* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, August 30, 2009

သမထ—ကိုနယ်လေးပါးနှင့်ပိုင်းခြားခြင်း

ဤ နယ်လေးပါး ပိုင်းခြားပုံတရားဟာ နာလို့မဝနိုင်သော တရားဖြစ်ပါတယ်။ ထပ်ခါ ထပ်ခါ နာလေလေ အသိဉာဏ်ပို ရှင်းလေလေ ဖြစ်လာပါတယ်။ထို့ကြောင့် သမထ ကုသိုလ် ကိုလည်း နယ်လေးပါးဖြင့် ပိုင်းခြားဟောတော် မူပါဘုရား။

ဦးဝိဇယ== တရား အကြောင်းပြောရတာ ကြေးဖလားကြီး ပွတ်ရသလို ပွတ်လေ ဝင်းလေဖြစ်နေပါတယ်။ ဉာဏ်အမြင်တွေ ပိုပိုပြီး တပည့်တော်လည်း ရှင်းရှင်း လာပါတယ်ဘုရား။တရားနှင့်ဆိုင်ရာ သိချင်ရာကိုမေးပါ၊ အာမနာပါနဲ့၊ နှစ်ဦးနှစ်ဘက် အမြတ်ထွက် တာပေါ့ဘုရား။

သမထ ဟူသော စကားကိုကြားလိုက်သောအခါ အဝိဇ္ဇာမာန ပညတ်နယ်မှာ (ကောင်းတယ်)ဟူသော အထင်အထည် ။(မကောင်းဘူး) ဟူသော အထင်အထည်၊(ဘာမှန်းမသိဘူး)ဟူသော အထင်အထည် စိတ်မှာတစ်ခုခု ထင်လာပါတယ်။

ဝိဇ္ဇာမာနပညတ်နယ် ကတော့ စိတ်ထဲမှာ ပေါ်လာတဲ့အာရုံကို အမှီပြုပြီး (စွန့်လွှတ်ခြင်း၊ချမ်းသာခြင်း) ဟူသော လက္ခဏာများ စိတ်အစဉ်မှာ အထင်အထည်ပေါ်လာခြင်းဖြစ်ပါတယ်။

အဝိဇ္ဇာမာန ပညတ်နယ်မှာပင် (၃)ဆင့်ရှိနေမယ်။ ပထမ အဆင့်မှာ (ဘာမှန်းမသိဘူး) အဆင့်မှာ သိနေမယ်။ ထိုအသိအတိုင်းပင် ထင်ရာလုပ်နေကြမယ်။ ဒုတိယအဆင့်မှာ (မကောင်းဘူး)ဟူသောအဆင့်မှာ သိနေမယ်။ ထိုအသိအတိုင်းပင် ထင်ရာလုပ်နေကြမယ်။ တတိယ အဆင့်မှာ (ကောင်းတယ်) ဟူသောအဆင့်မှာ သိနေမယ်။ ထိုအသိအတိုင်းပင် ကောင်းတယ် ထင်တာတွေ ထင်ရာ လုပ်နေကြမယ်။စွန့်လွှတ်ခြင်း၊ချမ်းသာခြင်းဟူသော လက္ခဏာ စိတ်အစဉ်ကို သိဘို့မတက်လာပဲ ကိုယ်ထင်ရာကိုယ်လုပ်ခြင်းကို အဝိဇ္ဇာ ဟုခေါ်ပါတယ်။

စွန့်လွှတ်ခြင်း၊ချမ်းသာခြင်း စိတ်အစဉ် ဟူသော ဝိဇ္ဇာမာန ပညတ်နယ်သို့ တက်လာပြန်တော့လည်း ကိုယ့် ကိုကို အဟုတ်ထင်ပြီး အဝိဇ္ဇာမာန ပညတ်နယ်သမားတွေကို အပြစ်တင်တတ်ပြန်ပါတယ်။အနိမ့်အမြင့် ခွဲပြီး အပြစ်တင်ခြင်း၊ အဟုတ်ထင်ခြင်းကို -အဝိဇ္ဇာ -လို့ခေါ်ပြန်ပါတယ်။ သဘောနယ် ကို မရောက်သေး သမျှ စိတ်မှာလွတ်လပ်မှု မရပဲ အနိမ့် အမြင့်ကြားထဲမှာ အညှပ် အကြိတ်ခံ နေကြရပါတယ်။

သဘောနယ်ဆိုသည်မှာ ဝိဇ္ဇာမာန ပညတ်နယ်မှာသိရတဲ့ ဖြစ်စဉ် ပျက်စဉ် အထင် အထည်ကို တစ်စက္ကန့်တွင် အစိတ်ပေါင်း ကုဋေ တစ်သိန်း စိတ်ပြီး ထိုအစိတ်ထဲမှ တစ်ခုသော အစိတ်၏ ဖြစ်ပျက် သဘောလေးသည် သဘောနယ် ဖြစ်ပါတယ်။ ထိုသဘောနယ် သိစရာသည် စိတ်မှာ ပုံဖော်၍ လုံးဝမရဘဲ အသိပညာဖြင့်သာ သိလို့ရသော သဘောမျှ သက်သက် ဖြစ်ပါတယ်။

ထိုသဘောနယ် သိစရာကို အာရုံပြုနိုင်လျှင် အကောင်းအဆိုး အနိမ့်အမြင့် ခံစားချက် မရှိတော့ပါဘူး။ လွတ်လပ်ခြင်း၊ချမ်းသာခြင်းဖြင့် ပြည့်စုံလာပါတယ်။ အသိဉာဏ် အဆင့်မြင့်လာခြင်းဖြစ်ပါတယ်။

အဟုတ်ထင်ခြင်း အဝိဇ္ဇာ သည်အလွန်မြင်နိုင်ခဲပါတယ်။ သိမ်မွေ့ နက်နဲပါတယ်။ သဘောနယ်မှာသိရတဲ့ ဖြစ်ပျက် သဘောမျှလေးပင် (ဖြစ်ပျက်သဘောလောက်တော့ ကိုယ်ပိုင်စွမ်း အားဖြင့် လုပ်နိုင်တဲ့ သတ္တိလေးရှိနေတယ်) ဟုထင်နေတတ်ပါတယ်။

သုညနယ်ကို မသိရသေးသမျှ အလွန်သိမ်မွေ့၍ မြင်နိုင်ခဲသော အဟုတ်ထင်ခြင်း အဝိဇ္ဖာ သည် လုံးဝ မငြိမ်းသွားနိုင်ပါ။ ထို အဝိဇ္ဇာ ကိုပယ်နိုင်သော အရာမှာ သုည နယ်ကို သိမြင်နိုင်သော အသိဉာဏ်သာလျှင်ဖြစ်ပါတယ်။အခြား အဝိဇ္ဇာ ဉာဏ်များဖြင့် မပယ်သတ် နိုင်ပါ။

အဝိဇ္ဇာ ကိုပယ်လိုလျှင် သုညနယ်ကို သိအောင်လုပ်ရမည်။ သုညနယ် ဆိုသည်မှာ သဘောနယ်ဖြစ်သော ဘဝအစစ် ဖြစ်-ပျက် သဘောကလေးသည် အကြောင်းမပါဘဲ ကိုယ်ပိုင်စွမ်းအား အနှစ်သာရများဖြင့် လုံးဝ မဖြစ်နိုင်။ ကာလ သုံးပါးလုံးမှာ ကိုယ်ပိုင် အနှစ်အသားမှ ပျက်နေတဲ့ အတွက်ကြောင့် သုညသာဖြစ်ပါတယ်။

ဤ မူလပျက်သဘောကို (သုညနယ်)ဟုခေါ်ပါတယ်။သုညနယ်ကိုသိသော ဝိဇ္ဇာ ဉာဏ်ဖြစ်သော အခါ(သဘောနယ် ကို စွမ်းအားရှိတယ်) ဟု အဟုတ်ထင်သော အဝိဇ္ဇာ ပျောက်ငြိမ်းသွားပါတယ်။ အဝိဇ္ဇာ နယ်မှ လွတ်မြောက်သွားပါတယ်။သမထတရား ကိုဆုံးသည် အထိ လေ့လာခြင်းဖြစ်ပါတယ်။

အကျဉ်းချုပ်အားဖြင့် (အထင်အထည်)ဟူသော ပညတ်(၂) မျိုး နယ်သည် ထင်ရုံမျှသာရှိ၍ အမှန် မရှိသော ကြောင့် (ဘာမှ မဟုတ်ခြင်း၊ ဖြစ်ပျက်သဘောနှင့် မူလပျက်သဘော) ဟူသော သဘောနှစ်ခုနယ်သည် ထင်ရှားရှိသော်လည်း သိလို့သာရ၍ သုံးလို့မရသောကြောင့် ဘာမှ မဟုတ်ခြင်း၊ ဤ ဘာမှ မဟုတ်ခြင်း သဘောမှာသာ လမ်းဆုံးသွား ပါတယ်ဘုရား။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP