စစ်ကိုင်းသင်တန်းအမှတ်စဉ် (၄) ဖွင့်လှစ်ခြင်း
စစ်ကိုင်းမြို့၊စစ်ကိုင်းတောင်ရိုး၊လပြည့်ဝန်းလမ်း၊တွင်ဖွင့်လှစ်သင်ကြားလျှက်ရှိသော
EVERYONE IT Education တွင်သင်တန်းအမှတ်စဉ် (၄) အား ၁၉.၈.၂၀၀၉ ရက်နေ့
တွင်ဖွင့်လှစ်သင်ကြားခဲ့ပြီးသင်တန်းသားအသစ်ဦးရေ မှာ ရဟန်း၊သာမဏေ၊
သီလရှင်စုစုပေါင်း(၂၈)ဦးလက်ခံသင်ကြားပေးနေပါသည်။ သင်တန်းသားဟောင်းများ
အတွက်အင်တာနက်အသုံးပြုနည်းသင်တန်းများနှင့် အခြားအဆင့်မြင့်သင်တန်းများကို
စနေနေ့နှင့်တနင်္ဂနွေနေ့များမှာဖွင့်လှစ်သင်ကြားခဲ့ပါတယ်။ သင်တန်းသားအသစ်များ
အတွက်အင်္ဂါ၊ဗုဒ္ဓဟူး၊ကြာသာပတေးနှင့် သောကြာနေ့များမှာသင်ကြားပေးလျှက်ရှိပါ
တယ်။ သင်တန်းသားဟောင်းများစုစုပေါင်း(၂၃)ပါးရှိပါတယ်။ A+သင်တန်းသားဦးရေ
ကတော့ (၂၀)ဦးခန့်ရှိပါတယ်။ Auto CAD သင်တန်း(၆)ဦးခန့်ရှိပါတယ်။
programming သင်တန်းအတွက်လျှောက်လွှာခေါ်ယူခဲ့ပေမဲ့ ဆရာမအားလပ်သေး
တာဖြစ်တဲ့အတွက်ကြောင့် အချိန်မထည့်ခဲ့သေးပါဘူး။ သင်တန်းသားကတော့ (၆)ဦး
လျှောက်လွှာတင်ထားပါတယ်။ Networking သင်တန်းသားဦးရေကတော့
(၄)ဦးရှိပါတယ်။ အဆိုပါသင်တန်းကိုတော့ အောက်တိုဘာမှာသင်ကြားမှာဖြစ်ပါတယ်။
သင်တန်းဆရာကတော့ ကိုရဲမင်းဆိုသူဖြစ်ပါတယ်။ အခုA+သင်တန်းအတွက်
သင်တန်းဆရာကို စစ်ကိုင်းမြို့မှ စေတနာရှင်ဒါယကာတစ်ဦးမှသင်ကြားပေးတဲ့အတွက်
ဦးဇင်းကျောင်းတက်ချိန်ရခဲ့ပါတယ်။ ယခုသင်တန်းအမှတ်စဉ်(၄)အတွက် မီးစက်ငှားရမ်း
ခနှင့် ဆီအတွက် http://decembermon0312.multiply.com/ဒါယိကာမကြီးမြတ်မွန်မှ တစ်သိန်းကျပ်လှူဒါန်းခဲ့ပါတယ်။
မန္တလေးမြို့မှဒါယိကာမကြီး မနီလာနှင့်မသင်းသင်ဦးတို့မှ ကိုရန်အောင်(အမေရိကား)မှတဆင့် သိရ၍
တယ်လီဖုန်းဖြင့်ဆက်သွယ်၍ငါးသောင်းကျပ်လှူဒါန်းခဲ့ပါတယ်။ အခုလိုလှူဒါန်းတဲ့အတွက်သင်တန်းမှာ
အခက်အခဲအချို့အဆင်ပြေနေပါတယ်။ သင်တန်းများအတွက် သြ၀ါဒဆရာတော်ကြီးများကတော့
(၁)စစ်ကိုင်းတိုင်းသံဃာ့နာကအဖွဲ့အတွင်းရေးမှုး ၀ိပဿနာကျောင်းတိုက်ဆရာတော်၊
(၂)စစ်ကိုင်းမြို့နယ်သံဃာ့နာယကအဖွဲ့ အကျိုးတော်ဆောင် ရတနာဓူဝံဆရာတော်၊ (၃)စစ်ကိုင်းမြို့
သောတာပန်ရပ် ရွှေကျင်ရပ်/ကျေးသံဃာ့နာယကဥက္ကဌ အောင်မြေသာစည် ဆရာတော်၊
(၄)စစ်ကိုင်းတောင်မြစင်္ကြကျောင်းတိုက်ဆရာတော်၊ (၅) စစ်ကိုင်းတောင်ဇိနောဒယပရိယတ္တိစာသင်
တိုက်ဆရာတော် တို့မှ သင်တန်းများနှင့်ပါက်သက်၍ အစဉ်အမြဲသြ၀ါဒများချီးမြင့်ပေးလျှက်ရှိပြီး
သင်တန်းအကျိုးတော်ဆောင် အဖြစ် (၁) တောင်သာဆရာတော် (၂) ဦးတိက္ခိန္ဒ(စစ်ကိုင်း)
(၃) ဦးသုဇာတ (မန္တလေး) (၄)ဦးကောဝိဒ (စစ်ကိုင်း) (၅)ဦးသြဘာသ(စစ်ကိုင်း)
(၆)ဦးက၀ိသာရ(စစ်ကိုင်း) မြို့တို့ဖြစ်ကြပါတယ်။ သင်တန်းများအတွက် အုပ်ချုပ်ရေးအဖွဲ့ဆရာတော်
များကတော့ (၁)တောင်သာဆရာတော်(၂) ဦးတိက္ခိန္ဒ (၃)ဦးသုဇာတ(၄) ဦးကိဝိသာရ
တို့ဖြစ်ကြပါတယ်။ သင်တန်းများအတွက် ဥပဋ္ဌာပက အဖွဲ့ဝင်များဖြစ်ကြသော (၁)ဦးရဲဝင်နောင်
(မန္တလေး)(Pro_Tech Computer) (၂)ဦးပီကေ (ခ)ဦးဖြိုးကျော်(pikay.myanmarbloggers.org)
(၃)ဦးကျော်စိုးအောင်(စစ်ကိုင်း) (၄) ဦးမိုးဟိန်း(စစ်ကိုင်း) (၅) ဦဇော်ဇော်အောင်(စစ်ကိုင်း)
(၆) ဦးဇော်ထွေးဦး(စစ်ကိုင်း) တို့ဖြစ်ကြပါတယ်။ (၂၅.၉.၂၀၀၉ )ရက်နေ့မှာတော့ စစ်ကိုင်တောင်ရိုး၊
သီတဂူ ဆရာတော်ဘုရားကြီးမှ သြ၀ါဒ ချီးမြင့်ခဲ့ပါတယ်။ ဦးဇင်းတို့ဘက်မှလည်းအခု
လိုဆရာတော်ကြီးများ အခုလိုအားပေးတဲ့အတွက်ဒီထက်မကအောင်မြင် အောင်ကြိုးစားလျှက်ရှိပါ
တယ်။ အဆိုပါသင်တန်းများသို့ဆက်သွယ်လိုပါက ၀၀၉၅-၉-၂၁၁၀၂၀၂ ၊ ၀၀၉၅-၁-၄၄၈၂၃၂၇
၀၀၉၅-၁ ၄၄၈၂၃၂၈ နှင့် kovida9@gmail.com သို့ဆက်သွယ်နိုင်ကြပါတယ်။

0 comments:
Post a Comment