* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, July 9, 2011

စောမယကောလိပ် (Somaiya College) Ph.D ကျောင်းသားများ

စောမယကောလိပ် (Somaiya College) Ph.D ကျောင်းသားများ အတွက် သိသင့်သည်ဟု ထင်၍ ဒီသတင်းပို့စ်ကို တင်လိုက်ရပါသည်။

ယခုနှစ်ပိုင်း ၂၀၁၀ နောက်ပိုင်း အိန္ဒိယနိုင်ငံရှိ တက္ကသိုလ်ကြီးတွေ အများစုမှာ စည်းမျဉ်းစမ်းကမ်းတွေ အပြောင်းအလဲကြောင့် Ph.D ကျောင်းသားတွေ အတွက် အခက်အခဲနဲ့ ကြုံနေရသည်။ ပူနေးတက္ကသိုလ်မှာ စာရေးသူ အမ်အေ M.A တန်း တက်စဉ်ကထဲက စဉ်းမျဉ်းစည်းကမ်းအသစ်တွေကြောင့် Ph.D အတွက် ကျောင်းသားတွေ ယောင်လည်လည်ဖြစ်နေသည်။ နဂိုကတော့ ပူနေးတက္ကသိုလ်တစ်ခုပဲလို့ ထင်လာခဲ့သည်၊ တကယ်တော့ တက္ကသိုလ်ကြီးအားလုံးမှာပဲ ဖြစ်နေဟန်တူသည်။ ၂၀၁၀ နောက်ပိုင်း တက္ကသိုလ်ရဲ့ ကျောင်းဝင်ကြေးတွေလဲ မြင့်လာသည်ကို တွေ့ရသည်။

စောမယကောလိပ်နှင့် Ph.D

စောမယကောလိပ်တွင် မြန်မာရဟန်းတော်အများစုသာ ဆန်းစခရစ် (Sanskrit) ဌာနနှင့် ပါဠိ (Buddhist study) ဌာနနှစ်ခုမှာပဲ Ph.Dအတွက် စာတမ်းပြုစုကြသည်။ ဆန်စခရစ်ဌာနရဲ့ စည်းကမ်းအသစ် တစ်ခုအကြောင်းကို စောမယကောလိပ်တွင် Ph.D အတွက် စာတမ်းရေးလိုသော အရှင်မြတ်များအတွက် သတင်းတစ်ပုဒ်အဖြစ် တင်ပြလိုက်ပါသည်။
၂၀၁၀ ခုနှစ်က Ph.D စာတမ်းအတွက် စာရေးသူနှင့်အတူ ထိုဌာနတွင် ၀င်ခွင့်ဖြေဆိုခဲ့ကြတဲ့သူတွေ အားလုံးရော၊ ၂၀၁၁မှ နောက်ပိုင်း Ph.D စာတမ်းရေးမည့်သူ အားလုံးအတွက် ဖြစ်သည်။

ဝင်ခွင့်ဖြေဆိုစရာမလိုသူများ
၁။ M.Phil ပြီးသူ (မည်သည့်တက္ကသိုလ်ကပဲဖြစ်ဖြစ်)
၂။ U.G.Cမှ ကျင်းပသော NET/ SET Examination အောင်ပြီးသူ
၃။ Ph.D အတွက် စာတမ်းပြုစုလိုသော နိုင်ငံခြားသား ကျောင်းသားများ နှင့်
၎။ အိန္ဒိယနိုင်ငံသား အသက် ၆၀ ပြည့်ပြီးသူ အားလုံးတို့သည် Entrance Examination (၀င်ခွင့်) စာမေးပွဲ ဖြေဆိုစရာ မလိုဟု စည်းမျဉ်းမှာ ဖော်ပြထားသည်။ နံပါတ် (၃) အရ စာရေးသူတို့အဖွဲ့သည် နိုင်ငံခြားသားများ ဖြစ်သည်အတွက် ၀င်ခွင့် ဖြေဆိုစရာမလို။ ၂၀၁၀ ကဖြေဆိုခဲ့သော ၀င်ခွင့်သည်လည်း တရားမ၀င်သလို ဖြစ်သွားသည်။

ထိုဝင်ခွင့်အစား နိုင်ငံခြားကျောင်းသားများအတွက် အမေရိကန်ဒေါ်လာ ၇၅ တန် အိန္ဒိယရူပီးငွေ (ယခုပေါက်ဈေး တစ်ဒေါ်လာ ၄၄.၃၄၀ ရူပီး ရှိသည်)၊ အိန္ဒိယကျောင်းသားများအတွက် ရူပီး ၁၀၀၀ ပေးသွင်းရမည့်အပြင် နုတ်ဖြေ သူတို့ခေါ် Open-Defense ပြုလုပ်ရမည်။ အပြင်ပ ဆရာများကို ခေါ်ယူပြီး ကိုယ့်ရဲ့ Synopsis ကိုပဲ မေးမည်ဖြစ်သဖြင့် ပြင်ဆင်ထားဖို့လိုသည်။ 2010 July လက စာရေးသူနှင့်အတူ ၀င်ခွင့်ဖြေခဲ့သော ကျောင်းသား အားလုံးနှင့် 75 ဒေါ်လာတန် ရူပီးများနှင့် ပတ်စပို့ကော်ပီ၊ B.A, M.A အောင်လက်မှတ် ကော်ပီနှင့် ပူးတွဲပြီး form မှာ ဖြည့်သင့်တာ ဖြည့်ပြီး ယခုနှစ် july 25 မတိုင်မီ စောမယကောလိပ်ရှိ ဆန်စခရစ်ဌာနတွင် တင်ရပါမည်။ August လ အစပိုင်းတွင် ထို Open-Defense ကျင်းပပေးမည် ဖြစ်သဖြင့် ထိုရက်တွင် စောမယကောလိပ် ဆန်စခရစ် ဌာန ၂၀၁၀၊ ၂၀၁၁ Ph.D Candidates အားလုံး စောမယကောလိပ်တွင် ရှိနေရမည်ဟု ဒါရိုက်တာမှ မေတ္တာရပ်ခံခိုင်းပါသည်။ ကျောင်းဝင်ကြေးများ အနည်းငယ်မြင့်တက်သွားသည်ကို ဒါရိုက်တာကြီးကလဲ သူမတတ်နိုင်ကြောင်း၊ တက္ကသိုလ်၏ ဒီနှစ်ထုတ်ပြန်သော စည်းမျဉ်းအသစ်ဟု ဆိုပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၈-၇-၂၀၁၁

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP