* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, May 8, 2009

အမိမြေသို့အလည်တစ်ခေါက်ပြန်ခြင်းမှတ်တမ်း (၈)

From Sin Phyu Kyaun


စစ်ကိုင်းတောင်ပေါ် လမ်းလျှောက်သည့် အကျိုးကျေးဇူကတော့ ညက အိပ်လိုက်ရတာ အတော်လေးကို အိပ်လို့ကောင်းသည်။ မနက်မိုးလင်းတော့ မနက် ၇နာရီကျော်နေပြီ။ ဆွမ်းစားကျောင်းက သံချောင်းခေါက်သံ ကိုပင် မကြားလိုက်တော့ပါ။ ထုံးစံအတိုင်း အိပ်ယာထ နောက်ကျသူများ အတွက် မနက်စာ စားဖို့ကတော့ လဘက်ရည်ဆိုင်ပဲ ရှိတော့သဖြင့် အနီးရှိ ဒေါ်ဝင်းလဘက်ရည်ဆိုင်သို့ အရောက်လှမ်းကာ အကျော်နဲ့ရေနွေး ကြမ်းဝါးရီးဖွင့်လိုက်ရတော့သည်။

ညနေပိုင်းတွင် ရန်ကုန်သို့ ၄နာရီ မြတ်မန္တလာထွန်းကားဖြင့် ခရီးဆက် မည်ဖြစ်၍ တက္ကသိုလ် အနောက်ဘက် တွင်ကပ်လျက်ရှိသည့် အောင်မြေသာစံချောင်မှ ဆရာကြီး ဒေါ်ဝိလာသီမှ ဆွမ်းလာဘုဉ်းပေးဖို့ ဖိတ်ထားသော ကြောင့် နေ့ဆွမ်းကိုတော့ နောင်တော်ကြီးနှင့်အတူ ကြွကာ ချီးမြောက်လိုက်သည်။

From Sin Phyu Kyaun

ဒေါ်ဝိလာသီချောင်သည် မနက်ဖြန် စစ်ကိုင်းကို နေကတည်းက အချိန်မရွေး ၀င်ထွက်ကာနေ သည့် တည်ခိုစရာ စားသောက်စရာ နေရာလေးတစ်ခုပါ။ အတော်ပင် ကျေးဇူးများပါသည်။ မနက်၏ မိဘဆွေမျိုးများ စစ်ကိုင်းကို အလည်လာကြတိုင်း အောင်မြေသာစံချောင်မှာပင် တည်ခိုစားသောက်ကြသည်။ ယခုလည်း မနက်ဖြန်တို့ကို ခရီးသွားမည့်နေမှာပင် နေ့ဆွမ်းဖြင့် ဧည့်ခံလိုက်သေးသည်။

ရွှေမင်းကန် ငပိချက်နှင့် အတို့မျိုးစုံ၊ ပဲပြားကြီးပြုတ်ပြီး ပဲဆီမွေးမွေးဆမ်းကာ ထမင်းပူပူကို ချဉ်ရေနှင့် ဘုဉ်းပေးရ သည်မှာလည်း ယခုပင် မြင်ယောင်မိ၍ စားချင်သည့်စိတ်များပင်ဖြစ်သယောင်ယောင်ပါပဲ။ ညနေပိုင်းတွင်လေး နာရီကားဖြင့် မနက်ဖြန်တို့ ခရီးဆက်လိုက်သည်မှာ နောက်တရက် မနက်စောစော ရန်ကုန်ကို ၃-၃၀ခွဲတွင် ရောက်ခဲ့သည်။

ဟိုတစ်ချိန်က ရန်ကုန် မန္တလေးခရီးစဉ်သည် မနက်မိုးစင်စင်လင်းမှသာ ရန်ကုန်ကို ဆိုက် ရောက်လေ့ရှိသည်။ ယခုတော့ နေပြည်တော် ဖြတ်လမ်း အဝေးပြေးမှ ပြေးဆွဲရသောကြောင့် အတော်ပင် ခရီးသည်တိုသွားတော့ သည်။ ကားသမားများ ပြောအရ ၈-နာရီလောက်သာ မောင်းရသည်ဟုဆိုသည်။

ဘာပြောပြော မြန်မာပြည်မှာရှိသည် ကားလမ်းများတွင် ယခုအဝေးပြေးလမ်းမကြီးသည် အတော်ပင် ကောင်းပါ သည်။ မနက်ဖြန်တို့ ရန်ကုန်တွင် ကြားတောရလမ်းတွင်ရှိသည် မင်းကွန်းတောရကျောင်းတွင် အနားယူကာ နေ့ဆွမ်းစားပြီးအတွင် ရွှေတိဂုံစေတီတော်ကို သွားရောက် ဖူးမျှော်ခဲ့သည်။ ညနေပိုင်းတွင် မနက်ဖြန်တို့ မပြီးဆုံးသေးသော ခရီးအတွက် ညနေ ၅ နာရီကားဖြင့် ဆင်ဖြူကျွန်းသို့ ခရီးဆက်ခဲ့ကြသည်။ ဤခရီးတွင် မနက်ဖြန် နောင်တော်ကြီး ရဟန်းအမ ဒေါ်ပိုက် ကျောင်းဆရာမကြီး ဒေါ်ခင်ကြား စုစုပေါင်း လေးယောက် အဖွဲ့ဖြစ်သည်။

အေးချစ်မြိုင်ကားဖြင့် အဝေးပြေးကားဖြင့် ထွက်လာခဲ့ရာ မနက်ဖြန်တို့စီးလာသော ကားသည် သဘာဝ အဲယား ကွန်းများဖြင့် အီးရောအီရော ဘေးယိမ်း ညာယိမ်ဖြင့်မောင်းနှင်းလာခဲ့သည်။ တိုက်ကြီးမြို့အလွန်တွင် မှန်ဖွင့်ကား (မှန်မလုံပါ) ကြီးသည် ရှေးသို့မတိုးပဲ ရပ်နေသဖြင့် မိနစ် သုံးဆယ်ကြာသွားသည်။

ကားသမားများ ဟိုပြင်ဒီနှိုက်လုပ်သဖြင့် ပြန်အဆင်ပြေကာ မညီမညာသော ပြေလမ်းကားမ ပေါ်တွင် တဖြေးချင်း ခရီးနှင့်ခဲ့သည်။ ၉ နာရီလောက်တွင် ပြည်မြို့သို့ဝင်လာခဲ့သည်။ မနက်ဖြန်တို့စီးလာသော ထိုကားကြီးသည် ဆီဖြည့်မည်ဟုဆိုကာ ရပ်လိုက်သည့်အချိန်မှစ၍ အိပ်သွားသည်မှာ နောက်ရက် မနက် ၈နာရီထိုးသည့်အထိပင်။

ရာသီဥတုက ပူပူ၊ ခြင်ကကိုက်၊ ဘာအလင်းရောင်မှ မရှိ စိတ်ညစ်ညစ်နှင့် ကားပြင်လို့ပြီးသည့် အချိန်ကိုစောင့် ရင်း ထိုင်ခုံပေါ်မှာ အိပ်လိုက်တာ မနက်မိုးလင်းသည့်အထိပါပဲ။ မြန်မာပြည်၏ ခရီးသယ်ယူပို့ဆောင်ရေး Service ကတော့ စံထားလောက်အောင်ပါပင်။ ကားသမားများ သည် ခရီးသည်များ၏ အချိန်နှင့် ခရီသည်များ၏ ငွေများကို လိမ်ညာယူကြ၏။

အဆင်ပြေအောင် မည်သို့လုပ်ပေးမည်ကို မစဉ်းစားကြပေ။ အမိမြေ၏ ခရီးသွားရသည့်အခြေ နေကို အရမ်းပင် စိတ်ကုန်သွားခဲ့သည်။ နောက်ရက် မနက်မိုးလင်းလျှင် ခရီးအဆုံးကို ရောက်ရမည် မနက်ဖြန်တို့ခရီးသည် ထိုနေ့ ည ၈နာရီမှသာလျှင် ဆင်ဖြူ ကျွန်းသို့ရောက် တော့၏။ ကားနာမည်ကတော့ အေးချစ်မြိုင်ဟု ရေးထားသည်။ ခရီးသွားများကတော့ မကျေမနပ်နှင့် ပြောကြဆိုကြဖြစ်နေရာ လူငယ်တစ်ယောက်က အေးချစ်မြိုင် မဟုတ်ဘူးဗျ အေးချမ်းမေဖြစ်နေတာပါဗျာ ဟု ရီစရာပြောသဖြင့် တ၀ါးဝါးရီလိုက်ရသေးသည်။

ဘာပြောပြော ည ဂနာရီအမှောင်ကျနေစဉ်မှာပင် ခရီးဆုံးကိုရောက်သဖြင့် အနားယူဖို့ ရောက် သည့်နေရာကို ရောက်ရောက်ချင်း ဆရာဝန်ခေါ်၍ ဆေးသွင်းယူရတော့သည်။ နောက်ရက် မိုးလင်းလျှင် မင်းဘူးနှင့်ရွှေစက် တော် ဘုရားဖူးသွားရမည်ဖြစ်သည်………………

အကောင်းဆုံး Service ပေးနိုင်ခဲ့သည့် အေးချမ်းမေ (အေးချစ်မြိုင်) အမြန်ယဉ်ကြီး
From Sin Phyu Kyaun


စစ်ကိုင်း သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ရှေ့တွင် နောင်တော်ကြီးနှင့် နှမတော်
From Sin Phyu Kyaun


ဆရာကြီး ဒေါ်ဝိလာဦနှင့် ဆရာကြီး၏ မယ်တော်
From Sin Phyu Kyaun


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP