* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, July 9, 2011

နာမည္မ်ားရဲ့ ပုိင္စုိးမႈ

(၁)
နတ်သားတစ်ပါးက ဘုရားရှင်ကို လျှောက်တယ်။ လောကမှာ အရာအားလုံးကို ပိုင်စိုးထားတဲ့ အရာဟာ ဘာပါလဲတဲ့။ ဒီတော့ ဘုရားရှင်က ပြန်ဖြေတယ်။ အမည်နာမတဲ့။ သက်ရှိသက်မဲ့ အရာခပ်သိမ်း အမည်နဲ့ မကင်းကြဘူးတဲ့။

တလောက ဂင်္ဂါဆိုတဲ့နာမည်လေးကို နှစ်သက်မိကြောင်း သူငယ်ချင်းတစ်ယောက်ကို စကားစပ်မိရာက ပြောပြဖြစ်တယ်။ ဒါပေမယ့် အဲဒီနာမည်ကို ဓမ္မနဲ့ ပေါင်းစပ်ပြီးတော့ ဓမ္မဂင်္ဂါဆိုတဲ့နာမည်နဲ့ အသွင်သွင်စီးပြနေတာကို ဘလော့လောကမှာ ရင်းနှီးနေကြတယ်။

သူငယ်ချင်းကပြောတယ်။ အဲဒီနာမည်ကို မင်းကြိုက်တယ်ဆိုရင် ဓမ္မဂင်္ဂါနဲ့ နာမည်တူလည်းမဖြစ်အောင်၊ မင်းကြိုက်တဲ့ ဂင်္ဂါဆိုတာလည်းပါရအောင်၊ အဓိပ္ပါယ်လည်း သီးခြားကလေးဖြစ်သွားရလေအောင် "အဓမ္မဂင်္ဂါ"လို့ ပေးလိုက်ပေါ့တဲ့။ ဓမ္မဂင်္ဂါနဲ့ “အ” အက္ခရာလေးတစ်လုံးပဲ ခြားနားသွားတာပါ။ ဒါပေမယ့် ဓမ္မရှေ့က “အ” က နာမည်အတိုင်း တကယ်ပုံဖော်လိုက်ရင် ဘုန်းဘုန်းဒေ၀ဒတ်တို့စီ အရောက်ပို့မယ့် “အ”

(၂)
လွန်ခဲ့တဲ့ ခြောက်နှစ်လောက်တုန်းကပါ။ ဒကာမတစ်ယောက်က သူ့သမီးလေးအတွက် အမည်ရွေးပေးဖို့ နားပူနားဆာလာလုပ်တယ်။ ဒါနဲ့ တတ်သလောက်၊မှတ်သလောက် ဆန်ဂိုဏ်းတွေဘာတွေနဲ့ တွက်ချက်ပြီးတော့ ပေးလိုက်တယ်။ အခု ပေးလိုက်တဲ့နာမည်နဲ့ သူတို့ခေါ်နေကြတဲ့နာမည်က တခြားစီဖြစ်နေတယ်။ “ဂျူးဂျူး”တဲ့။ ဘယ်လိုအဓိပ္ပါယ်လဲတော့ မသိဘူး၊ ဂျူးဂျူးတစ်နှစ်လောက်ရှိတော့ အမေက ညီမလေးတစ်ယောက် မွေးပေးလိုက်ပြန်တယ်။ ညီမလေးက အင်္ဂါသမီလေးပါဖြစ်နေတာမို့ “ဇူးဇူး”လို့ သူတို့ ခေါ်ကြပြန်တယ်။ နောက်အိမ်နားနီးချင်း တစ်ယောက်က သမီးလေး တစ်ယောက်မွေးလိုက်ပြန်ရောလား။ သူ့ကိုကျတော့ သူ့အဖေက အမြဲတိုင်းလိုလို အရက်မူးမူးနေတတ်တာမို့ “မူးမူး”လို့ ချစ်စနိုးခေါ်ကြပြန်တယ်။ ညီမတတွေ ဂျူးဂျူး၊ ဇူးဇူး၊ မူးမူး ဆိုပြီး ခေါ်ရတာလည်းလွယ်၊ မှတ်ရတာလည်း လွယ်သွားတယ်။

(၃)
တခါက ဖိုးထောင်ဆိုတဲ့ လူငယ်တစ်ယောက်ရှိသတဲ့။ တနေ့မှာ ရန်ကုန်ကိုသွားရင်းနဲ့ သူငယ်ချင်းဖြစ်သူက ဖိုးထောင်ကို အခြားသူတွေနဲ့ မိတ်ဆက်ပေးလိုက်တယ်။

“သူက အေပရယ်ချစ်ကြည်တဲ့။ ဟိုဘက်က တစ်ယောက်က မေရွက်စိမ်းတဲ့။ ဘေးက ဂျူလှိုင်မို့မို့၊ နောက်တစ်ယောက်က ဇွန်ပွင့်ဖြူ၊ နောက်တစ်ယောက်က ဒီဇင်ဘာနှင်းဦးလို့ခေါ်တယ်”
နာမည်များရှေ့မှာ အင်္ဂလိပ်လနာမည်တွေ ထည့်ထည့်ပြီး ခေါ်ကြတာကို ဖိုးထောင်တစ်ယောက် သဘောပေါက်သွားတဲ့အခါ…

“ကျွန်တော်နာမည်လည်း မှတ်ထားကြပါ၊ သြဂုတ်ဖိုးထောင်လို့ခေါ်ပါတယ်”

မိတ်ဆက်ပေးတဲ့ နာမည်တွေက ကဆုန်ပွင့်၊ ၀ါဆိုမိုးဦးစသဖြင့် မြန်မာလတွေနဲ့သာ ပူးတွဲနေခဲ့ကြရင် ဖိုးထောင်တစ်ယောက် သူ့ရဲ့ နာမည်ရှေးက တပိုးတွဲတွေ၊ တော်သလင်းတွေများထည့်ပြောလေအုံးမလား။

မော်ကွန်းသစ်

9:10pm, 7.7.2011

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP