* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, May 8, 2009

မလ္လိကာ မိဖုရားသည် ကွယ်လွန်လေပြီ...



ကောသလသုတ် -

အခါတစ်ပါး မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ် သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ပသေနဒိ ကောသလမင်းသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်နေ၏။

"ထိုအခါ မလ္လိကာ မိဖုရားသည် ကွယ်လွန်လေ၏"

ထိုအခါ မင်းချင်း ယောက်ျားတစ်ယောက်သည် ပသေနဒိကောသလမင်းကြီးထံသို့ ချဉ်းကပ်၍ ပသေနဒိကောသလမင်းကြီး၏ နားရင်းသို့ ကပ်လျက်-

''မင်းမြတ် မလ္လိကာ မိဖုရားကြီးသည် နတ်ရွာစံပါပြီ'' ဟု သံတော်ဦးတင်၏။

ဤသို့သံတော်ဦးတင်သော် ပသေနဒိကောသလမင်းသည် ဆင်းရဲခြင်းရှိသည် စိတ်မကောင်းသည် ကျသော ပခုံးရှိသည် ဖြစ်၍ မျက်နှာအောက်ချလျက် ကြံမှိုင် ကာ စကား မပြောဘဲ ထိုင်နေ၏။

ထိုအခါ မြတ်စွာဘုရားသည် ပသေနဒိကောသလမင်းကို ဆင်းရဲခြင်းရှိသည် စိတ်မကောင်းသည် ကျသော ပခုံးရှိသည် ဖြစ်၍ မျက်နှာအောက်ချလျက် ကြံမှိုင် ကာ စကားမပြောဘဲ နေသည်ကို သိတော်မူ၍ ပသေနဒိကောသလမင်းအား

မင်းကြီး သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ နတ်ဖြစ်စေ မာရ်နတ်ဖြစ်စေ ဗြဟ္မာဖြစ်စေ လောက၌ မည်သူမဆို တောင့်တ၍ မရကောင်းသော အရာတို့သည် ဤငါးမျိုးတို့ တည်း။

အဘယ်ငါးမျိုးတို့နည်းဟူမူ -

အိုတတ်သော သဘောတရားသည် ''မအိုပါစေလင့်'' ဟု သမဏဖြစ်စေ ဗြာဟ္မဏ ဖြစ်စေ နတ်ဖြစ်စေ မာရ်နတ်ဖြစ်စေ ဗြဟ္မာဖြစ်စေ လောက၌ မည်သူမဆို တောင့် တ၍ မရကောင်းသော အရာပေတည်း။

နာတတ်သော သဘောတရားသည် ''မနာဖျားစေလင့်'' ဟူ၍။ပ။

သေတတ်သော သဘောတရားသည် ''မသေပါစေလင့်'' ဟူ၍။ပ။

ကုန်တတ်သော သဘောတရားသည် ''မကုန်ဆုံးပါစေလင့်'' ဟူ၍။ပ။

ပျက်စီးတတ်သော သဘောတရားသည် ''မပျက်စီးပါစေလင့်'' ဟူ၍ သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ နတ်ဖြစ်စေ မာရ်နတ်ဖြစ်စေ ဗြဟ္မာဖြစ်စေ လောက၌ မည်သူမဆို တောင့်တ၍ မရကောင်းသော အရာပေတည်း။

ပူဆွေး ငိုကြွေးခြင်းဖြင့် အကျိုးအနည်းငယ်မျှ မရနိုင်။ပ။ ကံကို မြဲမြံစွာ အား ထုတ်အပ်ပြီ၊ ယခု အခါ၌ အသို့လျှင် ပြုအံ့နည်းဟု ဆင်ခြင်၍ ပူဆွေးခြင်း မရှိဘဲ သည်းခံရာ၏ ဟု မိန့်တော်မူ၏။49

၉ - ကောသလသုတ်၊ မုဏ္ဍရာဇ၀ဂ်၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္တိုရ်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP