* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, August 30, 2009

သီတဂူလမ်း(၆)


စစ်ကိုင်းတောင်အရိပ်ကို ခိုမိရင်ပဲ နေရောင်က အလင်းဖျော့စပြုပါပြီ။ ဇေယျပူရမြို့တော်အဖြစ်ထင်ရှားခဲ့ဖူးတဲ့ တစ်ရံခါဆီက စစ်ကိုင်းဟာ သမိုင်းအသစ်တွေရေးဖို့ တက်ကြွနေခဲ့တာပါပဲ။ အလံတံခွန်တွေ တလူလူတွေကြားထဲ ဖြတ်မောင်းလာတဲ့ သူတို့ရဲ့ ဟိုင်းဝေးဘတ်စ်ကားကြီးက သီတဂူအပြည်ပြည်ဆိုင်ရာဗုဒ္ဓတက္ကသိုလ်မုခ်ဦးဝကို ငြိမ့်ကနဲ ထိုးရပ်လိုက်ပါတယ်။ WOH! အားလုံးဟာ တောက်ပနေတော့တာပါ။

နတ်ဒေ၀တာတို့ဖန်ဆင်းထားတဲ့ ရေကန်ထဲ ခုန်ဆင်းလိုက်ကြရတာပါ။ အရာရာဟာ လင်းလက်နေခဲ့ပါတယ်။ ခမ်းနားတဲ့ မုခ်ဦးဝ။ ကြီးကျယ်မှုဆိုတဲ့ ဝေါဟာရကို ကိုယ်စားပြုနေတဲ့ သန္တိမဟာဘွဲ့နှင်းခန်းမကြီးနဲ့ တက္ကသိုလ်အခန်းခန်းအဆောင်ဆောင်များက မင်သက်အံ့သြမှုကိုသာ ဖြစ်စေခဲ့ပါတယ်။ တက္ကသိုလ်အဆောင်တွေရဲ့အမည်တွေကလည်း ဗုဒ္ဓခေတ်မဇ္ဈိမနှင့် မြန်မာနိုင်ငံတော်ရဲ့ သာသနာထွန်းကားပြန့်ပွားရာမြိုပြတွေကို ပြန်ရောက်သွားစေပါတော့တယ်။
ကြည့်ပါဦး ။
၁။ကာသိဆောင်
၂။ဗာရာဏသီဆောင်
၃။မိဂဒါဝုန်ဆောင်
၎။မဂဓဆောင်
၅။ဥရုဝေလဆောင်
၆။ဂယာဆောင်
ရ။ဂန္ဓာရဆောင်
ဂ။ပါဋလိပုတ်ဆောင်
၉။လင်္ကာဒီပဆောင်
၁၀။အမရာဝတီဆောင်
၁၁။ယောနကဆောင်
၁၂။ဝေသာလီဆောင်
၁၃။ရာဇဂြိုဟ်ဆောင်
၁၄။နာလန္ဒာဆောင်
၁၅။သာဝတ္ထိဆောင်
၁၆။ကပိလ၀တ္ထုဆောင်
၁၇။လုမ္ဗိနီဆောင်
၁၈။ဒေ၀ဒဟဆောင်
၁၉။ရတနာပုံဆောင်
၂၀။ဟံသာဝတီဆောင်
၂၁။ပုဂံဆောင်
၂၂။သရေခေတ္တရာဆောင်
၂၃။ကေတုမတီဆောင်
၂၄။သုဝဏ္ဏဘူမိဆောင် တဲ့။
အဲဒီအဆောင်(၂၄)ဆောင်အပြင် တက္ကသိုလ်ပရိဝုဏ်ကြီးရဲ့ ပဉ္စဂံနေရာတွေမှာတော့ တက္ကသိုလ်အဓိပတိဆောင်၊ ပါမောက္ခချုပ်ဆောင်။ မဟာထေရာဝါသဆောင်၊စီမံဆောင်၊နဲ့ မော်ကွန်းထိန်းဆောင်တို့ကို စနစ်တကျ အကွက်ချတည်ဆောက်ထားပါတယ်။






0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP