* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, July 9, 2011

*ဟန်အလုပ်နှင့် အမှန်သရုပ်*

ဟန်မရဘူးလေ၊ ဟန်တရားမှ မဟုတ်တာ..
လောကဓံအဆိုးကလည်းပဲ တကယ်လာတာ..
ကုသိုလ်ကလည်းပဲ တကယ်ရှိမှ တကယ်ကာနိုင်တာ..
ဟန်နဲ့ကာလို့ မရဘူးလေ..။

ကုသိုလ်ပြုရင် ဟန်မပါကြေး..၊ ဟန်မဆောင်ကြနဲ့..

ပဋ္ဌာန်းတော့ ရွတ်ပါတယ်၊ ဒါပေမယ့် စေတနာက ဘုရားကို တကယ်ချစ်တာ မပါဘူး၊ အန္တရာယ်ကင်းရေး ဆိုတော့ ကိုယ့်အတွက် အသုံးချတာ ဖြစ်နေပြန်တော့ ဟန်တရား ဖြစ်နေပြန်တယ်။

ဂုဏ်တော်တော့ ပွားပါတယ်၊ အလုပ်ရရေးဆိုပြီးတော့ စိတ်ကညွတ်တော့.. နှလုံးသွင်းတဲ့ အမျိုးအစားက အသုံးချတာ ဖြစ်နေပြန်တော့.. ဟန်တရား ဖြစ်နေပြန်တယ်။

ဘုရား ကတယ်ချစ်တဲ့စိတ်မှ မပါတော့ ဟန်တရားက လောကဓံကို မကာနိုင်ဘူးလေ..။

(ယောဆရာတော်ဘုရား+ပိုင်းလော့ဆရာတော်ဘုရား)

အရင်ကတော့ မုန်တိုင်းတွေ တစ်လုံးပြီးတစ်လုံး လာတာ.. မြန်မာနိုင်ငံကို ကျော်သွားတယ်။ အဲ.. ဒီနှစ်တော့ ၀င်သွားပြီတဲ့.. (နာဂစ်ဝင်အပြီး တရားတစ်ပုဒ်မှာ ယောဆရာတော်ဘုရားက ခုလို ဆုံးမသတဲ့..)

ဟုတ်လိုက်လေ.. ဟန်တရားမှ မဟုတ်တာ..။

************************************************

လေးစားရိုသေစွာဖြင့်
ဖိုးသား

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP