သဒ္ဒါနှင့်ပညာ ညီမျှပါ….
သဒ္ဒါပိုပြီး၊ ပညာလိုရင်တော့…
အကြောင်း အကျိုးမညှိ
အကောင်း အဆိုးမသိ
အမှား အမှန်မရှိ..
ဝေဖန်ပိုင်းခြားမှု အားနည်း..
ဝါဝါမြင်တိုင်း ရွှေထင်မှတ်..
တောက်ပြောင်တိုင်း စိန်မြင်တတ်..
မျက်ကန်းပမာ ဆင်စမ်းနေသလို..
သဒ္ဒါလွန်က တဏှာကျွံတတ်တယ်နော်…..။
ပညာဆန်းပြီး၊ သဒ္ဒါကန်းရင်တော့…
ဘုရားထက် ပိုတတ်ပိုသိ..
တရားစစ်ကို ဖျက်စီးမိ…
သံဃာများကိုကျော်ကာ ရိတိတိ..
ရတနာသုံးပါး စော်ကားကြည့်..
အဝိဇ္ဇာအမှောင်ဖုံး
သံသရာတလျှောက်လုံး..
တရားအသိဥာဏ်ပါဆုံး.
ပညာလွန်က ကောက်ကျစ်တတ်တယ်နော်……။
သဒ္ဒါပိုရင် ပညာနဲ့ညှိ..
ပညာဆန်းရင် သဒ္ဒါနဲ့ကြည့်..
လိုတိုး ပိုလျှော့ ညှိနိုင်မှသာ..
အိနြေ္ဒဆိုတာပေါ်လာနိုင်မယ်..
သဒ္ဒါနှင့်ပညာ ညီမျှပါ………။
အကြောင်း အကျိုးမညှိ
အကောင်း အဆိုးမသိ
အမှား အမှန်မရှိ..
ဝေဖန်ပိုင်းခြားမှု အားနည်း..
ဝါဝါမြင်တိုင်း ရွှေထင်မှတ်..
တောက်ပြောင်တိုင်း စိန်မြင်တတ်..
မျက်ကန်းပမာ ဆင်စမ်းနေသလို..
သဒ္ဒါလွန်က တဏှာကျွံတတ်တယ်နော်…..။
ပညာဆန်းပြီး၊ သဒ္ဒါကန်းရင်တော့…
ဘုရားထက် ပိုတတ်ပိုသိ..
တရားစစ်ကို ဖျက်စီးမိ…
သံဃာများကိုကျော်ကာ ရိတိတိ..
ရတနာသုံးပါး စော်ကားကြည့်..
အဝိဇ္ဇာအမှောင်ဖုံး
သံသရာတလျှောက်လုံး..
တရားအသိဥာဏ်ပါဆုံး.
ပညာလွန်က ကောက်ကျစ်တတ်တယ်နော်……။
သဒ္ဒါပိုရင် ပညာနဲ့ညှိ..
ပညာဆန်းရင် သဒ္ဒါနဲ့ကြည့်..
လိုတိုး ပိုလျှော့ ညှိနိုင်မှသာ..
အိနြေ္ဒဆိုတာပေါ်လာနိုင်မယ်..
သဒ္ဒါနှင့်ပညာ ညီမျှပါ………။

0 comments:
Post a Comment