* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, May 8, 2009

အလှူပေးခြင်း၌ အာနိသင်ငါးမျိုး...

ဒါနာနိသံသသုတ် -

ရဟန်းတို့ အလှူပေးခြင်း၌ အာနိသင်တို့သည် ဤငါးမျိုးတို့တည်း။

အဘယ်ငါးမျိုးတို့နည်းဟူမူ-

၁... လူများစွာတို့ ချစ်ခင်မြတ်နိုးကြ၏။
၂... ငြိမ်သက်သော စိတ်နှလုံးရှိသည့် သူတော်ကောင်းတို့ ချဉ်းကပ်ကြကုန်၏။
၃... ကောင်းသော ကျော်စောသံသည် ပျံ့နှံ့၍ ထွက်၏။
၎... လူတို့ အကျင့်တရား (ငါးပါးသီလ) မှ မကင်းကွာနိုင်။
၅... ခန္ဓာကိုယ် ပျက်စီး၍ သေပြီးမှ နောက်၌ ကောင်းသော လားရာ နတ်ပြည်သို့ ရောက်ရ၏။

ရဟန်းတို့ အလှူပေးခြင်း၌ အာနိသင်တို့သည် ဤငါးမျိုးတို့တည်းဟု မိန့်တော်မူ၏။

သူတော်ကောင်းတို့၏ တရားသို့ အစဉ်လိုက်၍ အလှူပေးသောသူကို ချစ်ခင်ကြ ၏။ ကိုယ်နှုတ်နှလုံးကို စောင့်သုံးလျက် မြတ်သောအကျင့်ကို ကျင့်သုံးကြကုန် သော သူတော်ကောင်းတို့သည် ထိုသူ့ထံသို့ အခါခပ်သိမ်း ချဉ်းကပ်ကြကုန်၏။ ထို သူတော်ကောင်းတို့သည် (ပေးလှူတတ်သော) ထိုသူအား ဆင်းရဲဒုက္ခ အလုံးစုံကို ဖျက်ဆီးတတ်သော မြတ်သောတရားကို ဟောကြားကုန်၏၊ ထိုသူသည် ဤ လောက၌ ယင်းတရားကိုသိ၍ အာသဝေါကင်းလျက် ပရိနိဗ္ဗာန်ပြုရလေသတည်း။
35

၅ - ဒါနာနိသံသသုတ်၊ သုမန၀ဂ်၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္တိုရ်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP