* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, May 8, 2009

ဓမ္မဘေရီ အရှင်ဝီရိယ(တောင်စွန်း)၏ လောကချမ်းသာတရားပွဲ

မြန်မာနိုင်ငံ၊ မွန်ပြည်နယ်၊ တောင်စွန်းမြို့၊ ရွှေစေတီ၊ ဓမ္မဘေရီကျောင်းတိုက်တွင် သီတင်းသုံးသော ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း)သည် အမေရိကန်နိုင်ငံသို့ အလည်အပတ်ခရီး ရောက်ရှိနေစဉ် နယူးယောက်မြို့ လောကချမ်းသာဘုရားကျောင်း၏ အပတ်စဉ်ကျင်းပလေ့ရှိသော ၂၀၀၉ ခုနှစ် မေလ ၂ ရက် စနေနေ့ ဆည်းဆာတရားပွဲ၌ တရားဓမ္မ ဟောကြားခဲ့ပါသည်။


ဓမ္မဘေရီ အရှင်ဝီရိယ(တောင်စွန်း)နှင့် လောကချမ်းသာဆရာတော်


ဓမ္မဘေရီ အရှင်ဝီရိယ(တောင်စွန်း)၏ ဖြစ်စဉ်အကျဉ်း

၁၃၀၇ ခု ပြာသိုလပြည့်ကျော် ၁၃ ရက် (၃၀-၁-၁၉၄၆) ဗုဒ္ဓဟူးနေ့တွင် မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ဥယျာဉ်တော်ရွာ၌ အဖ ဦးပု-အမိ ဒေါ်မင်းစိန်တို့က မွေးဖွားသည်။

၁၃၂၃ ခုနှစ်တွင် အမရပူရမြို့နယ် တူမောင်းတိုက်သို့ ရောက်ရှိပြီး တူမောင်းဆရာတော်ကြီးနှင့် စာချဆရာတော် ဘဒ္ဒန္တမေဓိယတို့ထံ၌ ပရိယတ္တိပညာ စသင်သည်။

၁၃၂၅ ခုနှစ်တွင် ပထမငယ်တန်းကို တစ်ပြည်လုံး တတိယဖြင့် အောင်၏။

၁၃၂၆ ခုနှစ်က စ၍ တူမောင်းတိုက်တွင် အဘိဓမ္မာ နေ့ဝါ ညဝါကို စာချသာမဏေအဖြစ် ကူညီပို့ချရင်း စာချ စာသင် နှစ်တာဝန်ကို ထမ်းဆောင်ရ၏။

၁၃၂၇ ခုနှစ် ကဆုန်လပြည့်နေ့၌ ရဟန်းအဖြစ် ရောက်၏။

၁၃၃၂ ခုနှစ်တွင် သာသနဓဇဓမ္မာစရိယဘွဲ့ကို ရရှိ၏။

၁၃၄၂ ခုနှစ် တိပိဋကဓရ ရွေးချယ်ရေး စာမေးပွဲတွင် ပိဋကတ်တစ်ပုံဆောင် ‘ဒီဃဘာဏက’ဘွဲ့ ရရှိသည်။

၁၃၄၃ ခုနှစ်၌ ဒီဃနိကာယအဂ္ဂဓမ္မာစရိယဘွဲ့ ရရှိသည်။

၁၃၆၂ ခုနှစ်မှ စ၍ စာရေးဆရာ သတင်းစာဆရာကြီး မောင်မဲ၊ ရဝေနွယ်(အင်းမ)နှင့် ကံထွန်းသစ်တို့၏ တိုက်တွန်း အားပေးမှုကြောင့် စာပေလောကထဲ ရောက်ရှိလာပြီး မြတ်သတိဝါဒီ၊ ဘာသာသွေးနှင့် အတွေးသစ်ဂျာနယ်တို့မှာ စာရေးသားဖြစ်ခဲ့၏။

တပည့် အရှင်နေမိန္ဒာလင်္ကာရာဘိဝံသ၊ ရဝေနွယ်(အင်းမ)၊ ရွှေပါရမီ အရှင်ဆန္ဒာဓိကတို့၏ ကမကထ ပြုမှုကြောင့် ဓမ္မဘေရီစာစဉ် ပေါ်ပေါက်လာသည်။

အတွေးသစ်ဂျာနယ်ပါ ဆောင်းပါးများ စုစည်းမှုအဖြစ် ‘မထေရ်မြတ်တို့ စကားဝိုင်း’စာအုပ်တွဲများကို ၂၀၀၂ ခုနှစ်မှ စတင် ထုတ်ဝေခဲ့သည်။

ယခုအခါ မွန်ပြည်နယ်၊ တောင်စွန်းမြို့၊ ရွှေစေတီ၊ ဓမ္မဘေရီကျောင်းတိုက်တွင် သီတင်းသုံး နေထိုင်ပြီး၊ အမရပူရမြို့ တူမောင်းတိုက်နှင့် တောင်ကြီးမြို့ သိမ်တောင်ပရိယတ္တိတိုက်တို့၌ ပဋ္ဌာန်းစာဝါကို နှစ်စဉ် ပို့ချရင်း စာပေများ ရေးသားလျက် ရှိ၏။

+++++



၂၀၀၉ ခုနှစ် မေလ ၂ ရက် စနေနေ့ လောကချမ်းသာ ဆည်းဆာတရားပွဲတွင် ဓမ္မဘေရီ အရှင်ဝီရိယ(တောင်စွန်း)က အင်္ဂုတ္တိုရ်ပါဠိတော်၊ အပဏ္ဏကဝဂ်၊ သမ္မဒိဋ္ဌိသုတ်လာ အာသဝေါတရားတို့ ကုန်ရန် အကြောင်းဖြစ်သည့် ကာမဂုဏ်မှ ထွက်မြောက်ရန် ကြံခြင်း ‘နေက္ခမ္မဝိတက်’၊ မပျက်စီးရန် ကြံခြင်း ‘အဗျာပါဒဝိတက်’၊ မညှင်းဆဲရန် ကြံခြင်း ‘အဝိဟိံသာဝိတက်’နှင့် မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’ တရားလေးမျိုးတို့နှင့် ပြည့်စုံစေရန် အကြောင်းများကို ဟောကြားသွား၏။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP