* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, May 8, 2009

ဒုလ္လဘာ သမ္ပတ္တိ လေးပါး

ကျွန်ုပ်တို့သည် နေ့စဉ် ညစဉ် ရှိခိုးဝတ်ပြုကြရာ၌ မဂ်တရား ဖိုလ်တရား နိဗ္ဗာန်တရားတော်မြတ်ကို ရပါလို၏-ဟု အမြဲဆုတောင်းကြသည်။ ဆရာတော်များထံ သီလခံယူရာ၌ မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်တရားတို့ကို မပင်မပန်း ချမ်းသာလွယ်ကူစွာ ကြိုးစားအားထုတ်နိုင်ကြစေ-ဟုနှိုးဆော် ဆုပေးတော်မူကြသည်။ ထိုလိုလားတောင်းတသော ဆုကြီးကို ရယူရန်မှာ ယခုအချိန်သည် အကောင်းဆုံးအချိန် ဖြစ်ပါ၏။ ယခုအချိန်တွင် ကျွန်ုပ်တို့သည် ဒုလ္လဘာ သမ္ပတ္တိလေးပါးကို ကိုယ်စီရရှိနေကြပါသည်။ ထိုလေးပါးမှာ- ၁။ ပတိရူပဒေသ၀ါသသမ္ပတ္တိ=ဗုဒ္ဓအဆုံးအမ သာသနာတော် အရှိန်အ၀ါ ထွန်းတောက်နေပြီး မိမိပြုလိုသော ဒါန သီလ ဘာဝနာ အလုပ်များကို လွယ်ကူစွာ လုပ်ကိုင်နိုင်သော အရပ်ဒေသတွင် လူဖြစ်နေရခြင်းသည် မွန်မြတ်လှသော သမ္ပတ္တိ ( ပြည့်စုံခြင်း ) ဖြစ်သည်။ ၂။ အင်္ဂသမ္ပတ္တိ=မျက်စိ နား နှာ အင်္ဂါ ခြေလက် ကောင်းမွန်ကြသည်။ မြင်နိုင် ကြားနိုင် သွားနိုင် လာနိုင် ဖူးမြော်နိုင် ပူဇော်နိုင် နာယူနိုင် သင်ယူနိုင် ကျင့်ဆောင်နိုင်သော ခန္ဓာကိုယ်ကို ရရှိထားကြသည်။ ၃။ သပ္ပုရိသူပနိဿယ သမ္ပတ္တိ=မိကောင်း ဖကောင်း ဆရာကောင်း သမားကောင်း အဆွေခင်ပွန်းကောင်းတို့နှင့် တွေ့ကြုံနေရသည်။ မှန်ကန်တိကျသော မြတ်ဘုရား၏ အဆုံးအမ ဒေသနာတော်များကို အချိန်မရွေး ချဉ်းကပ်နာယူနိုင်သည်။ ဆွေးနွေးနိုင်သည်။ ဖြေရှင်းနိုင်သည်။ မိမိနှင့်သပ္ပါယဖြစ်သော လူဆရာ၊ သံဃာဆရာ တော်များထံ ချဉ်းကပ်၍ အနီးကပ် နည်းနာခံယူ ကျင့်ကြံနိုင်သည်။ ၄။ သဒ္ဓါသမ္ပတ္တိ=ရတနာသုံးပါးကို ယုံကြည်ခြင်း၊ ကံ ကံ၏အကျိုးကို ယုံကြည်ခြင်း၊ သစ္စာလေးပါး၊ အကြောင်းအကျိုး ပဋိစ္စသမုပ္ပါဒ်တရား၊ မဂ္ဂင်ရှစ်ပါးတို့ကို ယုံကြည်ခြင်း သဒ္ဓါတရားများ ရှိကြသည်။ သံသရာဘ၀ အဆက်ဆက် စွဲကပ်လာခဲ့သော ကိလေသာအညစ်အကြေးများကို ဆေးကြောသုတ်သင်၍ မဂ်တရား ဖိုလ်တရားကို ကြိုးစားအားထုတ်ရန် ယခုဘ၀ထက် ကောင်းသောဘ၀ကို အချည်းနှီး လွန်မြောက်ရန် သင့်ပါမည်လား။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP