးကိုသာ ကုန်စင်အောင်ပြန်ဆပ်လိုက်တာ ကောင်းပါတယ်။

၂။နောက်တစ်ခု သတိရမိတာကတော့....မြန်မာ့သမိုင်းမှာလည်း မိဖုရားကြီး နန်းမတော်မယ်နု ကိုသေဒဏ်ချလိုက်ပြီး....သတ်တော့မှာသေချာတဲ့အချိန် ....မိဖုရားကြီးက အခွင်အရေးတစ်ခု တောင်း ပါတယ်။ အဲဒီ အခွင့်အရေးကတော့ ဆရာတော်ဦးဗုဓ် ကို ကိုယ်တိုင်ဖူးမြင်ခွင့်ပေးပါ ဆိုတဲ့အခွင့်ဖြစ်ပါတယ်။ မင်းက လည်း သာသနာရေးကို မပိတ်ပင်ပါဘူး။ အဲတော့ မယ်နုက ဆရာတော်ရဲ့ကျောင်းပေါ်ကိုတက်သွားပါတယ်။ ဆရာတော်က ပုရပိုဒ်တစ်ချပ်ကိုကိုင်ပြီး စာဖတ်နေတော် မူပါတယ်။ မယ်နုက တပည့်တော် မိနုပါဘုရားလို့ လျှောက်ထားရင်းထိုင်ကန်တော့အပြီးမှာ တပည့်တော်ကို စီရင်ကြတော့မှာပါဘုရားလို့ လျှောက်ပါတယ်။

အဲဒီအခါ ဆရာတော်က တရားနည်းလမ်းကျနစွာနဲ့ တစ်ခွန်းပဲမိန့်တော်မူပါတယ်။ မိနု သူ့ကြွေးရှိက ဆပ်ရလိမ့်မယ် ဆိုတဲ့ စကားတစ်ခွန်းဖြစ်ပါတယ်။ မယ်နုကလည်း အပိုစကားတစ်လုံးမှ မပြောကြားပဲ မှန်ပါ နားလည်ပါပြီဘုရားလို့လျှောက်ထားပြီး နောက်တစ်ကြိမ်ကန်တော့အပြီး ပြန်သွားခဲ့ပါတယ်။ ဒီဇာတ်ကြောင်းလေးက ရဟန်းပီသတော်မူတဲ့ ဆရာတော်နဲ့ ဆရာတော်ဆုံးမတဲ့ နိယာမ ကို ကောင်းစွာ နား လည်ပြီး ပြန်သွားတဲ့ မယ်နုရဲ့ တည်ကြည်ခိုင်ခန့်တဲ့စိတ်ထား ကို သိနားလည်ခဲ့ပါတယ်။ ဒါ့အပြင် စာဖတ်ရင်း နားထဲမှာ ထင်ဟပ်နေတဲ့ ပဲ့တင်သံ ကတော့......

~~~~သူ့ကြွေးရှိက ဆပ်ရလိမ့်မယ် ။သူ့ကြွေးရှိက ဆပ်ရလိမ့်မယ်။ သူ့ကြွေးရှိက ဆပ်ရလိမ့်မယ်။~~~~

ရွှင်လန်းချမ်းမြေ့ကြပါစေ။
မညခင်း

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP