* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, May 8, 2009

ပထမရွှေကျင်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇာဂရ

ပထမရွှေကျင်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇာဂရသည် ရွှေဘိုမြို့တောင်ဘက် ခရီး ၆-တိုင်ကွာ လှတောကြီး ၅-ရွာအ၀င် ရွှေကျင်ရွာ၌ ၁၁၈၄-ခု၊ ၀ါဆိုလပြည့်ကျော် ၁၂-ရက်၊ အင်္ဂါနေ့ ( ၁၈၂၃ ) တွင် ဖွားမြင်တော်မူသည်။ အဖမှာ ဦးမောင်+အမိမှာ ဒေါ်မယ်မိ တို့ဖြစ်သည်။


အသက် ၁၄-နှစ်အရွယ်တွင် ရှင်သာမဏေပြုပီးနောက် အသက် ၂၀-တွင် ရဟန်းအဖြစ်သို့ ရောက်တော်မူသည်။ အမြို့မြို့ အရွာရွာရှိ ဆရာတော်ကြီးများထံတွင် ပိဋကတ်ကျမ်းဂန်တို့ကို လေ့လာသင်ယူခဲ့ပါသည်။ မြန်မာ၊ ပါဠိ၊ စာပေကျမ်းဂန်တို့ကိုသာမက ဗင်္ဂါလီ၊ နာဂရီ၊ သက္ကတစာပေကျမ်းဂန်များကိုပါ တတ်မြောက်တော်မူသည်။

စာသင်သားတို့အား စာပေပို့ချရုံမက ကျမ်းပေါင်း ၃၀-ကျော်ကိုလည်း ပြုစုတော်မူခဲ့သည်။ တောရဆောက်တည်၍ ကမ္မဋ္ဌာန်းတရား အားထုတ်ခြင်းလည်း ပြုခဲ့သည်။ သာသနာတော် သန့်ရှင်းစည်ပင်မှုကို အလေးထား ဆောင်ရွက်တော်မူသည်။ ဆရာတော်၏ ဦးဆောင်မှုဖြင့် မြန်မာပြည်သာသနာ၌ ရွှေကျင်ဂိုဏ်း-ဟု သာသနာဂိုဏ်းကြီး တဂိုဏ်း ပေါ်ထွက်လာခဲ့သည်။ ဆရာတော်ကြီးအား မင်းတုန်းမင်းနှင့် သီပါမင်းတို့က အထူးဆည်းကပ် ကိုးကွယ်ကြသည်။ သီပေါမင်းက ၁၂၄၄-ခု တပေါင်း ( ၁၈၆၃-မတ်လ ) တွင် ဆရာတော်ကြီးအား ဇာဂရာဘိဓဇ သာသနပါလ ဓမ္မသေနာပတိ မဟာဓမ္မရာဇာဓိရာဇဂုရု-တံဆိပ်တော် လှူဒါန်း ဆက်ကပ်ခဲ့သည်။

ဆရာတော်ကြီးသည် ၁၂၅၅-ခုနှစ် တပေါင်းလပြည့်ကျော် ၇-ရက် ( ၂၇-၃-၁၈၉၄ ) သက်တော် ၇၂-နှစ်၊ ၀ါတော် ၅၂-၀ါအရတွင် ဧရာဝတီမြစ် အနောက်ဘက် မင်းကွန်းငွေတောင်တောရ၌ ပျံလွန်တော်မူခဲ့သည်။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP