သြ၀ါဒ
ရေကန်၌ မှော်ကိုဖယ်၍ သောက်ရေခပ်ရသည်။
မသူတော်၌ အပြစ်ဖယ်၍ ဂုဏ်ကောင်းရှာရသည်။
တုံးတံတားလျှောက်စဉ် အရပ်တပါး မကြည့်နဲ့၊ ချောက်သို့ ကျလိမ့်မည်။
သံသရာ တံတားလျှောက်စဉ် သူတပါးအပြစ် မကြည့်နဲ့၊ သံသရာချောက်သို့ ကျလိမ့်မည်။
ပန်းပဲဆရာ အထုမခံရသော သံတုံး၊ လက်နက် မဖြစ်။
ကျောက်ဆစ်ဆရာ အဖြတ်မခံရသော ကျောက်တုံး အရုပ်မဖြစ်။
ဆရာကောင်း အဆုံးအမ မခံရသော တပည့် သူကောင်း မဖြစ်။
( ပထမရွှေကျင်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇာဂရ )

0 comments:
Post a Comment