(၂၁) ကြိမ်မြောက် စာသင်သားရဟန်းတော်များအား လစဉ်လှူဒါန်းထောက်ပံ့မှု
(၂၁)ကြိမ်မြောက် စာသင်သားရဟန်းတော်များအား လစဉ်လှူဒါန်းထောက်ပံ့မှုကို အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် [International Theravada Buddhist Missionary University- ITBMY)] မှာ (Buddha Dhamma) တက်နေကြတဲ့ မြောက်ဥက္ကလာ၊ ဘုန်းကြီးလမ်း၊ ကမ္ဘာ့ဗုဒ္ဓ၀ိပဿနာဗိမာန်ကျောင်းတွင် သီတင်းသုံးနေထိုင်ကြသည့် စာသင်သားရဟန်းတော်တို့အား (၂၁)ကြိမ်မြောက်အလှူတော်ကို ၅.၆.၂၀၁၁ ရက်နေ့တွင် ထေရဝါဒ ဗုဒ္ဓဘာသာ လူငယ်များအသင်းမှ အကျိုးဆောင်၍ သွားရောက်လှူဒါန်းခဲ့ကြပါသည်။ ယခုအလှူသည် စာသင်သားရဟန်းတော်များ (၂၀၁၁-၂၀၁၂)ပညာသင်နှစ်စ အလှူဖြစ်ပြီး ယခုနှစ်တွင် စာသင်သားရဟန်းတော် ၂၉ ပါးရှိပါသည်။ (၂၂)ကြိမ်အလှူတော်တွင် ရဟန်းတော်များက စာတမ်းများ အတွက်သုံးရန် A4 စက္ကူထုပ် အလှူခံထားသည့် အတွက် သီးသန့် အလှူ ရှင်များအနေဖြင့် လှူဒါန်းနိုင်ပါကြောင်း သတိပေးနှိုးဆော်လိုက်ပါတယ်ခင်ဗျာ။
သာဓုအနုမောဒနာခေါ်ဆိုနိုင်ရန်အတွက် အလှူရှင်များအားလုံးနှင့် အသင်းသားအားလုံးကို ဖော်ပြလိုက်ပါတယ်ခင်ဗျာ။ အများသူငှါ သာဓုခေါ်နိုင်ရန်လည်း အလှူမှတ်တမ်းဓာတ်ပုံများနဲ့ ဘောင်ချာများကိုလည်း ဖော်ပြလိုက်ပါသည်။ အားလုံးသော ဓမ္မမိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ညီညွတ်ချမ်းသာပြီး အများအကျိုး အစဉ်သယ်ပိုး ရွက်ဆောင်နိုင်ကြပါစေ။
စာသင်သား ရဟန်းတော်များအား (၂၁)ကြိမ်မြောက် အလှူတော်အတွက် အလှူငွေစာရင်း၊ လှူဖွယ်ပစ္စည်းများ စာရင်းနှင့် စာသင်သား ရဟန်းတော်များ စာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်-
စာသင်သားရဟန်းတော်များအား အကြိမ်(၂၁)မြောက်လှူဒါန်းခဲ့သော လှူဖွယ်ပစ္စည်းစာရင်း
(၁) တောင်ပျံပေါ်ဆန်းရှယ် ၃ အိတ် ( ၃ x ၃၁၅၀၀) = ၉၄၅၀၀ ကျပ်
(၂) ပဲဆီ ၁၀ ပိဿာဗူးကြီး ၁ ဗူး ( ၁ x ၄၅၀၀၀) = ၄၅၀၀၀ ကျပ်
(၃) ဆား ၆ ထုပ် ( ၆ x ၁၀၀) = ၆၀၀ ကျပ်
(၄) န၀ကမ္မ၀တ္တုငွေ = ၅၂၉၀၀ ကျပ်
(၈) မင်္ဂလာဒုံဈေးမှကျောင်းအထိ ကားငှါးခ(အပြန်ခအပါ) = ၇၀၀၀ ကျပ်
အလှူအတွက်အသုံးပြုခဲ့သည့် စုစုပေါင်းအလှူငွေ = ၂၀၀၀၀၀ ကျပ်
မှတ်ချက်။ (၂၁)ကြိမ်အလှူတွင် ရဟန်းတော်များ နယ်များမှအပြန် ကြက်သွန်နှင့်ပဲများ နယ်မှပါလာကြသည့်အတွက် ဆန်နှင့်ဆီ အဓိကထား လှူဒါန်းခဲ့ပါသည်။

0 comments:
Post a Comment